Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသ

စကားတွေဖောင်ဖွဲ့ရင်း တခဏအတွင်း ရင်းနှီးသွားတဲ့ အသက် ၂၀ အရွယ် အဲဒီလူငယ်က မောင်နေ (အမည်လွှဲ) တဲ့။ သူက ကွန်မန်ဒိုရဲဘော်တစ်ယောက်ဆိုတာ သိလိုက်ရတယ်။ ကျွန်မရောက်နေတဲ့နေရာကတော့ နယ်စပ်တစ်နေရာက ပြန်လည်ထူထောင်ရေးစင်တာတစ်ခု။ သူဒီနေရာကိုရောက်လာရတဲ့အကြောင်းအရင်းကို စကားစမိရင်းနဲ့ ...။

ရသ

ဗုံးခိုကျင်းထဲအတူရှိနေတဲ့ ကလေးလေးဆီအကြည့်ရောက်သွားတော့ စိုးရိမ်အကြောက်လန့်မှု မျက်ဝန်းချင်း ဆုံသွားကြတော့တယ်။ ဓာတ်မီးရောင်လဲ့လဲ့ကြား တဖျက်ဖျက်လဲ့နေတဲ့ ၁၀ နှစ်အရွယ်ကလေးငယ်လေးရဲ့ မျက်ဝန်းတွေထဲ မျက်ရည်တွေဝေ့ဝဲနေလေသလား။ ဓာတ်မီးရဲ့ အလင်းရောင်ကြောင့်ရယ်ပဲလားတော့ မသိ။

ရသ

သူကျောပိုးအိတ်ကိုလွယ်ပြီး ထွက်ခဲ့ပါပြီ။ ရှေ့မှာ ကြမ်းတမ်းတဲ့အနာဂတ်ကိုသူမျှော်မှန်းထားပါတယ်။ အမြို့မြို့အနယ်နယ်က လူတွေလည်းရောင်နီနဲ့အတူ လမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။

ရသ

မတ်ဟာခြေလှမ်းကြဲကြဲနဲ့ရန်ကုန်ထဲကိုတစ်လှမ်းချင်းဝင်လာတယ်။ မတ်ဟာ ကောင်းကင်ပြာကို အရောင်ပြောင်းလဲပစ်တယ်။ လူတိုင်းချောင်းဆိုးကြတယ်။ လည်ချောင်းနာကြတယ်။ ကိုယ်ပူတယ်။ ဘာကြောင့်လဲတော့မမေးပါနဲ့။ ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက်အဖြေဟာ ဒီလူ့အဖွဲ့အစည်းမှာ မရှိတော့တာကြာလှပေါ့။

ရန်ကုန်မှပေးစာများ (၅) ရန်ကုန်မှပေးစာများ (၅)

ရန်ကုန်မှပေးစာများ (၅)

၂၀၂၂ ကာတာဖလားနဲ့ပက်သက်ပြီး သတင်းကောင်းတစ်ခုနဲ့သတင်းဆိုးတစ်ခုကိုပြောပြဖို့ရှိတယ်။ သတင်းဆိုးကိုအရင်ပြောရမှာလား။ စိတ်မကောင်းစရာတော့ကောင်းတယ်ညီမလေးရယ်။

ရန်ကုန်မှပေးစာများ (၄) ရန်ကုန်မှပေးစာများ (၄)

ရန်ကုန်မှပေးစာများ (၄)

တို့တိုင်းပြည်မှာအသက်ဟာဈေးအချိုဆုံးပါပဲညီမလေးရယ်။ ကြိုက်တဲ့အချိန်မှာကြိုက်တဲ့ရောဂါနဲ့သေသွားခွင့်ရှိတယ်။ အချိန်မရွေးကျည်ဆံတစ်တောင့်ဟာ ကိုယ်အိမ်ထဲကိုဖေါက်ထွင်းလာနိုင်တယ်။

ဘဂ္ဂဒက်က လူပြက် ဘဂ္ဂဒက်က လူပြက်

ရန်ကုန်မှပေးစာများ (၃)

ညီမလေးရေ… စက်တင်ဘာကိုရောက်ပြီ။ ဒါပေမယ့်စက်တင်ဘာဟာ ဩဂုတ်ပါပဲ၊ ဩဂုတ်ကလည်းဇူလိုင်ပါပဲ၊ ဇူလိုင်ကလည်း ဇွန်ပါပဲလေ။ ဒို့တိုင်းပြည်ဟာ အချိန်တွေရဲ့ တိုက်စားမှုကိုအခံနိုင်ဆုံး လူ့အဖွဲ့အစည်းပဲမဟုတ်လား။ မတရားမှုနဲ့ အရှက်သိက္ခာမဲ့မှုဟာ ဒီတိုင်းပြည်ကို ခေတ်အဆက်ဆက်အုပ်စိုးသူတွေရဲ့ စရိုက်လက္ခဏာတွေအဖြစ် ထာဝရရှိနေခဲ့တာမဟုတ်လား။ ထားပါတော့။ ခုရက်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်၂၀လောက်က နိုင်ငံတကာကိုဖျော်ဖြေခဲ့တဲ့ လူရွှင်တော် တစ်ယောက်...

ဩဂုတ်လရဲ့မိုးသားများ ဩဂုတ်လရဲ့မိုးသားများ

ရန်ကုန်မှပေးစာများ (၁)

အခုအချိန်မှာရန်ကုန်မှာအမြင့်မားဆုံးဟာ အဆောက်အဦတွေမဟုတ်တော့ဘူးညီမလေး။ ရန်ကုန်ရဲ့ကုန်ဈးနှုန်းဟာ ရှန်ဂရီလာ ဟိုတယ်ထက်ပိုမြင့်တယ်၊ ရန်ကုန်ရဲ့ဒုက္ခကတော့ ရန်ကုန်ရဲ့ကုန်ဈေးနှုန်းထက်ပိုမြင့်ပြန်တယ်။ ရန်ကုန်ရဲ့ ဒုက္ခထက်ပိုမြင့်တာဘာလဲသိလားညီမလေး။ ရန်ကုန်ရဲ့ ‘ဒေါသ’ပေါ့။

Facebook