Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော် အမတ်တွေကို ကားဝယ်ပေးမယ့်ကိစ္စ မကျေနပ်လို့ တီမောမှာ ဆန္ဒပြ

လွှတ်တော် အမတ်တွေအတွက် ကားတွေ ဝယ်ပေးမယ့် ကိစ္စကို မကျေနပ်ရာက အရှေ့တီမော နိုင်ငံမှာ ပြည်သူတွေက အုံကြွ ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - AFP

လွှတ်တော် အမတ်တွေအတွက် ကားတွေ ဝယ်ပေးမယ့် ကိစ္စကို မကျေနပ်ရာက အရှေ့တီမော နိုင်ငံမှာ ပြည်သူတွေက အုံကြွ ဆန္ဒပြခဲ့ကြပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာ အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ တီမောမှာ လွှတ်တော် အမတ်တွေကို တစ်ဦးစီအတွက် ကားတစ်စီးစီ ဝယ်ပေးဖို့ အစိုးရက စီစဉ်နေတဲ့အပေါ် လူထုက ဘယ်လိုမှ သဘောမကျနိုင်ပါဘူး။ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ မြို့တော် ဒီလီမှာရှိတဲ့ လွှတ်တော် အဆောက်အအုံနားမှာ အဲဒီကိစ္စကို မကျေနပ်တဲ့ လူ ၁၀၀၀ ကျော် စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့ရာက အခြေအနေတွေ ရှုပ်ထွေးသွားပြီး နှစ်ဖက်ကြား တင်းမာမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

လွှတ်တော်အမတ် ၆၅ ဦးအတွက် ကားတွေ ဝယ်ပေးဖို့ဆိုတဲ့ ကိစ္စကို ပြီးခဲ့တဲ့နှစ်က လွှတ်တော်မှာ ဆုံးဖြတ် အတည်ပြုခဲ့တာပါ။ အဲဒီကိစ္စကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို တက္ကသိုလ်ကျောင်းသား လူငယ်တွေက အဓိက ဦးဆောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့တီမောဟာ သယံဇာတတွေ ရောင်းချမှုအပေါ် အဓိက မှီခိုနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှု စံနှုန်းအဆင့်ထဲမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။

ဆန္ဒပြ တက္ကသိုလ် ကျောင်းသားတွေက လွှတ်တော် အမတ်တွေ အနေနဲ့ သူတို့အတွက် Toyota Prado ကားတွေ ဝယ်ယူပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကိုယ့်အသိနဲ့ကိုယ် ကန့်ကွက် ဖယ်ရှားပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

ဆန္ဒပြပွဲတွေဟာ အေးအေးချမ်းချမ်း အစပြုခဲ့ပေမယ့် ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲမှုကြောင့် အနည်းဆုံး ၄ ဦး ဒဏ်ရာရခဲ့သလို လွှတ်တော်တဝိုက်က ကားတွေလည်း ပျက်စီးခဲ့ပါတယ်။ ရဲတွေကတော့ အဲဒီ ပျက်စီးမှုအတွက် လျော်ကြေး စရိတ်ကို ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိသူတွေက ပေးလျော်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

တင်းမာတဲ့ အခြေအနေတွေ ဖြစ်လာတဲ့နောက် အရင်က အမတ်တွေအတွက် ကားတွေ ဝယ်ပေးရေး ကိစ္စကို ထောက်ခံထားခဲ့တဲ့ နိုင်ငံရေး ပါတီတချို့က အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ လွှတ်တော်ဆီ တင်ပြ အဆိုပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်အထက်လွှတ်တော်အဆောက်အအုံမှာ သေနတ်သံတွေ ကြားခဲ့ရသလို အဆောက်အအုံကိုလည်း စစ်သားတွေကပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

သတင်း

ဇန်နဝါရီ-၁၄၊၂၀၂၆။ ဟန်နွေ/People’s Spring အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CRHO)က ဇန်နဝါရီ ၁၂ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊...

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်ထဲမှာ ပြည်နယ်လွှတ်တော် အမတ်နဲ့ ခင်ပွန်းဖြစ်သူကို ပစ်သတ်သွားတဲ့ အမျိုးသားကို ရဲအင်အား ရာနဲ့ချီ အသုံးပြုပြီး မြေလှန် ရှာဖွေနေပါတယ်။

သတင်း

လက်ရှိ ရွေးကောက်ပွဲကော်မရှင်သည် စစ်တပ်အောက်၌ ရှိသည်ကို ပြောစရာပင်မလိုဘဲ စစ်တပ်အလိုကျ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။