Connect with us

Hi, what are you looking for?

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

ကဗျာ

■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...

Short Story

အာဏာသိမ်းကာလမစခင် ကိုဗစ်ကာလထဲက ကျနော်တို့သူငယ်ချင်းတွေ ကွဲကွဲပြားပြား ဖြစ်ကုန်ကြတယ်။ ခု‌တော့ တချို့ကလည်း အလုပ်ခွင်ထဲမှာ မိန်းမတွေ ဘာတွေရ၊ တချို့ကလည်း မိသားစုကို ပြန်ထောက်ပ္ပံကြရ၊ တချို့ကတော့ ဘယ်တော့ပြန်လာရမယ် မသိတဲ့လမ်းကို လျှောက်ကုန်ကြရဲ့။

Short Story

ခေါင်းခုပုဆိုးခွေကို ဖြည်ရင်း မောကြီးပန်းကြီးနဲ့ ချွေးသုတ်​နေတဲ့ အမယ်အိုကြီးရဲ့လက်ဟာ ဇရာရဲ့သဘောကို ဆောင်နေတယ်။ အကြောပြိုင်းပြိုင်း မြင်နေရတယ်။ နောက်ပြီး မဲသလဲနေတယ်။ ချွေးဝနေတဲ့ ညစ်ထေးထေး ဖျင်နီကြမ်းအင်္ကျီဟာ ချုပ်ရာကြောင်းတချို့ ရှိရဲ့။

ကဗျာ

ငါတို့ဟာ တခုခု မဟုတ်တော့ တခုခု ဖြစ်ဖို့ အာသီသမရှိ ငါတို့မှာ တခုခု ထက် အရေးကြီးတာတွေ ရှိကြောင်း ဘယ်စကားလုံးနဲ့ ပေါင်းပြရမှန်း မသိတော့ လူဟာ လွတ်လပ်ခဲ့တယ်

ကဗျာ

အဆင်မပြေမှတော့ မယ်စောရယ် ဝေးကွာရခြင်းကိုအဖြေထုတ်မနေနဲ့တော့ အဆင်ပြေစရာဘာမှရှိတော့မှာမဟုတ်ဘူး။

Short Story

ကျနော့်မျက်လုံးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ညဘက်ကြီးမီးထလောင်လို့ပေါက်ကွဲနေတဲ့ ဆီပေပါတွေ အမေ့ကိုကယ်ဖို့ကြိုးစားရင်း မီးထဲပြေးဝင်သွားတဲ့အဖေ့နောက်ကျောတွေ အဖေလယ်ထဲကအပြန် ကားမှောက်သွားပုံတွေ အရက်ပုလင်း အကွဲအကြေတွေ ကျနော့်မရီးရဲ့ နာကျင်စွာအော်ဟစ်သံတွေ အဖေနဲ့မရီးတို့ရဲ့ အလောင်းတွေကိုသယ်ဆောင်သွားတဲ့ မီးသဂြိုဟ်စက်တာဝန်ရှိသူတွေ မီးခိုးညိုတွေ ကျနော့်လက်ကိုတင်းတင်းဆုပ်ထားရင်း မို့အစ်နေတဲ့အငယ်ဆုံးလေးရဲ့မျက်လုံးတွေ ။

Short Story

ပြာသိုလပြည့်ကျော် တရက်နေ့၊ ရှမ်းမြောက်ကိုရောက်နေတဲ့ CDM ကျောင်း ဆရာတဦးဟာ လရောင်အောက်က နှင်းမြူတို့ကို ခေါင်းတိုးပြီး ကျနော်ရှိရာ အခန်းဆီ ခေါင်းငိုက်စိုက်ချလျက် ဦးတည်ကာ လာနေခဲ့၏။

Short Story

ကျနော် ကားဂိတ်ကိုရောက်တော့ ညနေ အတော်စောင်းနေခဲ့ပါပြီ။ လှည်းတန်းကနေ အောင်မင်္ဂလာကားဝန်းဆီ သွားတဲ့လမ်းတလျှောက် ကျနော်ဟာ အတွေးများစွာနဲ့ ငေးမောရင်း သက်ပြင်းတွေချမိတာလည်း အခါခါပါပဲ။ “ဘယ်အချိန်မှ ငါဟာ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်မှာလဲ” ဆိုတဲ့ အတွေးအပြင် “ပြန်ရော ရောက်ဖြစ်ပါဦးမလား” ဆိုတဲ့ အတွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။

ကဗျာ

"မြေနိမ့်ရာလှံစိုက်တာပေါ့" ဆိုကြတော့ နိုင်ငံတော်ကရယ်တယ်။ "ကံဆိုးမသွားလေရာမိုးလိုက်ရွာ"နေတော့တာပဲဆိုကြပြန်တော့ နိုင်ငံတော်ဟာခွက်ထိုးခွက်လန်ကိုထိုင် ရယ်ချတော့တာပဲ။

Short Story

အမေဟု ခေါ်သံအကြားမှာ မိခင်သည် ထိတ်လန့်စွာ နိုးထသွားသည်။ သား၏ခေါ်သံသည် မိခင်အတွက် လွန်စွာ ထိတ်လန့်ဖွယ်ပင်။

Facebook