Hi, what are you looking for?
မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူတွေ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...
နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...
◼️ပန်းတော်ဆက် ကင်မရာက ခြင်္သေ့ကိုတလှည့်ကျွဲ အုပ်ကိုတလှည့် ရိုက်ပြတယ်ကျွဲအုပ် ဟာ ….အန္တရာယ်ကို မသိခင် သူ့စားကျက်မှာသူ…စားသူစား ၊ကစားသူကစားမေထုံမှီဝဲ ၊ရေစုန် မှာ တနေကုန်အေးအေးလူလူ ရေစိမ်မြဲကင်မရာက ကျွဲအုပ်ကိုတစ်လှည့်ချောင်းမြောင်းနေတဲ့ခြင်္သေ့ကို တလှည့်ရိုက်ပြတယ်…။ကျွဲအုပ်ဟာ ရုတ်တရက် ဆိုသလိုခြင်္သေ့ကို တွေ့လိုက်ရချိန်လဲသူလဲကွဲသူကွဲကျွဲအုပ်ဟာ ကစဥ့်ကလျားကျွဲအုပ်ဟာ ဦးဂျိုကိုမေ့လို့ထွက်ပြေးတယ်….။ကျွဲတွေဟာ နေ့စဥ်ထွက်ပြေးတယ်….။သူတို့ထဲက တစ်ကောင်ကို မမိမချင်းထွက်ပြေးတယ်….။ကျွဲအုပ်ဟာ...
◼️ယောနသံ ထောင်အုတ်ရိုးပေါ် ကိုဖြတ်တိုက်လာတဲ့ လေထဲမှာမီးကျွမ်းနေတဲ့ ကျောင်းသုံးစာအုပ်လေးရဲ့ပြာနံ့ရတယ်။ ရမ်းငွေ့တွေကို ကွေ့ရှောင်ပျံသန်းပြီးမှပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တဲ့သတိရစိတ်ကလေးအဲ့ဒီ သတိရစိတ်ကလေးကိုဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်တော့“မောင်ရေ… အခုထောင်ဝင်စာကရေခဲသေတ္တာလေးကို ရောင်းပြီးမှပို့ ပေးလိုက်ရတာပါ” တဲ့။ ဘဝတချို့ကအကျဉ်းထောင်ထဲမှာ မိုးချုပ်ကြဘဝတချို့ကဒုက္ခသည်စခန်းတွေမှာ မိုးချုပ်ကြဘဝတချို့ကပြန်စရာ အိမ်မကျန်တော့တဲ့တောထဲ တောင်ထဲမှာ မိုးချုပ်ကြအိမ်လွမ်းစိတ်ကလေးတွေဟာအိမ်ပြန်ရမယ့် ရက်ကိုလက်ချိုးရေတွက်နေကြ။ တခါတလေသူရဲကောင်းတစ်ယောက်လို့သန်မာ ဝံ့ကြွားကြ။တခါတလေသူရဲဘောကြောင်တဲ့ကောင်လိုအူလှိုက်သဲလှိုက် ငိုကြွေးမိကြ။မနက်ဖြန်တွေအတွက်...
ဂနိုက် အိမ်ပြန်ချင်တယ် ဆယ်လ်မွန်ငါးတကောင်လိုဖြစ်ဖြစ် မြောက်အိုင်ယာလန်က အမွှေးပွပွခွေးကလေးလိုဖြစ်ဖြစ် ကြိုသူမရှိတဲ့အိမ်နဲ့ကြိုသူမရှိတဲ့မြို့ကလေးကို စွန်ရဲတကောင်လို လှစ်ခနဲ ပြန်ချင်တယ် “အရာအားလုံးအဆင်ပြေတယ်၊နေကောင်းတယ်” လို့ နေ့နေ့ညည ညာပြောနေရတဲ့နေ့တွေအလွန်မှာ တကယ်ပဲအိမ်ကိုပြန်ဖြစ်လိမ့်မယ် ပြာဖုံးမီးခဲကလေးတွေရှိဖူးတဲ့မြို့ကလေးရဲ့အိမ်က ပုတီးစိပ်သံတဂျောက်ဂျောက်(နဲ့) ကရုဏာဒေါသောသံတကျီကျီ နားထောင်ဖို့ ဝေါခနဲ စီးကျလာတဲ့ ရေအလျင်လို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင်ပြန်ချင်တယ် အိမ်နဲ့ဝေးခဲ့သမျှရက်တွေ...
အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။
SWNတခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။Fuck the Coup လို့ရေးတယ်။တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။လှည်းတန်းလမ်းဆုံမှာ လူစုတယ်။ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။နောက်...