Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ရသစာတမ်းငယ်

တနေ့က မြို့ကလေး၏​ ဘူတာရုံနား ရောက်ဖြစ်ခဲ့သည်။ ဘူတာရုံကလေးသည် လူသူမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ ဘူတာဝန်းကျင် မြက်ပင်ရိုင်းတွေ ထူထပ်စွာ ပေါက်ရောက်နေသည်။ ဘူတာနှင့် မလှမ်းမကမ်းမှာတော့ တစ်ထပ်တဲအိုကြီးတစ်လုံးက ယိုင်နဲ့နဲ့တည်ရှိနေသည်။ ထိုတဲအိုကြီးကိုကြည့်ရင်း ကျနော် ဆွေးဆွေးလျလျဖြစ်ခဲ့ရပါသည်။

Short Story

အလုပ်မရှိတာ နှစ်ပတ်ကျော်ပြီ။ ဆန်က ရှိသေးသည်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က ဟင်းချက်စရာဖြစ်သည်။ ဒီရက်ပိုင်း ပဲဟင်းတလှည့်၊ အသားတုတလှည့်ဆိုတော့ လျှာရင်းက မမြက်သည်မှာ ကြာပြီလေ။ ကိုက်လန်လေးနဲ့ ဝက်သားလေးကို ပါးပါးလှီးပြီး ကြော်စားလိုက်ရင်ကွာ ဆိုတဲ့အသိက ဦးနှောက်ကို သတင်းပို့တော့ ဗိုက်တွေပါ ဆာလာသည်။

Short Story

ကျုပ်သား ဘယ်ငရဲလမ်းမှာ ရှိနေလဲ၊ ဘယ်လမ်းသရဲ၊ စုန်း၊ ကဝေတွေက ကျုပ်သားကို မြှူဆွယ်ပြုစားပြီး ဘယ်တောတောင်ကို မျက်လှည့်ပြသလို ဝှက်ခေါ်သွားကြသလဲ။ ဘယ်သူမှမရှိတဲ့ အဲဒီအမှောင်ထဲမှာ ကျုပ် နေမပျော်ပါဘူး၊ ကျုပ်ငြိမ်းချမ်းချင်တယ် ။

ကဗျာ

မေရီသော် မျက်မှောင်ကြီးကြုံ့ပြီး မကြည့်စမ်းပါနဲ့လို့ အားလုံးက ဝိုင်းပြောကြတယ် ဒါဆိုမျက်လုံးတွေကို စုံမှိတ်ထားမှသာရမှာဖြစ်ပြီး အဲ့ဒါက ရွေးချယ်စရာ မဟုတ်ခဲ့ဘူး‌ကွယ် နောက်ခံသီချင်းသံလည်း တိတ်ဆိတ်သွားတာ ကြာပြီ ပြတ်သွားတဲ့ဂစ်တာကြိုးလေး သွားရှာဝယ်တဲ့ လူကြုံကလည်း ပြန်မရောက်သေးလို့ နိုင်ငံအနှံ့အပြားက သင်းကွဲတွေ၊ သူရူးတွေ နဲ့ ဖလော်‌ဆော်ဖာတွေ ပေါင်းပြီး ဂြိုလ်သားတွေရဲ့အကူအညီနဲ့...

Short Story

ခပ်တုံးတုံး ကောင်လေးတယောက်ရဲ့ ဘဝထဲကို လက်ကလေးတဘက်လည်း ရောက်မလာရဘူးလို့ ကန့်သတ်ထားတာမျိုးမရှိတော့ ကျနော့်လက်ထဲက ခေါက်ဆွဲခြောက်ဘူးလေးကို ယူပြီး ရေနွေးပူတွေ ငှဲ့ပေးသွားတဲ့ လက်ကလေးပေါ့။ သူ့လက်ထဲမှာလည်း ကော်ဖီခွက်ကလေးနဲ့။

ကဗျာ

၂၀၂၁ မတ်လ ၃ ရက်​​နေ့က မုံရွာမြို့ ၊ဘုရာနီလမ်းဆန္ဒပြပွဲမှာ စစ်​ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု​ကြောင့်ကဗျာဆရာ​ကေဇဝင်းအပါအဝင် ဆန္ဒပြပြည်သူ၉ ဦး ကျဆုံးခဲ့ပါတယ်။ကဗျာ ဆရာ ကေဇဝင်း ကျဆုံးမှု ၄ နှစ်ပြည့် နှစ်ပတ်လည်​နေ့မှာ သူမကျဆုံးမီ တစ်​ပါတ်​ကျော်က​ရေးဖွဲ့ခဲ့တဲ့ ခေါင်းခွံများအကြောင်း" ကဗျာကို​ပြန်လည်ဖော်ပြ​ပေးလိုက်ပါတယ်

ကဗျာ

ဂနိုက် တကယ်သတ်ဖို့ပြင်ဆင်ပြီးရင် ရှေ့တိုးခဲ့တော့ မင်းတို့သေနတ်ကကျည်ဆံဟာ ငါတို့ကိုမသတ်နိုင်ဘူး ငါတို့ဉီးခေါင်းခွံတွေအောက်မှာ ချစ်ခြင်းမေတ္တာတွေရှိတယ် မင်းတို့ပစ်ရင် မင်းတို့သေမယ် ငါတို့ကနောက်ဆုတ်မှာမဟုတ်။ ခုတ်လို့မပြတ်တဲ့ကြိုးဟာ ငါတို့ခေါင်းပဲ ခပ်လို့မကုန်တဲ့ရေဟာ ငါတို့နှလုံးသား မင်းတို့သေရဲလားလို့မေးပြီးပြီ ငါတို့မှာတကယ်မသေတဲ့ခေါင်းတွေရှိတယ် မသတ်ရဲရင် နောက်ကိုရဲရဲဆုတ်လိုက် ငါတို့ဟာ စစ်ချီတေးကို သံပြိုင်အော်ပြီး ဒုန်းစိုင်းလာနေပြီ ဒီလမ်းတွေလွန်ရင် ပန်းတွေပွင့်တော့မှာ...

Short Story

ညိမ်းအေး သိပ်ကို ခမ်းနားလွန်းတဲ့ ရေစက် သိပ်ကို ခါးသီးလွန်းတဲ့ ရေစက် အစားထိုးစရာမရှိ ကျိုးပဲ့ကြေမွ ပျက်စီးသွားတဲ့ ဘဝတွေ ဟိုး လမ်းကွေ့ထောင့်ချိုး သေးသေးလေးထဲကနေ မထင်မှတ်ဘဲ ရုတ်တရက် ဘွားခနဲပေါ်လာ။ နာကျင်လွန်းပေမယ့် တပ်တပ်မက်မက် တကူးတက ဖန်တီးယူရတဲ့ ချိုမြိန်ခါးသက် အကျည်းတန် လှပလွန်းတဲ့...

ကဗျာ

အာကာဘုန်းဝေ ၁ ။ လက်နက်တွေထမ်းပြီး ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါ ကမ္ဘာကြီးက ထထရယ်ပါတယ် ။ ၂ ။ ကမ္ဘာကြီး မငြိမ်းချမ်းတော့တဲ့အခါ ခင်ဗျားခံစားနေရတဲ့ အပူက ကျနော့်ကို လာလာဟပ်တယ် ။ ၃ ။ ကမ္ဘာပေါ်က ဒုက္ခစစ်စစ်တွေကို လူသားစစ်စစ်တွေကသာ သိမြင်ခံစားနိုင်လိမ့်မယ် ။...

Facebook