Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယအစိုးရကိုတိုက်နေသည့်ကသည်းလက်နက် ကိုင်အဖွဲ့ကိုက​လေးမှာ စစ်တပ်သင်တန်း​ပေး​

ကလေးမြို့နယ်ရှိ စစ်တပ်၏ အမှတ်(၁၀)တပ်မ​တော် တန်းမြင့်​လေ့ကျင့်​ရေးသင်တန်းကျောင်း (တကက-၁၀) တွင်အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် ကို စစ်တပ်ကသင်တန်း​ပေးနေကြောင်း စုံစမ်းသိရှိရသည်။

က​လေးနှင့် တမူးမြို့နယ်အတွင်းတိုက်ပွဲများတွင်စစ်တပ်ကို ကူတိုက်ခဲ့​သော အိန္ဒိယမှ ကသည်းလက်နက်ကိုင်အဖွဲ့ဝင် စစ်သုံ့ပန်း၊ တပ်ဖွဲ့ဝင်အချို့၏အ​ထောက်အထားများ။ ဓါတ်ပုံ-အမှတ်၁ စစ်​ဒေသ၊ KNO/KNA-B

စက်တင်ဘာ-၁၇၊၂၀၂၅။လူအေး/People’s Spring

ကလေးမြို့နယ်ရှိ စစ်တပ်၏ အမှတ်(၁၀)တပ်မ​တော် တန်းမြင့်​လေ့ကျင့်​ရေးသင်တန်းကျောင်း (တကက-၁၀) တွင်အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် ကို စစ်တပ်ကသင်တန်း​ပေးနေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိဖွင့်လှစ်ထားသောသင်တန်းတွင် အဆိုပါ ကသည်းလက်နက်ကိုင်အဖွဲ့မှအရာရှိက ၎င်း၏ ဇနီးကိုပါခေါ်ဆောင်လာပြီး တပ်ဖွဲ့ဝင် ၃၀ခန့်နှင့်အတူ သင်တန်းတက်နေခြင်းဖြစ်သည်ဟု မြို့ခံသတင်းရင်းမြစ်ကပြောသည်။

” အန္ဒိယအစိုးရကို တော်လှန်နေတဲ့အဖွဲ့ကို စစ်တပ်က သင်တန်းပေးနေတာ။ကသည်းတွေအနေနဲ့လည်းမလုပ်သင့်ဘူး။ရေရှည်ကိုကြည့်ဖို့လိုတယ်။ အခုကစစ်တပ်ထဲမှာမိသားစုလိုက်ရောက်နေပြီး သင်တန်းတက်နေတာ”ဟုမြို့ခံသတင်းရင်းမြစ်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

သင်တန်းတက်နေသောအဖွဲ့မှာကသည်းလက်နက်ကိုင်အဖွဲ့ -ULFAဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။သို့​သော် People’s Spring အ​နေဖြင့် စစ်တပ် သင်တန်းတက်​နေသူများမှာ ULFA အဖွဲ့မှလား ၊ အခြားကသည်းလက်နက်ကိုင်အဖွဲ့ဖြစ်​သော UNLF မှလားဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကလေးခရိုင်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်အားမေးမြန်းရာ ကသည်းလက်နက်ကိုင်အဖွဲ့ဝင်များကို တကက(၁၀)တွင် စစ်တပ်ကသင်တန်းပေးနေသည့်သတင်းရထားကြောင်း လည်းပြောသည်။

ကလေးမြို့နယ်အတွင်းယခုလပိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများတွင် ULFA အဖွဲ့မှ အိန္ဒိယနိုင်ငံသားများက စစ်ကောင်စီဘက်မှဝင်ရောက်တိုက်ခိုက်​ပေးခဲ့​ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက စက်တင်ဘာလ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂ ရက်နေ့ကကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် သုံ့ပန်း(၇)ဦးဖမ်းမိခဲ့ကြောင်းအမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားသည်။

ထိုနောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နောက်ဆက်တွဲတိုက်ပွဲသတင်းကို အမှတ်(၁)စစ်ဒေသက မထုတ်ပြန်သေးပေ။

စစ်ကောင်စီသည် အိန္ဒိယအအစိုးရကိုတော်လှန်နေသည့်လက်နက်ကိုင်အဖွဲ့များအနက်ကသည်းလက်နက်ကိုင်အဖွဲ့များအပြင် နာဂလက်နက်ကိုင်အဖွဲ့(NSCN-K)ကိုလည်းအသုံးပြု၍ အိန္ဒိယအစိုးရကို နိုင်ငံ​ရေးအရကစား​နေကြောင်းသတင်းရရှိသည်။

စစ်တပ်က အန္ဒိယအစိုးရကိုလည်းတိုက်ခိုက်​နေသည့် ကသည်းနှင့်နာဂသူပုန်တပ်ဖွဲ့များအားပြီးခဲ့သည့်ဩဂုတ်လက ခန္တီးခရိုင်မှတဆင့် ကလေးခရိုင်သို့ ရေကြောင်းမှပို့ဆောင်ခဲ့ပြီး တိုက်ပွဲများတွင်အသုံးပြုခဲ့ခြင်းဖြစ်​ကြောင်းအမှတ်(၁)စစ်ဒေသက အသိပေးထားသည်။

၂၀၂၄ခုနှစ် အောက်တိုလာလက တမူးမြို့နယ် ၊နန်မွန်းတာရွာ တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှကူတိုက်ခဲ့​သော အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးကို PDFများက အရှင်ဖမ်းမိခဲ့​သေသည်။ အမျိုးသားညီညွတ်ရေးအစိုးရက အဆိုပါ ကသည်းတပ်ဖွဲ့ဝင်ကို အိန္ဒိယအစိုးရထံ လွှဲအပ်ပေးခဲ့သည်။

ထိုအပြင်၂၀၂၃ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်၊ ကသည်းသူပုန် ၊ရှမ်းနီတပ် နှင့်ပျူ​စောထီးများပူး​ပေါင်းတပ်စွဲထား​သော တမူးမြို့နယ်​အောင်​ဇေယျ ရွာမှ စခန်းကို​တော်လှန်​ရေးတပ်များသိမ်းပိုက်စဥ် နှင့် ၂၀၂၄ ​မေလကုန်ပိုင်းကတမူးမြို့နယ်ရှိ ကသည်းသူပုန်များ၏ စခန်းများကို ​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။