Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ဝမ်း​ရောဂါဖြစ်ပွားသူဆက်တိုး​နေပြီး ၆၀၀ ခန့်အထိရှိလာ

ကာလဝမ်း​ရောဂါဖြစ်ပွားသူ ၁၄၀​ကျော်ရှိ

(ရန်ကုန်မြို့လယ်ကလမ်း​ဘေးဆိုင်အချို့ပိတ်ထားတာကို​တွေ့ရစဥ်။ဓါတ်ပုံ-တီအာ)

သြဂုတ်-၁၈၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာဝမ်းပျက် ၊ဝမ်း​လျှော​ရောဂါ​ကြောင့်​ဆေးရုံတက်​ရောက်ကုသရသူ ဆက်တိုက်တိုး​နေပြီး ၆၀၀ နီးပါးရှိ​နေပြီလို့စစ်တပ်လက်​အောက်ခံ ကျန်းမာ​ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက​ပြောပါတယ် ။

“ဝမ်းပျက်ဝမ်းလျှောလူနာက ၆၀၀ နီးပါးအထိရှိလာပြီ။ လူနာကတိုးတိုးလာတယ်။ ဆေးရုံတတ်တဲ့လူနာတွေကိုတောင် တစ်ရက်လောက်ပဲ ဆေးရုံမှာကုသပေးနိုင်တယ်”လို့အထက်ပါတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်း​လျှော​ရောဂါအများဆုံးဖြစ်​နေတာဟာ မြို့တွင်းမြို့နယ်​တွေဖြစ်တဲ့ လသာ ၊လမ်းမ​တော်၊ကျောက်တံတားပန်းပဲတန်းစတဲ့မြို့နယ်​တွေဖြစ်တယ်လို့သူကဆက်​​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်တပ်ရဲ့ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေးကလည်း ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ သြဂုတ် ၁၆ ရက်အထိ့ ၅၀၀ ဦးရှိလာပြီဖြစ်တယ်လို့ စစ်တပ်လွှတ်တော်မှာပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၉ ရက်ကနေ ၁၆ ရက်အထိဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀၀ ဦးအထိရှိပြီး ရောဂါပျောက်ကင်းပြီး ဆေးရုံကနေ လူနာ (၂၈၈) ဦး ဆေးရုံဆင်းသွားတယ်လို့ သူကဆိုပါတယ်။ ဒီအ​ရေအတွက်​တွေဟာ အစိုးရ​ဆေးရုံ ၊ပုဂ္ဂလိက​ဆေးရုံ​တွေမှာတက်​ရောက်ကုသရတဲ့ လူနာအ​ရေအတွက်ပဲဖြစ်ပါတယ် ။ဝမ်း​ရောဂါဖြစ်​ပေမယ့် ​ဆေးရုံမတက်သူ ၊​ဆေးခန်း​တွေမှာပဲ ပြလိုက်သူ များစွာရှိ​သေးတယိလို့ ရန်ကုန်မြို့​နေပြည်သူအချို့က​ပြောပါတယ်။

လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောတွေထဲမှာကာလဝမ်း​ရောဂါ(သို့မဟုတ်)ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါ(Cholera Positive)လူနာ ၁၄၀ ဦး နဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက စစ်ဆေးအတည်ပြုထားတဲ့ Vibrio CholeraPositive လူနာ(ကာလဝမ်း​ရောဂါဖြစ်​စေနိုင်တဲ့ဘက်တီးရီးယားပိုး​တွေ့လူနာ) ၉ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ပို့ပေးရတာဆိုတော့ သိတယ်။ လူနာများများလာတယ်။ ဆေးရုံကဆင်းတဲ့လူနာတွေလည်းရှိပါတယ်။ အစားအသောက်တွေကို မှာစားတာပဲဖြစ်ဖြစ် ဝယ်စားတာပဲဖြစ်ဖြစ်ဆင်ခြင်သင့်တယ်။အများစုက အစားအသောက်ကြောင့်ဖြစ်တာ။ပြီးတော့ရေကြောင့်လည်းဖြစ်တာပါတယ်။ အဲဒီဝမ်းပျက်ဝမ်းလျှောက မြို့နယ်တိုင်းလိုလိုမှာဖြစ်နေပြီ” လို့ ဝမ်း​ရောဂါလူနာ​တွေကို​ဆေးကုသနိုင်ဖို့ ကူညီပေးသူတဦးကပြောပါတယ်။

လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးသူတစ်ဦးတည်းသာရှိတယ်လို့စစ်​ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဝမ်း​ရောဂါ​တွေဖြစ်တာဟာ လမ်း​ဘေး​ဈေးသည်​တွေ​ကြောင့်လို့ စစ်တပ်ကသုံးသပ်ပြီး ရန်ကုန်မြို့တွင်းမှာရှိတဲ့ လမ်းဘေးစျေးသည်တွေကိုလည်း ဒေသန္တရအမိန့်နဲ့ တစ်ပါတ်တိတိပိတ်ခိုင်းထားပါတယ်။

လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာဝမ်း​ရောဂါဖြစ်ပြီး လမ်း​ဘေး​ဈေးသည်​တွေရဲ့​ဈေးဆိုင်​တွေ ပိတ်ထားရ​ပေမယ့် စား​သောက်ဆိုင်​တွေက ပုံမှန်ဖွင့်လှစ်​နေပြီး စား​သောက်သူ​တွေလည်း ပုံမှန်အတိုင်းရှိ​နေတယ်လို့ ရန်ကုန်မြို့ ခံအချို့က​ပြောပါတယ် ။

ရန်ကုန်မှာ ဝမ်း​ရောဂါဖြစ်​နေတာ​ကြောင့်ဆေးဆိုင်​တွေက BPI ဓါတ်ဆားထုတ်ဝယ်လိုအားများလာပြီး အရင်က တစ်ထုပ် ၅၀၀ ကျပ်က​နေ ၁၀၀၀ ကျပ်အထိ​ဈေးတက်လာတယ်လို့ မြို့ခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ဝမ်းရောဂါ မဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ပကဖ အသံက ဒီကနေ့ (သြဂုတ် ၁၆) ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာ​ကြောင့်ပြည်သူ​တွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့​နေပြည်သူတွေကပြောပါတယ်။

Facebook