Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင်ဗုံးကြဲခံရပြီးလူ၂၀ ကျော်သေဆုံးခဲ့သောဘုန်းကြီး​ကျောင်းအနီး စစ်တပ်ဗုံးထပ်ကြဲ

ပြီးခဲ့သည့် ဩဂုတ်လက ဗုံးကြဲခဲ့ရပြီးအရပ်သား ၂၀ ကျော်သေဆုံးခဲ့သောမိုးကုတ်မြို့လင်း ရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ယနေ့ နံနက်တွင်ဗုံးထပ်မံကြဲ​သော​ကြောင့် အရက်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိခဲ့သည်။

ဗုံးကြဲခံရပြီး​နောက် မြင်ကွင်း ။ဓါတ်ပုံ-CJ

■ကနဦးသတင်းအရအိမ်​လေးလုံးပျက်စီးပြီး ​ဒေသခံအမျိုးသမီး ၁ ဦးဒဏ်ရာရ

စက်တင်ဘာ-၁၆၊၂၀၂၅။အိမ်သွင်၊​ဇေ​အောင်/People’s Spring

ပြီးခဲ့သည့် ဩဂုတ်လက ဗုံးကြဲခဲ့ရပြီးအရပ်သား ၂၀ ကျော်သေဆုံးခဲ့သောမိုးကုတ်မြို့လင်း ရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ယနေ့ နံနက်တွင်ဗုံးထပ်မံကြဲ​သော​ကြောင့် အရက်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိခဲ့သည်။

စက်တင်လာလ ၁၆ရက်​နေ့နံနက် ၇နာရီ၈မိနစ်တွင် စစ်ကောင်စီက ရုရှားနိုင်ငံထုတ် YAK 130 ဂျက်ဖိုက်တာဖြင့်လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်သည်။ ကနဦးရရှိ​သောသတင်းအရနေအိမ်လေးလုံးပျက်စီးပြီး အရပ်သားတစ်ဦးဒဏ်ရာရာသည်ဟု မြို့ခံတစ်ဦးကပြောသည်။ အသေးစိတ်အခြေအနေကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ ဗုံးကြဲမှုကြောင့် မြို့အရှေ့ပိုင်း အုန်းကိုင်းရွာသစ်ရပ်ကွက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်း အောက်နားမှ နေအိမ် ၄ လုံး ပျက်စီးခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်​ရေး(မိုးကုတ်ပကဖ)အဖွဲ့က တာဝန်ရှိသူတဦးကလည်းပြောသည်။

“ပြည်သူအမျိုးသမီး သက်လတ်ပိုင်းတဦး မစိုးရိမ်ရတာရှိပါတယ်။”လို့ ၎င်းက ပြောသည်။

မြို့ခံများမှာ မြို့မှတိမ်းရှောင်သူများသဖြင့် ယခုဗုံးကြဲမှုတွင် လူထိခိုက်​သေဆုံးမှုနည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က​ပြောသည်။

လင်းရောင်ခြည်ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင်များခိုလှုံနေသည့်ကျောင်းဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ၁၄ရက်နေ့က စစ်ကောင်စီကဗုံးကြဲခဲ့ရာ ကိုယ်ဝန်သည်နှင့် ကလေးအချို့အပါအဝင်၂၁ဦး သေဆုံးခဲ့သည်။ ထို​ကြောင့် တစ်လဝန်းကျင်အကြာတွင် လင်း​ရောင်ခြည် ဘုန်းကြီး​ကျောင်းအနီးဝန်းကျင်ကိုဗုံးထပ်ကြဲခဲ့ခြင်းဖြစ်သည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်​ရေး ဒုတိယပိုင်းတွင်သိမ်းပိုက်ထိန်းချုပ်ထားသည်မြို့ဖြစ်သည်။လက်ရှိတွင် စစ်ကောင်စီနှင့် TNLAသည် ကျောက်မဲမြို့နယ်၊နောင်ပိန်တိုက်နယ်၊ နောင်ချိုမြို့နယ်ထဲမှ နေရာအချို့တွင် တိုက်ပွဲများဖြစ်နေသည်။ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။

စစ်ကောင်စီတပ်သည်ပြည်သူလူထုနေထိုင်သွားလာလှုပ်ရှားရာနေရာများကို ဦးတည်ပြီးတိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့်အင်အားပြင်းဗုံးများနေ့စဉ်ရက် ဆက်ကြဲချနေပြီး ထိုစစ်ရာဇဝတ်မှုများအမြန်ဆုံး ရပ်တန့်ရန်အတွက် ကူညီပေးရန် ကုလသမဂ္ဂ၊တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအား TNLA က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook