Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းဟောင်းမှာ နေပြည်တော်သွားတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တိုက်ခိုက်

ရန်ကုန် -မန္တလေးလမ်းဟောင်းကနေ နေပြည်တော်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန် -မန္တလေးလမ်းဟောင်းကနေ နေပြည်တော်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။

မတ်-၁၆၊ ၂၀၂၆။ မိုမို/Peoples Spring

ရန်ကုန် -မန္တလေးလမ်းဟောင်းကနေ နေပြည်တော်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။

မနေ့က(မတ်လ ၁၅ ရက်) နေလယ်ပိုင်းမှာ အမြန်လမ်းဟောင်း ကိုးပင်-အောင်လံဘက်ကနေ နေပြည်တော်ကို ဦးတည်သွားတဲ့ စစ်ယာဥ်တန်းကို တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာနဲ့ ကိုးပင်ကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့်မိုင်းထိတဲ့ယာဥ်ပျက်စီးခဲ့ပြီး ယာဥ်ပေါ်ပါတဲ့ စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ထပ်မံစုံစမ်း ဆဲလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီအတွင်းမှာလည်း တောင်တွင်းကြီးမြို့နယ်က အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၈)ရဲ့ ဗိုလ်ကြီးနဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ကားကို ကြားဖြတ်တိိုက်ခိုက်ခံရဖူးပါတယ်။

ဒါအပြင် နေပြည်တော် -တောင်တွင်းကြီးရထားလမ်းပိုင်းအနီးမှာလည်း စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာ လေးဦးသေပြီး လက်နက်တွေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်တပ်က တောင်တွင်းကြီး မြို့နယ်အရှေ့ခြမ်းကို အခုရက်ပိုင်းထဲမှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

အမြန်လမ်းဟောင်းမှာ နေပြည်တော်သွားတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တိုက်ခိုက် မတ်-၁၆၊ ၂၀၂၆။ မိုမို/Peoples…

Posted by People's Spring on Sunday 15 March 2026

ရုပ်သံ – ပေးပို့

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။