Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တော်ခန်းမကို မြို့ပြအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၌ စစ်ကောင်စီလုံခြုံရေးတင်းကြပ် ထားသည့် မြို့တော်ခန်းမကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force ( FLA )က ထုတ်ပြန်သည်။

၂၀၂၂ ဇူလိုင်အတွင်းက ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၁၆၊၂၀၂၅။သတိုး၊သုည/People’s Spring

ရန်ကုန်မြို့၌ စစ်ကောင်စီလုံခြုံရေးတင်းကြပ် ထားသည့် မြို့တော်ခန်းမကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force ( FLA )က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၆ရက် နံနက် ၆နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံး ဘေးကင်းကြောင်း ထုတ်ပြန်ထားသည်။

“မနက်က ၆ နာရီခွဲလောက်က ဆူးလေဘုရားနားမှာ ဗုံးပေါက်သံလိုမျိုး အသံအကျယ်ကြီး ကြားလိုက်ရတယ်။ မြို့တော်ခန်းမရှေ့မှာ ပေါက်တာလို့တော့ သိရတယ်။ ရဲကား၊ စစ်ကား၊ အိမ်စီးကားတွေနဲ့ စခတော်တော်များများ အဲ့နားမှာ ပတ်စစ်နေတာ တွေ့ခဲ့ရတယ်။ လမ်းတော့မပိတ်ထားဘူး။ Taxi ကားအချို့ကို တားပြီးစစ်နေတာ တွေ့ခဲ့တယ်”ဟု ကျောက်တံတားမြို့နယ်နေ ပြည်သူတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု FLA က မြေပြင်အခြေအနေကို ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးသည့်အချိန်ကတည်းက မြို့တော်ခန်းမပတ်ဝန်းကျင်၌ အတားအဆီးများချကာ လုံခြုံရေးတင်းကြပ်ထားသည်။

မြို့တော်ခန်းမအနီးရှိ မဟာဗန္ဓုလပန်းခြံလမ်းကိုလည်း ပြီးခဲ့သည့်လပိုင်းကမှ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

FLA အနေဖြင့် ရန်ကုန်မြို့ပြအတွင်း နိုင်ရာဝန်အင်အားဖြင့်စစ်ကောင်စီကို ပြည်သူလူထုနှင့် အတူ တွန်းလှန် ခုခံသွားမည်ဟု ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်လအတွင်းကလည်း အာဏာသိမ်းစစ်ကောင်စီတပ်သားများ တပ် ဆွဲထားသည့် မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။