Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် သတင်းဌာနရဲ့ ဗီဒီယိုထဲမှာ တရုတ်အရာရှိကို ဂျပန်အရာရှိက ဦးညွှတ်နေပုံမျိုး ပါနေလို့ ဂျပန် ကန့်ကွက်

တရုတ် အရာရှိကို ဂျပန် အရာရှိက ဦးညွှတ်နေပုံမျိုး ပါဝင်နေတဲ့ ဗီဒီယို တစ်ခုနဲ့ ပတ်သက်လို့ တရုတ် အစိုးရ သတင်းဌာနကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

တရုတ် အရာရှိကို ဂျပန် အရာရှိက ဦးညွှတ်နေပုံမျိုး ပါဝင်နေတဲ့ ဗီဒီယို တစ်ခုနဲ့ ပတ်သက်လို့ တရုတ် အစိုးရ သတင်းဌာနကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုဟာ လက်ရှိ တရုတ်နဲ့ ဂျပန် တင်းမာနေမှုတွေကို ဖြေလျှော့နိုင်ဖို့အတွက် အခု သီတင်းပတ် အစောပိုင်းတုန်းက ဘေဂျင်းမြို့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူး ကိုယ်စားလှယ်နဲ့ ဂျပန်ရဲ့ အာရှဆိုင်ရာ ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးမှု အပြီးမှာ ရိုက်ကူးထားတာပါ။

တရုတ်ရဲ့ လျူကျင့်ဆောင်က ဂျပန်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်လာသူ မာဆာကီ ကာနိုင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သီးခြား သဘောတူညီမှု တစ်ခုခုတော့ မရခဲ့ပါဘူး။ ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိက တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူညီဖို့ တပ်တွေ စေလွှတ်ရလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အပေါ် တရုတ်အစိုးရက မကျေမနပ် တုံ့ပြန်ရာက နှစ်နိုင်ငံကြား ပြဿနာတွေ ရှိနေခဲ့တာပါ။

လောလောဆယ်မှာတော့ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ဂျပန်က ကြိုးစားနေပေမယ့် တရုတ်ကတော့ ပိုပြီး တင်းမာတဲ့ သဘောထားမျိုးတွေနဲ့ တုံ့ပြန်နေတာကြောင့် ပြေလည်မှု မရသေးပါဘူး။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရပိုင် CCTV သတင်းဌာနရဲ့ လူမှုကွန်ရက် မီဒီယာမှာ ဖော်ပြခဲ့တဲ့ ဗီဒီယိုမှာတော့ လျူရဲ့ စကားကို ကာနိုင်းက နားထောင်ဖို့ ခန္ဓာကိုယ်ကို ကိုင်းထားပေမယ့် ဦးညွှတ်သလို ပုံစံမျိုး ဖြစ်နေအောင် တမင် ပြသထားကြောင်း ဂျပန်ဖက်က ဝေဖန်ခဲ့ပါတယ်။

ဂျပန်ဆီက တရားဝင် ကန့်ကွက်မှုကို လက်ခံရရှိပြီးတဲ့နောက် CCTVက ဗီဒီယိုကို ပြန်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုထဲမှာတော့ အရာရှိ နှစ်ဦး ဆွေးနွေးမှုအပြီး လျူက ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ကို ထည့်ရင်း မတ်တပ်ရပ်နေတဲ့အချိန် ကာနိုင်းက သူ့ကို နည်းနည်း ဦးညွှတ်နေသလို ပုံစံ ဖြစ်နေဟန် တွေ့ရပါတယ်။

တရုတ်ဟာ ဂျပန် ဝန်ကြီးချုပ် တကအိချိရဲ့ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မှတ်ချက်က ရန်လိုမှု သဘောကို ဆောင်တယ်လို့ စွပ်စွဲပြီး ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားပေမယ့် ဂျပန် အစိုးရကတော့ ငြင်းဆိုထားပါတယ်။ အဲဒီနောက်ပိုင်း တရုတ်ဟာ ဂျပန်အပေါ် ကုန်သွယ်ရေး၊ စီးပွားရေး၊ သံတမန်ရေးအရာ ဆက်တိုက် ဖိအားပေးတဲ့ ခြေလှမ်းတွေ စတင်လာတာကြောင့် နှစ်ဖက်ကြား တင်းမာမှုတွေ ပေါ်ပေါက်နေပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။