Connect with us

Hi, what are you looking for?

သတင်း

အငှားစစ်မှုထမ်းသူ ၁ဦးအပါအဝင် စစ်ကောင်စီတပ်သားသစ် ၃ဦး KNLA တပ်ရင်း(၉)ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်ရင်း(၉)ထံ စစ်ကောင်စီတပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(စက်တင်ဘာ ၁၇ရက်) ထုတ်ပြန်သည်။

K.N.L.Aတပ်ရင်း(၉)ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားသစ် ၃ဦး။ ဓာတ်ပုံ − KNU

စက်တင်ဘာ−၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်ရင်း(၉)ထံ စစ်ကောင်စီတပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့(စက်တင်ဘာ ၁၇ရက်) ထုတ်ပြန်သည်။

စက်တင်ဘာ ၁၄ရက်ညနေပိုင်းက စစ်ကောင်စီတပ် ခလရ(၆၀)တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၃ဦးနှင့် ခမရ( ၅၉၀)တပ်ရင်းမှ တပ်သား ၁ဦးတို့ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အလင်းဝင်လာသူများသည် စစ်မှုထမ်း အပတ်စဥ်(၁၁) သင်တန်းဆင်များ ဖြစ်ကြောင်း၊ တပ်သား ၁ဦးမှာ ကျေးရွာကိုယ်စား သိန်း(၇၀)ဖြင့် အငှါး စစ်မှုထမ်းသူဖြစ်ပြီး‌ ကျန် ၂ဦးမှာ မတရားစစ်မှုထမ်းစုဆောင်းခံရသူများဖြစ်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူများ အနေဖြင့် လက်နက်ယူဆောင်လာနိုင်ခြင်းမရှိသော်လည်း အဝတ်အစားနှင့်စားသောက်စရာများ ထောက်ပံ့ပေးအပ် ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားဟု KNUက အသိပေးသည်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန်လည်း KNUက ထပ်မံ တိုက်တွန်းသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း လူငယ်လူရွယ်များကို နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးပြုလျက်ရှိရာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်များယူလာ၍ သော်လည်းကောင်း၊ လက်နက်မပါဘဲနှင့်သော်လည်းကောင်း အလင်းဝင်ရောက်မှုများ မကြာခဏ ရှိနေသည်။

စစ်ကောင်စီသည် အဓမ္မ စစ်သားစုဆောင်းသည့် နည်းဖြင့် အင်အားဖြည့်နေ၍ အရေအတွက်အင်အား ထိုက်သင့်သလောက်တိုးနေသည်မှာ မှန်သော်လည်း ၎င်းတို့အတွက် တိုက်ခိုက်ရေး အင်အား မည်မျှ ဖြစ်လာမည်ဆိုသည်ကို စောင့်ကြည့်ရန်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားပြီး သေချာသည်မှာ စစ်ကောင်စီတပ်မှ ထွက်ပြေးကာ တော်လှန်ရေးတပ်ဖွဲ့များထံ လူ၊ လက်နက် အားဖြည့်ပေးနေသူများ နေ့စဉ်နှင့်အမျှ ရှိဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။