Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူး​ပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ​ကိုအောင်စံရှားက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ရှိပြည်သူလူထုများ၏ လုံခြုံရေးအတွက် နယ်မြေရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက ယနေ့ (​မေ-၁၂) နံနက် ၁၀နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းသား၊ကျောင်းသူကလေးငယ် အနည်းဆုံး ၁၁ဦးသေဆုံပြီး ဒဏ်ရာရသူ ၅၀ဦးခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကဆရာမတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့်ချိတ်ဆက်ကာ အာရက္ခတပ်တော်(AA)ထံ ပူးပေါင်းသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဖြူး-အုတ်တွင်းလမ်းပိုင်းရှိ စစ်ကောင်စီအထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင် ၃၈၀၁၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများ၌ အခြေခံစားသောက်ကုန်စည် စီးဆင်းမှုကို စစ်ကောင်စီက ပို၍ တင်းကြပ်လာကြောင်းကုန်သည်နှင့်လုပ်ငန်းရှင်အချို့က လူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ကိုင်းငလျင်ကြီးဘေးအတွက် လူသားချင်းစာနာမှုအကူအညီများသည် နိုင်ငံရေးနှင့်စစ်လက်နက်အတွက် အသုံးပြုမှုမဖြစ်စေရန် WOA (Weaponization Of Aid)ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးကြရန် သွေးစွန်းငွေ အဖွဲ့က တိုက်တွန်းထားသည်။

Facebook