Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို အပြီးသတ်နိုင်ရေး ထရမ့်နဲ့ အသေးစိတ် ဆွေးနွေးလိုကြောင်း ယူကရိန်း သမ္မတပြော

ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အသေးစိတ် ဆွေးနွေးလိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အသေးစိတ် ဆွေးနွေးလိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

လတ်တလောမှာတော့ ယူကရိန်းဟာ စစ်ရပ်စဲရေးအတွက် အမေရိကန်ဆီက အဆိုပြုချက် မူကြမ်းတစ်စောင်ကို လက်ခံရရှိထားပြီး ဖြစ်တယ်ဆိုတဲ့ သတင်းတွေက ဖော်ပြပါတယ်။ ပြီးတော့ အဲဒီ အဆိုပြုချက်ထဲမှာ ယူကရိန်း အနေနဲ့ နိုင်ငံပိုင်နက် နယ်မြေတချို့ကို စွန့်လွှတ်ပေးဖို့ ထရမ့်က တိုက်တွန်းထားတယ်လို့လည်း အမေရိကန် မီဒီယာ တချို့က ရေးသားကြပါတယ်။

အဓိက အချက်တွေအဖြစ် ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းက ဒွန်းဘက်စ် ပြည်နယ်ရဲ့ လက်ရှိ ထိန်းချုပ်ထားဆဲ နယ်မြေတွေကိုပါ ရုရှားဆီ လွှဲပေးဖို့၊ စစ်တပ် ဖွဲ့စည်းပုံကို လျှော့ချဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ဆီ ဝင်ရောက်ခွင့်ရရေး ဘယ်တော့မှ ထပ်ပြီး အားမထုတ်ဖို့ ဆိုတာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အဆိုမူကြမ်းထဲမှာ ယူကရိန်းရဲ့ ပါဝင်ပတ်သက်ခဲ့မှု ဘယ်လောက်ထိ ရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ သမ္မတ ထရမ့်ဟာ စစ်ရပ်စဲရေး ကြားဝင် ညှိနှိုင်းပေးမှုမှာ ရုရှားရော၊ ယူကရိန်းကိုပါ သာတူညီမျှ ဆက်ဆံခဲ့ကြောင်း မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးကတော့ လက်ရှိ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ လာမယ့် ရက်ပိုင်းတွေအတွင်း သူဟာ သမ္မတ ထရမ့်နဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ သူက အမေရိကန်က စစ်ရပ်စဲရေးအတွက် လိုလားတဲ့ အဆိုပြုချက်တွေကို တင်ပြခဲ့ပြီး သူကလည်း ယူကရိန်းဖက်က လိုလားမှုတွေကို တင်ပြခဲ့ကြောင်း၊ နှစ်ဖက် အကျေအလည် ဆွေးနွေးမှုတွေ လက်တွေ့ အထမြောက် အောင်မြင်လာအောင် ကြိုးစားဖို့လည်း သဘောတူထားကြကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

လီယာဗစ်ကတော့ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ ယူကရိန်းအတွက် အများကြီး အလျှော့ပေး လိုက်လျောဖို့ တွန်းအား ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းနိုင်စေဖို့ အဆိုတစ်ရပ်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုနဲ့ ဝန်ကြီးဌာနရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့ဟာ တစ်လလောက် အချိန်ယူ ရေးဆွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

လီယာဗစ်ကတော့ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ ရုရှားရော၊ ယူကရိန်း အတွက်ပါ ကောင်းမွန်တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကို နှစ်ဖက်စလုံးက လက်ခံသင့်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။