Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးခဲ့သော CDMများ၏မိသားစုများအား ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDMကော်မတီ ထောက်ပံ့

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ခဲ့သည့် CDMနိုင်ငံ့ဝန်ထမ်းများ၏ မိသားစုအတွက် ထောက်ပံ့မှုအစီအစဥ်ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDMကော်မတီက စတင်ပြုလုပ်ခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၂၀၂၁ဖေဖော်ဝါရီ ၁၀ ရက်က ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်နေစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ−၁၇ ၊ ၂၀၂၅။ရဲခေါင်/People’s Spring

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ခဲ့သည့် CDMနိုင်ငံ့ဝန်ထမ်းများ၏ မိသားစုအတွက် ထောက်ပံ့မှုအစီအစဥ်ကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDMကော်မတီက စတင်ပြုလုပ်ခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကရင်နီပြည်ရှိ နိုင်ငံ့ဝန်ထမ်း CDM များကိုမှတ်တမ်းတင်နိုင်ရန်နှင့် ၎င်းတို့၏ မိသားစုထံသို့ တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးနိုင်ရန် ကြိုးစားခြင်းဟု ဆိုသည်။

“ကျဆုံး CDMတွေ အတွက်တော့ (ထောက်ပံ့မှု)ပထမအကြိမ်ပါ။လျှောက်လွှာ ၁၀ယောက်ကျော်ရှိပါပြီ”ဟု ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထောက်ပံ့မှုရန် အချက်အလက်များ ပေးပို့လျှောက်ထားလာသူများအနက်မှ CDM စာရင်း စီစစ်အတည်ပြုပြီး ကျဆုံး CDM အနေဖြင့် ပညာရေးဌာနနှစ်ဦး၊ကျန်းမာရေးဌာန တစ်ဦး၊စီမံကိန်းရေးဆွဲရေးဦးစီးဌာနတစ်ဦးနှင့် စည်ပင်ဌာနတစ်ဦးတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးသည်။

“အချက်အလက် ပေးပို့လာသော စာများထဲတွင် ကျဆုံးရတဲ့ အကြောင်းအရင်းများ ရေးပေးလာပါတယ်။ကျန်ရစ်သူများရဲ့ လုံခြုံရေးအရ အားလုံးတော့ မဖော်ပြပါဘူး”ဟု ကော်မတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်လက်၍ CDM သေချာစေရေး စီစစ်အတည်ပြုဆဲ လျှောက်ထားမှုများစွာရှိနေကြောင်းလည်းကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီက ထုတ်ပြန်ထားသည်။

သို့သော် မများသောပမာဏဖြင့်သာ ပံ့ပိုးနိုင်မှုအတွက် များစွာအားနာမိပြီး ဆက်လက် ကြိုးစားဆောက်ရွက်သွားမည်ဟုလည်း ကော်မတီက ဆိုသည်။

ယခုထောက်ပံ့မှုသည် ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီ၏ အဖွဲ့အစည်း ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းဖြစ်ပြီး ရန်ပုံငွေလက်ကျန်ပေါ်မူတည်၍ ကျဆုံးသွားသည့် ခုနှစ်အလိုက် ထောက်ပံ့ငွေများကို အဆင့်ဆင့်ပေးအပ်သွားမည်ဟုလည်း သိရသည်။

CDM များသည် တော်လှန်ရေး၏ ကျရာ နေရာအလိုက် ပြည်သူနှင့် တသားတည်းရပ်တည် နေမည်ဖြစ်ကြောင်းလည်း ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီက ကတိပြုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီပြည်နယ်၌ အကြမ်းမဖက်အာဏာဖီဆန်ခဲ့သည့် CDM နိုင်ငံ့ဝန်ထမ်းပေါင်း ၅,၆၀၀ ကျော်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။