Connect with us

Hi, what are you looking for?

သတင်း

AA စစ်ဦးစီးချုပ် နှင့် မွတ်စလင်​ခေါင်း​ဆောင်များ​တွေ့ဆုံမှု၊၁၃နှစ်ကြာပိတ်ထား​သော​ဗလီကိုပြန်ဖွင့်လှစ်နိုင်မှုတို့ကို ရခိုင်နှင့်မွတ်စလင်အသိုင်းအဝိုင်းကြိုဆို

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောမြို့မှ မွတ်ဆလင်ခေါင်းဆောင်များတွေ့ဆုံမှုနှင့် ၁၃နှစ်ကြာပိတ်ထား‌သော မောင်တောမြို့မဂျာမေဗလီပြန်ဖွင့်လှစ်နိုင်မှုကို ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းက ကြိုဆိုကြသည်။

ဗိုလ်ချုပ်ထွန်းမြင့်နိုင် နှင့် ​မောင်​တောမြို့မှ မွတ်စလင်​ခေါင်း​ဆောင်များ သြဂုတ်လကုန်ပိုင်းက​တွေ့ဆုံးစဥ်။ဓါတ်ပုံ-APM

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောမြို့မှ မွတ်ဆလင်ခေါင်းဆောင်များတွေ့ဆုံမှုနှင့် ၁၃နှစ်ကြာပိတ်ထား‌သော မောင်တောမြို့မဂျာမေဗလီပြန်ဖွင့်လှစ်နိုင်မှုကို ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းက ကြိုဆိုကြသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် မောင်တောမြို့မှ မွတ်ဆလင်ခေါင်းဆောင်များသည် ဩဂုတ်လ ၃၀ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။စက်တင်ဘာလ ၁၂ရက် နံနက် ၉နာရီ၌ အာရက္ခပြည်သူ့အစိုးရက အခမ်းအနားပြုလုပ်၍ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒေသတွင်းရှိ ရခိုင်၊ သက္ကမ၊ မြို၊ ဟိန္ဒူ၊ မူဆလင် စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

မောင်တောမြို့မဂျာမေဗလီပြန် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍မောင်တောခရိုင်မွတ်ဆလင်ရေးရာ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက ရခိုင်အခြေစိုက်အာရက္ခမင်းသမီးမီဒီယာ(APM)သတင်းဌာနသို့ ပြောကြားရာ၌ “၂၀၂၅ ခုနှစ် ၈ လပိုင်း ၃၀ ရက်နေ့မှာ ကျနော်ရို့ ဗိုလ်ချုပ်ရောက်လာတဲ့နေ့မှာ ကျွန်တော်တို့ တင်ပြပေးပါတယ်။ အဲဒီ တင်ပြပေးတဲ့နောက်ဆုံးကြိုးစားပမ်းချက်ပါ။ဒီလိုဖွင့်ပေးတယ် မဟုတ်ပါလား။ဖွင့်ပေးတာကိုအထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်” ဟု​ပြောထားသည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် ဗိုလ်ချုပ်ထွန်းမြင့်နိုင် နှင့် မွတ်စလင်ဘာသာ​ရေး​ခေါင်း​ဆောင်များ​တွေ့ဆုံပြီး နှစ်ပါတ်ခန့်အကြာတွင်မောင်တောမြို့မ ဂျာမေဗလီကိုပြန်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်တိုင်းရင်းသားအရေးတက်ကြွလှုပ်ရှားသည့် စာရေးဆရာဝေဟင်အောင်ကလည်း မောင်တောမြို့မဂျာမေဗလီပြန် ဖွင့်လှစ်ခြင်းသည် ၂၀၁၂ ကဖြစ်ခဲ့သော မောင်တောအရေးအခင်းကိုသင်ပုန်းချေလိုက်ခြင်းဖြစ်ပြီး လူမျိုး​ရေး၊ဘာသာ​ရေး နိဌိတံတဲ့ ​နေ့ဟု သုံးသပ်ထားသည်။

“ရခိုင်နဲ့ မူဆလင်ကြား လူမျိုးရေး၊ ဘာသာ​ရေးအသွင်​ဆောင်ပြီး အ​ရေးအခင်း​တွေ ဖြစ်လာခဲ့တာ ၂၀၁၆၊ ၂၀၁၇ အ​ရေးအခင်း​တွေက​နေ့ ၂၀၁၈ မှာ အာရက္ခတပ်​တော် ရခိုင်​မြေမှာ ​ခြေချလိုက်တဲ့ ​နေ့က စလို့ လူမျိုး​ရေးအသွင် လုံးဝ ​ပျောက်သွားခဲ့တယ်။ အခုဆိုရင် ၁၃နှစ်ကြာ မူဆလင်​တွေ ဝတ်ပြုခွင့် မရတဲ့ ဗလီကြီးလည်း ပြန်လည်ပွင့်သွားခဲ့ပြီ”ဟု စာရေးဆရာဝေဟင်အောင်က လူမှုကွန်ရက်၌ ရေးသားထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောခဲ့ဖူးသည့် ” ကျွန်​တော်တို့က လက်​တွေ့အလုပ်လုပ်တဲ့လူ​တွေဖြစ်တယ်။ အလုပ်နဲ့သက်​သေပြတဲ့လူ​​တွေဖြစ်တယ်။ အ​ပြောထက် အလုပ်​တွေနဲ့ သက်​သေပြကြရ​အောင်” ဟူသော စကားအတိုင်း အကောင်အထည်ဖော်နေခြင်းဟုလည်း စာရေးဆရာဝေဟင်အောင်က သုံးသပ်ထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည်မောင်တောမြို့မှ ဒေသခံ မွတ်ဆလင် အသိုင်းအဝိုင်းနှင့်လည်း တွေ့ဆုံခဲ့ပြီး မောင်တောမြိုဂျာမေဗလီကို ပြန်ဖွင့်ခွင့်ပြုခြင်းသည်လူမျိုးနှစ်ခုကြား လူမှုသဟဇာတဖြစ်စေရေး၊ ဒေသတွင်း၌ မှီတင်းနေထိုင်သူလူမျိုးစုတိုင်း ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်ရေးအတွက် အာရက္ခပြည်သူ့အစိုးရက ဖွင့်လှစ်ပေးခြင်းဟု အာရက္ခတပ်​တော်သတင်းများနှင့် ​ဒေသတွင်းသတင်းများကိုအဓိက​ဖော်ပြ​ပေး​နေ​သော APM က ဖော်ပြထားသည်။

မောင်တောမြို့တွင် ၂၀၁၂ ခုနှစ် ၊ဇွန်လက ဒေသတွင်းရှိ ရခိုင်နှင်မွတ်ဆလင်အသိုင်းအဝိုင်းကြား ပြင်းထန်သည့် လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့သည်။ မောင်တောအပြင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင်ပါ ပဋိပက္ခကူးစက်ခဲ့ပြီး လူပေါင်း ၁၄,၀၀၀ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ထိုအချိန်က ဦးသိန်းစိန်းအစိုးရက မောင်တောမြို့မဂျာမေဗလီကို ပိတ်သိမ်းခဲ့ပြီး ယခုမှသာ ပြန်ဖွင့်နိုင်ခြင်းဖြစ်သည်။

AAသည် မောင်တောမြို့အပါအဝင် ရခိုင်ပြည်နယ်မှ မြို့အများအပြားကိုသိမ်းယူထားသည်။

စစ်တွေ၊မာန်အောင်၊ ကျောက်ဖြူမြို့တို့ကိုသာ သိမ်းယူရန်ကျန်ရှိတော့ပြီး တိုက်ပွဲများဖြစ်ပွားနေသည်။ မြို့အများအပြားကိုလက်လွှတ်ထားရသည်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသလို လူမျိုးရေးအမုန်းတရားများလှုံ့ဆော်နေသည်။

ဘူးသီးတောင်မြို့နယ်၊ တန်းလျှောက်ခံရွာတွင် ၂၀၂၄ ခုနှစ်၊ မေလက မူဆလင်ရွာသား လူပေါင်း(၆၀၀)ကျော်အား အာရက္ခတပ်တော်မှ သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီကလည်း ဝါဒဖြန့်ခဲ့သည်။ ထိုစွပ်စွဲချက်များသည် နိုင်ငံရေးရည်ရွယ်ချက် ဖြင့် လုပ်ကြံဖန်တီးဝါဒဖြန့်ချီမှုဖြစ်ပြီး ယင်းလုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်းမောင်တောခရိုင် မူဆလင်ဘာသာဝင် အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များကဩဂုတ်လ ၂၃ရက်၌ ထုတ်ပြန်ခဲ့ကြသည်။

ထိုအပြင်မြန်မာရိုဟင်ဂျာများအဖွဲ့-ဗြိတိန် (BROUK)ကရိုဟင်ဂျာမျိုးနွယ်စုများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ကိုင်တွယ်စစ်ဆေးရာတွင် အာရက္ခတပ်တော် (AA)၏ ရက်စက် ကြမ်းကြုတ်မှုတွေကိုပါ ထည့်သွင်း စုံစမ်းပေးရန်အာဂျင်တီးနား ဗဟိုတရားရုံးကို တောင်းဆိုထား​ကြောင်းစက်တင်ဘာ ၂ ရက်​နေ့တွင်ထုတ်ပြန်သည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ကထုတ်ပြန်ရာတွင် ထိုကဲ့သို့ဝါဒဖြန့်ချီမှုများသည် ဒေသအတွင်းအတူနေ ရက္ခိုင်နှင့်မူဆလင်လူမျိုး များအကြား သဟဇာတဖြစ်ရေး အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားစေရုံမက အမုန်းအာဃာတများ၊ အထင်အမြင်လွဲမှားမှုများ၊ မယုံကြည်မှုများကိုသာဖြစ်ပေါ်စေပြီး နိုင်ငံ ရေးရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးနှစ်မျိုးကို မသင့်မြတ်အောင်ရန်တိုက်ပေးသည့်လုပ်ရပ်များသာဖြစ်သည်ဟု​ဖော်ပြထားသည်။၂၀၂၄ ခုနှစ် မေလ ၂ ရက်တွင် AA တပ်ဖွဲ့ဝင်များက ရခိုင်

ပြည်နယ်ရဲ့ ဘူးသီးတောင် မြို့နယ်၊ ထန်းရှောက်ခံ ရွာမှ ရိုဟင်ဂျာ ရာဂဏန်းခန့်ကိုသတ်ဖြတ်ခဲ့​ကြောင်းစွပ်စွဲထားသည်။ AAကမူ ထန်း​ရှောက်ခံရွာတွင်​သေဆုံးခဲ့သူများသည် ထိုရွာအနီးတိုက်ပွဲ၌​သေဆုံးခဲ့​သော စစ်သားများသာဖြစ်​ကြောင်းထုတ်ပြန်ရှင်းလင်းထားသည်။

ယခုအခါ မောင်တော၊ဘူးသီး‌ တောင်အပါအဝင်ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင်အသိုင်းအဝိုင်းကြားတွင် ယခင်ကထက် သဟဇာတဖြစ်နေပြီဖြစ်ပြီး ကောင်းမွန်သည့်ရလဒ်များ ရှိနေပြီဟု ‌ ဒေသခံအချို့ကပြောသည်။ AA၏ လုံခြုံရေးတပ်ဖွဲ့တွင်လည်း ဒေသခံမွတ်ဆလင်များစတင်ပါဝင်ထမ်းဆောင်နေကြ​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။