Connect with us

Hi, what are you looking for?

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

ကဗျာ

■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...

ကဗျာ

◼️ခွန်းနီအထောက်အထားမဲ့ ကဗျာဆရာတစ်ယောက်ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။ ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်းကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။ ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီတစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။ ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ်အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီးပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။ ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။ အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာပြန်ချိန်မရောက်သေးတာကို နားလည်ရဲ့မဟုတ်လားသံသယတွေမီးပုံထဲ ပစ်ထည့်လိုက်စမ်းပါ။ သောကမှန်ရင်...

Short Story

မညာပါဘူး ယုမေ။ ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိမှန်းတောင် ကို သတိမထားမိဘူး။ ရုံးခန်းထဲက ညီမလေးက လှမ်းပြောတော့မှ ကို့မှာ ရှက်ပြီး မျက်နှာကို လက်နဲ့သပ်ချရတယ်။ ထူးဆန်းတယ် သိလား ယုမေ။ ကိုယ့်မျက်လုံးထောင့်မှာ အရည်တချို့ စိမ့်ဥနေကြောင်း လက်ခံစားမှုအရ ကို သိလိုက်ရတယ်။

ကဗျာ

◼️ခွန်းနီစီးကရက်တစ်ဗူးဘယ်လောက်လဲအရက်တစ်ပုလင်းဘယ်လောက်လဲဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲအာသာဖြေဖို့တစ်ညဘယ်လောက်လဲအားလုံးပေါပေါလောလောရတယ်။အသက်တစ်ချောင်းဘယ်လောက်လဲဘဝတစ်ခုဘယ်လောက်လဲအရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲအားလုံးလွယ်လွယ်လေးလားအေးဟုတ်တယ်ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။ကြက်ကလေးလိုငှက်ကလေးလိုသေဖို့လွယ်လွယ်လေးကြက်ကလေးလိုငှက်ကလေးလိုလွတ်လပ်မှုတောင်မရှိတဲ့အခါမွေးမြူရေးငါးကန်ထဲကငါးတွေလိုအစွမ်းကုန်ကြီးထွားပြကြရပေါ့။အလောင်းချင်းထပ်နေတယ်သွေးစသွေးနတွေပွက်နေတယ်ကယ်ပါ ယူပါတဆာဆာပေါ့ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။သေဖို့အရေးလားနေဖို့အရေးလားအားလုံးဟာလွယ်လွယ်လေးသေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲဒုနဲ့ဒေးပါပဲ။သေသူတွေရဲ့တန်ဖိုးကိုဘယ်အရာတွေနဲ့ချိန်ထိုးမလဲစဥ်းစားလေလေပေါက်ကွဲခံပြင်းဒေါသဖြစ်လေလေပဲ။မခံနိူင်တော့ရင်လက်ညိုးလေးကွေးလိုက်ကြပြေးထွက်စရာမှမရှိတော့တာသူသေကိုယ်သေပဲလေအားလုံးဟာလွယ်လွယ်လေး။ (The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ခွန်းနီ’ ရေးဖွဲ့တဲ့ “အားလုံးလွယ်လွယ်လေးပဲ” ကဗျာ ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ”...

Short Story

မိ‌လေး။ နာမည်ရှေ့မှာ မိတပ်ထားတော့ မွန်လူမျိုးဟု ထင်ကြမည်ထင်သည်။ သို့‌သော် မဟုတ်ပါ။ အဖေ ဗမာ အမေ ဗမာမှ မွေးထားသော ဗမာစစ်စစ်တယောက်ဖြစ်သည်။ မိ‌လေးဟူသော အမည်မှာ ကျမအမေ ကျမကိုခေါ်သော နာမည်ဖြစ်သည်။ အလုပ်လုပ်ရာတွင် ဖြည်းဖြည်း လေး‌လေး နှေးနှေးကွေးကွေး လုပ်တတ်သောကြောင့် မိလေးဟု...

ကဗျာ

တခါက …စာကြည့်တိုက် ပြတင်းပေါက်ကိုငေးပြည်သူတွေအကြောင်းတွေးနေခဲ့ဖူးတဲ့ … သူမတခါက …ခြံစည်းရိုး အပြင်ဘက်ကိုလက်ကမ်းပြည်သူတွေနဲ့ မမောမပမ်း စကားတွေပြောခဲ့ဖူးတဲ့ … သူမပြည်သူတွေအတွက် အမြဲလိုအပ်နေပေမယ့် …သူမကိုမလိုတော့ဘဲပြည်သူတွေဆက်သွားနေတာကို မြင်ချင်ခဲ့တဲ့ … သူမအခု … ဘယ်နေရာမှာရှိနေလဲအခု … ဘယ်မြင်ကွင်းကိုငေးနေမလဲအခု … ဘာအကြောင်းတွေတွေးနေလဲအခု … ဘယ်သူနဲ့...

ကဗျာ

ကျမတို့ပြည်သူတွေလို့ တဖွဖွရေရွတ်ခဲ့ဖူးတယ်ကျမတို့ပြည်သူတွေအပေါ် မြူမှုန်တစ်စက် စိတ်ကွက်တယ်မရှိကျမတို့ပြည်သူတွေကို ဟက်ဟက်ပက်ပက်စိတ်ကျေနပ်မိတယ်ဆိုတာချည်းကျမတို့ပြည်သူတွေဟာ ရေအရောများထားတဲ့ဒီမိုကရေစီကိုဖုတ်ပူမီးတိုက် မြည်းစမ်းခွင့်ရခဲ့တာတောင်အသက်နဲ့ဘဝတွေထပ်ကာ အပြင်းအထန် ခုခံခဲ့တယ်လို့မှောင်နဲ့မည်းမည်း အစွယ်တွေ ပတ်လည်ဝိုင်းထားတဲ့ ကမ္ဘာကနေလှမ်း ဂုဏ်ယူခဲ့သေးတယ်၈၀ဟာ ၈၀လို မနေနိုင်တော့လည်းကိုယ့်ဘဝ ကိုယ့်ပြဿနာ ကိုယ့်နောင်ရေးကိုယ့်ဘာသာ ကျော်တွေးထားပုံပဲဖမ်းထားပြီးတာတောင် စစ်အာဏာရှင်တွေ ကြောက်နေရတဲ့ဒေါက်ဖိနပ် ၈၀ ဒေါင်ဒေါင်မြည် ဆက်ရပ်ခံတယ်၈၀မှာ ၈၀လို...

ကဗျာ

◼️နေဘုန်းလတ် ကျောပိုးအိတ်ကိုလွယ်ဘွတ်ဖိနပ်ကိုစီးအမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီးဒီခရီးကို စခဲ့ကြအချို့ဆို …နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။ပန်းတိုင်လည်းရှိတယ်လမ်းလည်းသိတယ်ဒါပေမယ့် …ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲသိခြင်းတချို့နဲ့ မသိခြင်းတဝက်ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ်… … …အမေ့အိမ်ကနေမိသားစုတွေဆီကနေပျော်စရာ အခိုက်အတန့်တွေကနေ …။ပြန်တွေ့ကြတာပေါ့လို့တွေးကိုယ့်အသက်ကိုယ်မွေးကြရင်းအပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေပြန်ဆုံကြတဲ့အခါ …အရင်လို လူစုံကြပါတော့မလားအဲဒီ့လိုစိုးရိမ်စိတ်တွေနဲ့ပဲ …။မပြီးသေးတဲ့ခရီးရေမြေအဆုံးစီးဆင်းကြရုံပေါ့ငါတို့ပြန်လာခဲ့မှာပါ… … … …အဲဒီအချိန်အခါဟာငါတို့ရဲ့ အိမ်တက်မင်္ဂလာတယောက်အမာရွတ်ကိုတယောက်ကပွတ်သပ်ရင်းပြန်မလာနိုင်တော့သူတွေအကြောင်းနေစောင်းတဲ့အထိ ပြောကြရင်းဒဏ်ရာတွေနဲ့ တည်ခင်းမယ့်ညစာမင်းလဲ...

ရသ

အတွေးတခုဟာ ကျမရဲ့ဦးနှောက်ထဲကို ဘယ်ကမှန်းမသိ ဝင်လာပြီး ပဲ့တင်ထပ်နေပြီဆိုရင် အဲဒီအတွေးထဲမှာပဲ သုံးလေးရက် ဒါမှမဟုတ် ပိုကြာရင် တပတ်ကနေ တလအထိ တွေးနေမိတတ်တဲ့အကျင့် ရှိပါတယ်။ အဲဒီလို ကြုံပြီဆိုရင်လည်း တိုက်ဆိုင်တာတွေကပဲ ပေါ်လာတာလား၊ ကျမကပဲ နစ်ဝင်နေတဲ့ ကျမအတွေးရှုထောင့်ကနေ ကြည့်နေလို့ပဲလား မသိပေမယ့် ဆက်စပ်ပြီးတွေးစရာတွေ ဆက်စပ်တိုင်ဆိုင်မှုတွေဟာ...

ကဗျာ

◼️ခွန်းနီ မီးတွေ မီးတွေဒီနိူင်ငံမှာမီးတွေကြီးပဲမချိမဆန့်လောင်မြိုက်နေကြတာတွေ့လားတွေ့ကြရဲ့လား။မီးတွေကပြောတယ်ငါတို့ကိုအသက်ညှာဆုံးဝါးမြိုပစ်မယ်တဲ့လေပူတွေကနေတစ်ဆင့်ငါသတင်းရတယ်နားကြားမှားတာလို့နှစ်သိမ့်သူမရှိပါဘူးအရိုးပြိုင်းပြိုင်းနဲ့အိမ်တိုင်အတိုအရှည်တွေဟာမသေပဲကျန်ခဲ့တဲ့သူရဲကောင်းတွေလိုခေါင်းတွေမော့ထားလျှက်။ဆုံးရှုံးခဲ့တဲ့ဘဝတွေအတွက်သူဆယ်ယူပေးနိူင်ခဲ့တာဒါပဲရှိမယ်မီးကျွမ်းပြီးကျန်ခဲ့တဲ့အိမ်တိုင်တွေမှန်းရိပ်မိလာတဲ့အခါခေါင်းတွေပြန်ငုံ့သွားတယ်ဒုတိယအကြိမ်လောင်ကျွမ်းခံဖို့ခက်နေရှာမှာ။စစ်တလင်းမှာကိုယ်ကျိုးနည်းခဲ့ကြသူတွေပြာထုတ်တွေပိုက်ပြီးဘဝတွေကိုဆန်ပြာသလိုပြာကြည့်နေရှာတယ်မျက်ရည်တွေသာတစ်ဖွဲဖွဲကျလာပြီးဘဝတွေဟာပြာတွေနဲ့ရောထွေးသွားပြီ။ပေါ့ပါးပါစေဘဝတွေရေတစ်ကယ်ပေါ့ပါးလွတ်မြောက်ကြပါစေထွက်သွားသူတွေလဲပေါ့ပါးပါစေငါတို့မှာတော့လေးလံနေရဆဲမသေနိူင်သေးလို့ဖြစ်မှာပါ။အသက်ရှုရတာခက်သလောက်သေရတာကျလွယ်လွန်းတဲ့နိူင်ငံမှာအားလုံး အားလုံး ပေါ့ပါးကြပါစေနာရေးသတင်းတွေထုံမွှန်းထားတဲ့မနက်ဖြန်တွေလဲပေါ့ပါးနိူင်ကြပါစေအဓမ္မတရားတွေလဲပေါ့ပါးစွာထွက်ခွာနိူင်ပါစေဓမ္မတရားတွေလဲပေါ့ပါးစွာရောက်ရှိနိူင်ပါစေကမ္ဘာကြီးလဲပေါ့ပါးပါစေ…..။ ။ (The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ခွန်းနီ’‘ရေးဖွဲ့တဲ့ “ပေါ့ပါးနိူင်ကြစေ” ကဗျာ ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The...

ရသ

ညကဖေဖေနဲ့မေမေကိုသားအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာသားတို့ မိသားစုပြန်ဆုံကြတယ်။စကားတွေပြောဖြစ်ကြတယ်။ သားတို့သုံးယောက်လုံးပြုံးရယ်လို့ပေါ့။

Facebook