Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား အစိုးရ မီဒီယာ ရှုတ်ချ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ စတင်ခဲ့တဲ့ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားအပေါ် ပြောင်ပြောင်တင်းတင်းနဲ့ ချက်ချင်းလက်ငင်း ခြိမ်းခြောက်လိုက်မှုကြီး ဖြစ်တယ်လို့ KCNA သတင်းဌာနက ဩဂုတ် ၁၉ ရက်နေ့မှာ စွပ်စွဲခဲ့ပါတယ်။

တစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အီရန်စစ်ပွဲမှာ တောင်ကိုရီးယားက အမေရိကန်ကို အကူအညီပေးဖို့ ငြင်းဆန်ခဲ့ကြောင်း စွပ်စွဲပြီး အခုနှစ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် ပါဝင်မှုကို သိသိသာသာ လျှော့ချဖို့ အမိန့်ပေးခဲ့ပါတယ်။

KCNAရဲ့ ထုတ်ပြန်ချက်မှာတော့ ထရမ့်ရဲ့ အဲဒီအမိန့်နဲ့ ပတ်သက်ပြီး တစ်ခုခု ထည့်သွင်းရည်ညွှန်းထားတာမျိုး မရှိခဲ့ပါဘူး။ ထရမ့်ကတော့ မဟာမိတ် နှစ်နိုင်ငံကြားက စစ်ရေးလေ့ကျင့်မှုဟာ မသင့်တော်သလို ရန်လိုတဲ့ သဘောမျိုး ဆောင်နေတယ်လို့ မှတ်ချက်ပေးခဲ့သလို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကို ချီးကျူးစကား ပြောခဲ့ပြီး တောင်ကိုရီးယားကိုတော့ အီရန်စစ်ပွဲ အကြောင်းပြချက်အတွက် ဝေဖန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KCNAရဲ့ အတွေးအမြင် ဆောင်းပါးတစ်ပုဒ်မှာတော့ အမေရိကန်-တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကိုရော၊ ဒေသရဲ့ လုံခြုံရေးကိုပါ အပွင့်လင်းဆုံးနဲ့ လက်ငင်းအကျဆုံး ခြိမ်းခြောက်လာမှု တစ်ခုလို့ တံဆိပ်ကပ်ထားခဲ့ပါတယ်။

ရန်သူတွေဖက်က ပိုပြီး ထင်သာမြင်သာ ခြိမ်းခြောက်လာတဲ့ အခြေအနေတွေမှာ မြောက်ကိုရီးယားကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ခြိမ်းခြောက်မှုတွေကို ချေဖျက်ဖို့ လုပ်သင့်တာတွေ လုပ်ဆောင်သွားမယ်လို့ KCNAက ဆိုပါတယ်။

ထရမ့်က သူဟာ ကင်မ်နဲ့လည်း လူချင်းထပ်တွေ့ပြီး စကားပြောချင်တယ်လို့ မှတ်ချက်ပေးထားပေမယ့် အဲဒီကိစ္စကိုလည်း KCNAက ထည့်သွင်းရည်ညွှန်းခဲ့တာ မရှိပါဘူး။

တောင်ကိုရီးယားဟာ မြောက်ပိုင်းက ပြိုင်ဘက် ကွန်မြူနစ် နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ အမေရိကန်ရဲ့ စစ်ရေး အကူအညီကို အလေးအနက် အားကိုးထားရပါတယ်။ တောင်ကိုရီးယားမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်အင်အား ၂၈၅၀၀ လောက်ထိ ရှိနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ဒေသလုံခြုံရေးအတွက် အထူးအရေးတကြီး လိုအပ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ အဆက်အသွယ်တွေ ရှိနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မဟာမိတ် တောင်ကိုရီးယား နိုင်ငံနဲ့ နှစ်စဉ် ပူးပေါင်းပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု အစီအမံတွေကို အခုနှစ်မှာ ပမာဏ သိသိသာသာ လျှော့ချမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook