Hi, what are you looking for?
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကဇူလိုင်လ ၂၀ရက်နေ့မှာ မန္တလေးမြို့ လပခ နဲ့ ၁၅ မိုင်ဝန်းကျင်အကွာအဝေးမှာရှိတဲ့ မတ္တရာမြို့နယ်ထန်းပင်ကုန်းရွာ၊ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းရွာ၊ မြကန်သာရွာတွေကတပ်စခန်းတွေအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်းသေတ္တာ အများအပြားသိမ်းဆည်းရရှိတာကို ရှားရှားပါးပါးတွေ့ရပါတယ်။
ချင်းလက်နက်ကိုင်အချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန် အလှန် တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကိုစိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကို ဦးတည်စေသည့်လုပ်ရပ်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။