Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ဆန္ဒပြ ကမ္ဘောဒီးယား ရွာသားတွေကို ထိုင်းရဲတွေက မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်တွေနဲ့ လူစုခွဲ

နယ်စပ်က နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ကျေးရွာတစ်ခုမှာ ဆန္ဒပြတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ထိုင်းရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ အသုံးပြုပြီး လူစုခွဲခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

နယ်စပ်က နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ကျေးရွာတစ်ခုမှာ ဆန္ဒပြတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ထိုင်းရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ အသုံးပြုပြီး လူစုခွဲခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်စဉ်ဟာ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံနှစ်ခုကြား နယ်စပ် အငြင်းပွားမှုကြောင့် ၅ ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လကုန်မှာ အပစ်အခတ် ရပ်စဲခဲ့တဲ့နောက်ပိုင်း နှစ်ဖက်ကြား အထင်ရှားဆုံး ပွတ်တိုက်မှုအသစ် ဖြစ်လာပါတယ်။

ထိုင်းရဲတွေနဲ့ ကမ္ဘောဒီးယား ဆန္ဒပြသူတွေကြား ပြဿနာ တက်ခဲ့ကြတာကို နှစ်နိုင်ငံစလုံးက အသီးသီး အတည်ပြုခဲ့ကြပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာကိုတော့ ထိုင်းအာဏာပိုင်တွေက ထိုင်းပိုင်နက် ဆာခိုပြည်နယ်ထဲက ဘနန်နွန်ယာကူ ကျေးရွာအပိုင်မှာလို့ ပြောပြီး ကမ္ဘောဒီးယားကတော့ နိုင်ငံပိုင်နက် ဘန်သေး မင်ချေး ပြည်နယ်ထဲက ပရေချန် ကျေးရွာအပိုင်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားဖက်က ကြေညာချက်မှာ ရွာသား ၂၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပါရှိပြီး ထိုင်းကလည်း အရာရှိတချို့ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာ တဝိုက်မှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ လကတည်းက သံဆူးကြိုးခွေတွေကို စည်းရိုးအဖြစ် ချထားခဲ့ပြီး ဒီလုပ်ရပ်ကို နှစ်ဖက်စလုံးက ဒေသခံတွေက ကန့်ကွက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ၈၁၇ ကီလိုမီတာ ရှည်လျားတဲ့ ကုန်းမြေ နယ်နိမိတ် ထိစပ်နေပြီး အရင်ကတည်းက ပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ရှိနေခဲ့ပြီးသားပါ။ ဇူလိုင်လမှာတော့ အဲဒီ တင်းမာမှုတွေဟာ စစ်ရေး ပဋိပက္ခအဖြစ် ပေါက်ကွဲခဲ့ပြီး နယ်စပ်မှာ အပြန်အလှန် တိုက်ခိုက်ကြရာက အနည်းဆုံး ၄၈ ဦး သေဆုံးပြီး လူသိန်းနဲ့ချီ ယာယီ စစ်ရှောင်ခဲ့ရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ ပြဿနာမှာတော့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး နက်သ်ဖိခ်ထရာက ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်ကို ကျူးကျော်ခဲ့ပြီး အရပ်သားတွေအပေါ်လည်း အလွန်အကျွံ အင်အားသုံးခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ထိုင်းဖက်ကတော့ ကမ္ဘောဒီးယား ဆန္ဒပြသူ ၂၀၀ လောက်ဆီက အလွန်အကျွံ ရန်စ ပြဿနာ ရှာခဲ့ပြီး တချို့က တုတ်တွေ၊ ခဲတွေ၊ လေးခွတွေနဲ့ ပစ်ခတ်လာတာကြောင့် လိုအပ်သလို တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။