Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်က စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ် ထပ်မံတိုက်ခိုက်

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

မတ် ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၅ရက် နေ့လည်ပိုင်းမှာ ကနင်ကမော့ကျေးရွာအနီး အခြေပြု ရပ်နားနေတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းကို MSRF ပါဝင်တဲ့ မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ် တို့က တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဗုံးသီး (၆) လုံးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ဟု အသိပေးထားပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံး အခြေအနေကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဆင်ရေးမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ခွာစစ်ဆင်ခဲ့ဟုလည်း ဖော်ပြပါတယ်။

အခု စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုမှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်- ၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့က ဒရုန်းတပ်ဖွဲ့တွေ ပါဝင်ပါတယ်။ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်မှာတော့ MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)နဲ့ YGFအမှတ်(၈၀၀၁)ချေမှုန်းရေးတပ်ခွဲ တို့ ပူး‌ပေါင်းပါဝင်ခဲ့ဟု ထုတ်ပြန်ပါတယ်။

မွန်-တနင်္သာရီ ညီနောင်တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ လနဲ့ အခုမတ်လဆန်းမှာ မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ရက်နဲ့ မတ်လ ၁ရက်မှာ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်း နဲ့ သံဖြူဇရပ်မြိုနယ် ထင်းရှူးရဲစခန်းတိုကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ရက် ၊ ၂၂ရက်နဲ့ ၂၃ရက်တွေမှာလည်း မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ် အနင်းရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့သလို ရေးမြိုနယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။အဲဒီ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိသလို တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့ပါတယ်။

ရေးမြို့နယ်က စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ် ထပ်မံတိုက်ခိုက် မတ် ၇၊ ၂၀၂၆။ ထားမြတ်/People’s…

Posted by People's Spring on Saturday 7 March 2026

ရုပ်သံ – MSRF

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့