Hi, what are you looking for?
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါတစုသည် ၎င်းတို့အာဏာတည်မြဲရေးတခုတည်းကိုသာရှေးရှုပြီး ပြည်သူလူထု၏ အခွန် ဘဏ္ဍာများကို ထင်သလို အသုံးပြုနေသလို အ ချို့သောနိုင်ငံများနှင့် နျူးကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကဲ့သို့သောလုပ်ငန်းစာချုပ်များချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမျှော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေကြောင်း NUG အစိုး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
နေသိပ်မပွင့်တဲ့မေလဆန်းရဲ့နေ့လယ်ခင်းတခုမှာ ကောင်းကင်ပြာပြာအောက်က ကျောင်းဆောင်လေးတခုနား လေပြည်ဟာ ခပ်ဖြေးဖြေးလေး တိုက်ခတ်နေတယ်။ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်နေလို့ တကျီကျီအော်မြည်သံနေတဲ့ ငှက်က လေးတွေရဲ့အသံတွေ ထွက်ပေါ်နေတယ်။ သာမန်အချိန်ဆိုရင်တော့ ကြည်နူးစရာကောင်းနိုင်ပေမဲ့ ဖွာလန်ကြဲနေတဲ့ ကျောင်းဆောင်လေးနဲ့ ကျောင်းရှေ့အလံတိုင်နား စုပုံထားတဲ့ ပိုင်ရှင်မဲ့လွယ်အိတ်လေးတွေကတော့မြင်သူတိုင်း ရင်နင့်သွားစေခဲ့တယ်။
တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။