Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာရဲ့လက်တွေ့ကျတဲ့ပူးပေါင်းကူညီမှုတွေကိုသြစ​တြေးလျနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့​တွေ့ဆုံစဥ်​​ဒေါ်ဇင်မာ​အောင်တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးပန်နီဝေါင်းနဲ့တွေ့ဆုံပြီး နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ ပူးပေါင်း ကူညီမှုတွေကိုထည့်သွင်းတောင်းဆိုခဲ့ကြောင်းNUG က ထုတ်ပြန်ပါတယ်။

ဝန်ကြီးနှစ်ဦး​တွေ့ဆုံ​ဆွေး​နွေးစဥ်။ဓါတ်ပုံ-NUG

နိုဝင်ဘာ-၂၀၊၂၀၂၅။ People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးပန်နီဝေါင်းနဲ့တွေ့ဆုံပြီး နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ ပူးပေါင်း ကူညီမှုတွေကိုထည့်သွင်းတောင်းဆိုခဲ့ကြောင်းNUG က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ NUGရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဟွန်ပန်နီဝေါင်းက ဩစတြေးလျ လွှတ်တော်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

ဝန်ကြီးနှစ်ဦး တွေ့ဆုံမှုမှာ မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊ လူသားချင်း စာနာမှုရေးရာ လိုအပ်ချက်တွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး ကိစ္စတွေ၊ ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရည်မှန်းချက်တွေအကြောင်း ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့ကြတယ်လို့ NUGက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံမှာ ကြားကာလ အစိုးရ ဖွဲ့စည်းရေး ပြင်ဆင်မှုတွေ၊ ပြည်သူလူထု လုံခြုံရေးအတွက် အလေးပေး စဉ်းစားထားတာတွေ အပါအဝင် မြန်မာ့ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုတွေကို ဩစတြေးလျ ဝန်ကြီးကို မျှဝေ အသိပေးခဲ့သလို NUGရဲ့ အားထုတ်မှုတွေမှာ နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ ပူးပေါင်း ကူညီမှုတွေကို တောင်းဆိုခဲ့ပါတယ်။

ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ကြီးစိုးမှု လုံးဝ ပပျောက်သွားဖို့ အရေးတကြီး လိုအပ်တဲ့အကြောင်း၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု ထူထောင်ရေး NUGက ပြင်ဆင် ရေးဆွဲနေတဲ့ လမ်းပြမြေပုံ အစီအစဉ်တွေ အကြောင်းကိုလည်း ဝန်ကြီးဒေါ်ဇင်မာအောင်က အလေးပေး ပြောဆို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဩစတြေးလျဟာ အင်ဒို-ပစိဖိတ်ဒေသ အရေးကိစ္စတွေမှာ တက်တက်ကြွကြွ ဦးဆောင် ပါဝင်နေတဲ့ နိုင်ငံတစ်ခုအဖြစ် ဒေါ်ဇင်မာအောင်က အသိအမှတ် ပြုခဲ့သလို စည်းမျဉ်းဥပဒေတွေနဲ့အညီ နိုင်ငံတကာ အရေးကိစ္စတွေမှာ ပါဝင်နေမှု၊ လူ့အခွင့်အရေးဆိုင်ရာ ဘုံကျင့်ဝတ်တွေကို စောင့်ထိန်းမှုတွေအတွက်လည်း ချီးကျူးသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ​တွေ့ဆုံမှုနဲ့ပတ်သက်လို့ NUG နိုင်ငံခြား​ရေးဝန်ကြီးကိုဆက်သွယ်​မေးမြန်းဖို့ People’s Spring ကကြိုးစား​နေ​ပေမယ့်ဆက်သွယ်မရ​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။