Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စျေးတက်လာလို့ F-35 တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အရေအတွက်ကို ဆွစ်ဇာလန်လျှော့ချ

စျေးတွေတက်လာတာကြောင့် အမေရိကန်လုပ် အဆင့်မြင့် တိုက်လေယာဉ်တွေကို မူလ လျာထားတာထက် အရေအတွက် လျှော့ပြီး ဝယ်ယူသွားမယ်လို့ ဆွစ်ဇာလန်က ကြေညာခဲ့ပါတယ်။

စျေးတွေတက်လာတာကြောင့် အမေရိကန်လုပ် အဆင့်မြင့် တိုက်လေယာဉ်တွေကို မူလ လျာထားတာထက် အရေအတွက် လျှော့ပြီး ဝယ်ယူသွားမယ်လို့ ဆွစ်ဇာလန်က ကြေညာခဲ့ပါတယ်။

ဆွစ်ဇာလန်ဟာ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေလို့ ညွှန်းဆိုခံရတဲ့ F-35 တိုက်လေယာဉ် ၃၆ စီးထိ ဝယ်ယူဖို့ မူလက စီစဉ်ထားခဲ့တာပါ။ F-35တွေမှာ အဓိက မျိုးကွဲသုံးခုရှိပြီး ဆွစ်ဇာလန် လေတပ်က ဝယ်ယူဖို့ စီစဉ်ထားတာကတော့ ပုံမှန် လေယာဉ်ပြေးလမ်းမျိုး လိုအပ်တဲ့ F-35Aတွေ ဖြစ်ပါတယ်။ ကျန်တဲ့ မျိုးကွဲနှစ်ခုကတော့ ထောင်လိုက် အတက်အဆင်း လုပ်နိုင်အောင်၊ လေယာဉ်တင်သင်္ဘောတွေမှာ အခြေစိုက်နိုင်အောင် တည်ဆောက်ထားတာပါ။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ပြီး ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်နည်းပညာ ပါဝင်တဲ့ ပဉ္စမမမျိုးဆက် တိုက်လေယာဉ် ၃၆ စီးကို ဝယ်ယူဖို့ လွှတ်တော်က ခွင့်ပြုထားတဲ့ ဘတ်ဂျတ်ဟာ လေယာဉ်တွေရဲ့ စျေးနှုန်း မြင့်တက်လာတာကြောင့် မလောက်ငှတော့ကြောင်း ကာကွယ်ရေးဝန်ကြီး မာတင် ပီဖစ္စတာက ဒီဇင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

လေယာဉ်တွေရဲ့ လက်ရှိ စျေးနှုန်းအရ ၃၆ စီးစာ အပြည့်အဝ ဝယ်ယူဖို့ဆိုရင် ဒေါ်လာ ၅၀၅ သန်းလောက် ထပ်မံ လိုအပ်မှာ ဖြစ်တယ်လို့ ပီဖစ္စတာက ဆိုပါတယ်။ မတ်လ ၆ ရက်နေ့မှာတော့ သူက ဆွစ်ဇာလန် အနေနဲ့ F-35A တိုက်လေယာဉ်တွေကို ၃၆ စီးအစား အစီး ၃၀ ပဲ ဝယ်ယူတော့မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဥရောပနိုင်ငံတွေက ကာကွယ်ရေး စွမ်းရည်ကို အရေးတကြီး မြှင့်တင်လာချိန်မှာ ဆွစ်ဇာလန်ကလည်း အမေရိကန်ဆီက အဆင့်မြင့် စစ်လက်နက်တွေ ဝယ်ယူ ဖြည့်တင်းဖို့ ကြိုးစားလာပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေရိကန် အစိုးရဟာ ယူကရိန်းကို ဦးစားပေး ပံ့ပိုးနေရတဲ့အတွက် Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်တွေ ဆွစ်ဇာလန်ဆီ တင်ပို့မယ့် ကိစ္စက လေးငါးနှစ်စာလောက် နှောင့်နှေးနိုင်ကြောင်း ဆွစ်ဇာလန်ဆီ အသိပေးခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဆွစ်ဇာလန်ဟာ နောက်ထပ် အရန်သဘောမျိုး လေကြောင်းကာကွယ်ရေး စနစ်တစ်ခုခု ဝယ်ယူဖြည့်တင်းဖို့ စဉ်းစားနေကြောင်း ပီဖစ္စတာက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စနစ်ကတော့ ဥရောပ နိုင်ငံတစ်ခုခု တည်ဆောက်တာမျိုး ဖြစ်ဖို့တော့လိုကြောင်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။