Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ဟော့ပေါ့အိုးထဲ အပေါ့သွားခဲ့တဲ့ လူငယ်တွေ ဒေါ်လာ ၃ သိန်းကျော် နစ်နာကြေးပေးဖို့ တရားရုံး ဆုံးဖြတ်

တရုတ်နိုင်ငံမှာ ဟော့ပေါ့အိုးထဲ အပေါ့သွားခဲ့တဲ့ လူငယ်နှစ်ဦးကို လျော်ကြေး ဒေါ်လာ ၃ သိန်းကျော် ပေးဆောင်ဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

တရုတ်နိုင်ငံမှာ ဟော့ပေါ့အိုးထဲ အပေါ့သွားခဲ့တဲ့ လူငယ်နှစ်ဦးကို လျော်ကြေး ဒေါ်လာ ၃ သိန်းကျော် ပေးဆောင်ဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။

တရားရုံးက အဲဒီ လူငယ် နှစ်ဦးဟာ ကုမ္ပဏီ နှစ်ခုကို နစ်နာကြေး ယွမ်ငွေ ၂.၂ သန်း ပေးဆောင်ရမယ်လို့ စီရင်ချ ချခဲ့တာပါ။ အဲဒီ ငွေကြေးဟာ ဒေါ်လာ ၃၀၉၀၀၀ လောက်နဲ့ ညီမျှပါတယ်။

ဖြစ်ရပ်ကတော့ တရုတ်ရဲ့ အကြီးဆုံး ဟော့ပေါ့ဆိုင် လုပ်ငန်းစုကြီး Haidilaoရဲ့ ရှန်ဟိုင်းမြို့မှာရှိတဲ့ ဆိုင်ခွဲမှာ ဖေဖော်ဝါရီလတုန်းက ကြုံခဲ့တာပါ။ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက အရက်မူးပြီး သူတို့ လုပ်ထားတဲ့ ကိစ္စအကြောင်း ဗီဒီယိုကို လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့နောက် အကြီးအကျယ် ဝေဖန်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ညစ်ညမ်းနေတဲ့ ဟော့ပေါ့အိုးကို နောက်ဆက်တွဲ ဘယ်သူမှ အသုံးပြုမိခဲ့ကြောင်း အထောက်အထား မတွေ့ခဲ့ပေမယ့် Haidilaoကတော့ ဖြစ်စဉ်ကို တာဝန်ယူပြီး နှစ်ပတ်လောက် ကာလအတွင်း ဆိုင်ကို ရောက်ခဲ့တဲ့ စားသုံးသူတွေကို နစ်နာကြေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လမှာတော့ အဲဒီ ကုမ္ပဏီက လူငယ်နှစ်ဦးဆီက လျော်ကြေး ယွမ် ၂၃ သန်းထိ ရရှိဖို့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ရှန်ဟိုင်း တရားရုံး တစ်ခုက လူငယ်နှစ်ယောက်ဟာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ပျက်စီးစေခဲ့တဲ့အပြင် ဂုဏ်သိက္ခာကိုလည်း စော်ကားတိုက်ခိုက်ခဲ့တဲ့ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အစားအသောက်အတွက် အသုံးပြုတဲ့ ပစ္စည်းတွေအပေါ် ပြုမူခဲ့တဲ့ မလျော်မကန် ကိစ္စဟာ လူထုကြားမှာလည်း အထူး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။

လူငယ်နှစ်ဦးရဲ့ မိဘတွေကလည်း သားသမီးအပေါ် မှန်ကန်ထိရောက်တဲ့ ဆုံးမပဲ့ပြင်မှု အားနည်းလွန်းနေတယ် ဆိုတာကို အထင်အရှား မြင်သာစေခဲ့တယ်လို့လည်း စီရင်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။ တရားရုံးက ချမှတ်တဲ့ စီရင်ချက်မှာ ယွမ် ၂ သန်းဟာ Haidilaoအတွက် ထိခိုက်နစ်နာကြေးဖြစ်ပြီး ယွမ် ၁၃၀၀၀၀ ကတော့ ဆိုင်က ဟော့ပေါ့အိုးတွေနဲ့ ဇွန်းခက်ရင်းတွေကို ဖျက်ဆီးပစ်ခဲ့ရတဲ့ စရိတ်အတွက်ပါ။ အဲဒီ နစ်နာကြေးကိုတော့ ဆိုင်ကို လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့တင်သွင်းပေးတဲ့ သီးခြားကုမ္ပဏီ တစ်ခုက ရရှိခဲ့ပါတယ်။ ပြီးတော့ ယွမ် ၇၀၀၀၀ က တရားရေး ကုန်ကျစရိတ် ဖြစ်ပတယ်။

Haidilaoကတော့ စားသုံးသူတွေကို နစ်နာကြေးတွေ ပေးရတဲ့ ပမာဏက အဲဒီထက် ပိုများခဲ့တယ်လို့ ပြောပေမယ့် တရားရုံးကတော့ ဒီကိစ္စဟာ ကုမ္ပဏီရဲ့ စီးပွားရေးဆိုင်ရာ သီးသန့် ဆုံးဖြတ်ချက်ဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ လူငယ်နှစ်ဦးနဲ့ တိုက်ရိုက် ဆက်စပ်တယ်လို့ ယူဆလို့ မရနိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

စားသောက်ဆိုင်ဟာ ဖေဖော်ဝါရီ ၂၄ ကနေ မတ်လ ၈ ရက်ထိ အတောအတွင်း ဆိုင်မှာ လာရောက် စားသောက်ခဲ့တဲ့ ဖောက်သည် စုစုပေါင်း ၄၀၀၀ ကို အပြည့်အဝ ငွေပြန်အမ်းတဲ့အပြင် သီးခြား နစ်နာကြေးပါ ပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဆိုင်ရဲ့ ဟော့ပေါ့အိုး အားလုံးကို ဖျက်ဆီးပြီး အသစ်လဲလှယ်ခဲ့သလို ဆိုင်မှာလည်း သန့်ရှင်းရေးနဲ့ ပိုးသတ်မှုတွေ ချက်ချင်း လုပ်ဆောင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဆီချွန်မှာ ပထမဆုံး စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တဲ့နောက် Haidilaoဟာ ဆိုင်သစ်တွေ မြန်မြန်ဆန်ဆန် ချဲ့ထွင်လာနိုင်ခဲ့ပြီး အခုတော့ ကမ္ဘာတလွှားမှာ ဆိုင်ခွဲ ၁၀၀၀ ကျော်ထိ ဖြန့်ကျက်ပြီး လုပ်ငန်းလည်ပတ်နေပြီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စားသောက်ဆိုင်တွေဟာ ကောင်းမွန်တဲ့ ဖောက်သည် ဝန်ဆောင်မှု၊ မိသားစုတွေအတွက် သင့်လျော်တဲ့ အခင်းအကျင်းတွေကြောင့်လည်း နာမည်ကျော်ကြောင်း သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။