Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ပြီးရင် ကျူးဘားအလှည့် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ ထရမ့်ပြော

အီရန်ပြီးရင် အမေရိကန်ရဲ့ စစ်ရေးအရ ပစ်မှတ်ထားတာ ခံရမယ့် နိုင်ငံဟာ ကျူးဘား ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

ဓာတ်ပုံ - Reuters

အီရန်ပြီးရင် အမေရိကန်ရဲ့ စစ်ရေးအရ ပစ်မှတ်ထားတာ ခံရမယ့် နိုင်ငံဟာ ကျူးဘား ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ ထရမ့်က အမေရိကန်နဲ့ ကျူးဘားတို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး နှစ်ဖက်စလုံး လက်ခံနိုင်မယ့် သဘောတူညီမှု တစ်ခုခု မကြာခင် ရရှိလာမယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ အဆင်မပြေရင်လည်း လုပ်စရာရှိတာကို အမေရိကန်က ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

ကျူးဘားဖက်ကလည်း အမေရိကန်နဲ့ သဘောတူညီမှုတစ်ခု ရယူဖို့ လိုလားနေကြောင်း၊ သိပ်မကြာခင်မှာတော့ အမေရိကန်ကလည်း သဘောတူညီမှု တစ်ခုရနိုင်မလား၊ လုပ်စရာရှိတာကို ဆက်လုပ်ရမလားဆိုတဲ့ ရွေးချယ်မှုအတွက် အဖြေတစ်ခုခု ရလာမယ်ဆိုတာ သေချာ သဘောပေါက် နားလည်ထားကြောင်း၊ လောလောဆယ်မှာတော့ ကျူးဘားနဲ့ စကားပဲ ပြောနေသေးပြီး ကျူးဘား မတိုင်ခင်မှာ အီရန်က ကိစ္စတွေကို အရင်ဖြတ်ဖို့ လိုနေကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

ဖလော်ရီဒါပြည်နယ် ကမ်းလွန်မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံဟာ ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေပြီး အမေရိကန်နဲ့ ခါးသီးတဲ့ ဆက်ဆံရေးမျိုး ကာလရှည်ကြာ ရှိခဲ့ပါတယ်။ အမေရိကန်မှာ သမ္မတ ဘာရတ်အိုဘားမား လက်ထက်တုန်းက ကျူးဘားနဲ့ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ပေမယ့် ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းမှာ အဲဒီ ဆက်ဆံရေးကို ဖြတ်တောက်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျူးဘားဟာ အမေရိကန်ရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ကြုံနေရတဲ့အပြင် နိုင်ငံရဲ့ အဓိက ဘဏ္ဍာရေးနဲ့ လောင်စာဆီ အထောက်အပံ့ ရင်းမြစ်ဖြစ်တဲ့ ဗင်နီဇွဲလားရဲ့ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အမေရိကန်က အင်အားသုံး ဖယ်ရှားလိုက်တဲ့နောက် ဆယ်စုနှစ် တော်တော်များများအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မတ်လ ၁၃ ရက်နေ့တုန်းကတော့ ကျူးဘား သမ္မတ မီဂွယ် ဒီယက်ဇ်ကာနဲလ်က အမေရိကန်နဲ့ ကျူးဘားကြား ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတာကို အတည်ပြုခဲ့ပြီး အဲဒီ စကားပြောဆိုမှုတွေရဲ့ ရည်ရွယ်ချက်ဟာ နှစ်ဖက်ကြား အမြင်ကွဲပြားမှုတွေကို မျက်နှာစုံညီ ညှိနှိုင်းမှုတွေကနေ အဖြေရှာဖို့ ရည်ရွယ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

နှစ်ရှည်လများ ခါးသီးခဲ့တဲ့ နှစ်နိုင်ငံကြားမှာ ပဋိပက္ခတွေ ပေါ်ပေါက်မလာအောင် အဲဒီ ဆွေးနွေးမှုတွေက ဖြေရှင်းပေးဖို့ မျှော်လင့်ကြောင်းလည်း ဒီယက်ဇ် ကာနဲလ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထရမ့်ဟာ ကျူးဘားကို ထိုးနှက်တဲ့ သဘောထား မှတ်ချက်တွေလည်း မကြာခဏ ထုတ်ပြန်ခဲ့ပါတယ်။ သူက ကျူးဘား အစိုးရဟာ အလုံးစုံ ပြိုလဲလုနီးပါး ဖြစ်နေပြီလို့လည်း ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ ချစ်ကြည်ရင်းနှီးတဲ့ သဘောထားမျိုးနဲ့ ကျူးဘားကို သိမ်းယူလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒါမှမဟုတ် ချစ်ကြည်ရေးအရ သိမ်းယူတဲ့ ပုံစံမျိုး မဟုတ်တာလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်လို့ ထပ်ပြောခဲ့ပြန်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။