Connect with us

Hi, what are you looking for?

ဆောင်းပါး

ဆလိုင်းရိုးချင်း( သို့မဟုတ်) လင်းလက်ဆဲမှာ ကြွေတဲ့ကြယ်

ရခိုင်ရိုးမတောင်ခြေတနေရာတွင် သေနတ်သံစဲသွားပြီး မိနစ်ပိုင်းအတွင်း ခပ်တိုးတိုးနှင့်ငြင်ငြင်သာသာစကားပြောဆိုသံကြားပါက ထိုအသံပိုင်ရှင်သည် ဆလိုင်းရိုးချင်းပင်ဖြစ်သည်။

ကဖေး/People’s Spring

ရခိုင်ရိုးမတောင်ခြေတနေရာတွင် သေနတ်သံစဲသွားပြီး မိနစ်ပိုင်းအတွင်း ခပ်တိုးတိုးနှင့်ငြင်ငြင်သာသာစကားပြောဆိုသံကြားပါက ထိုအသံပိုင်ရှင်သည် ဆလိုင်းရိုးချင်းပင်ဖြစ်သည်။

ဆလိုင်းရိုးချင်း။လူထုနှင့်အတူ သူယုံကြည်သည့်အမှန်တရားအတွက် သေနတ်ကိုင်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးရဲဘော်ဖြစ်သော်ငြား ခက်ထန်ကြမ်းတမ်းခြင်း အလျဉ်းမရှိ။ သူ့ဟန်ကညတည်ငြိမ်ပြီး စကားသံကအမြဲတစေ ငြင်သာသည်။ တိုးတိုးငြင်သာစကားပြောခြင်းသည် သူ့ ကိုင်ပိုင်ဟန်ဖြစ်သည်။

” ကျနော်တို့က တွေဝေနေလို့မရဘူး။ လူထုအတွက်အလုပ်လုပ်ရမယ်”

Public Service Announcement

Public Service Announcement

“ကျနော်တို့ဒုက္ခတွေကို မငြီးတွားချင်ပါဘူး။ အလုပ်ပဲ အာရုံစိုက်ရမယ်”

“စစ်အာဏာရှင်တော်လှန်ရေးအနိုင်တိုက်နိုင်မှ လူထုအပေါ်တာဝန်ကျေမယ်”

သူ့ယူဆချက်နှင့်ခံယူချက်ကို ဆလိုင်းရိုးချင်းက အထက်ပါအတိုင်းမကြာခဏပြောပြတတ်သည်။ ပြောတိုင်းမှာ လေသံ အေးအေးငြိမ့်ငြိမ့်ပင်။ စစ်အာဏာရှင်တော်လှန်ရေးကာလတွင် ရင်ဆိုင်နေရသည့်ဒုက္ခတွေကို သူဘယ်တော့မှမညည်းညူခဲ့။ ပင်ပန်းကြောင်းညည်းညူသံ သူ ဖွင့်ဟ‌ပြောဆိုခြင်းမရှိခဲ့။

တိုက်ပွဲဧရိယာထဲမှ အရှိုချင်းတိုင်းရင်းသားတွေအပါအဝင် ဒေသခံများ၏ ဆင်းရဲဒုက္ခများကိုလည်းသူရှေ့တန်းမတင်ခဲ့။သူ့ယုံကြည်ချက်ကရှင်းလင်းသည်။ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်။တော်လှန်ရေးအောင်မြင်သည့်တစ်နေ့တွင် လူထုလူတန်းစားပေါင်းစုံ ပျော်ရွှင်ကြရလိမ့်မည်ဟု သူပြောဆိုခဲ့ဖူးသည်။

သူတို့အရှိုချင်းတိုင်းရင်းသားတွေ၏ ရဲရင့်မှုကိုပင်ကြွားလုံးမထုတ်ခဲ့ပါ။ယုံကြည်ချက်အတိုင်း တည်တည်ငြိမ်ငြိမ်နေထိုင်ပြီး တော်လှန်ရေးကိုသာအာရုံစိုက်ခဲ့သည်။ သူသည် တိတ်တဆိတ် လင်းလက်နေသော ကြယ်တစ်စင်းပင်ဖြစ်သည်။

ဆလိုင်းရိုးချင်းအကြောင်း အရိက်အမြွက်မိတ်ဆက်ပေးပါမည်။ တဆက်တည်းတွင် ဝမ်းနည်းဖွယ်သတင်းစကားကို ကြားရဖို့ ရှိလာပါလိမ့်မည်။

လူငယ်တော်လှန်ရေးရဲဘော် ဆလိုင်းရိုးချင်းသည်အရှိုချင်းတိုင်းရင်းသားဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုတော်လှန်ရေးထဲခြေစုံပစ်ဝင်ပြီး ချင်းကာကွယ်ရေးတပ် – အရှို(CDF Asho) ကို ဖွဲ့စည်းသည်။ချင်းမျိုးနွယ်စုအားလုံးနှင့်အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု CDF အရှိုက ကြေညာခဲ့သည်။

ဆလိုင်းရိုးချင်း ဦးဆောင်သည့်CDF အရှိုသည်အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်များစွာ၏မဟာမိတ်ဖြစ်သည်။မဟာမိတ်ရဲဘော်များ၏ချစ်ခင်လေးစားမှုသည်သူ၏တည်ရှိမှုဖြစ်သည်။ NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနှင့်လည်းတိုက်ပွဲများစွာဝင်ခဲ့သည်။

နွေဦးတော်လှန်ရေးတိုက်ပွဲတွေအနက် အပြင်းထန်ဆုံးနှင့်အချိန် အကြာဆုံးတိုက်ပွဲဟု နာမည်ကြီးသည့် ရခိုင်ရိုးမ နှင့် မကွေးတိုင်းစပ်စပ်ဒေသမှနတ်ရေကန်ဗျူဟာတိုက်ပွဲတွင် CDF အရှိုနှင့်အတူ ဆလိုင်းရိုးချင်းပါဝင်ခဲ့သည်။ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှ ကပစ(၁၆)၊ဥသျှစ်ပင်မြို့အခြေစိုက်ကပစ(၆)တို့ကို ဦးတည်သည့်စစ်ဆင်ရေးများတွင် AAနှင့် မဟာမိတ်ရဲဘော်များနှင့်အတူဆလိုင်းရိုးချင်းရှ်ိခဲ့သည်။

မကွေးတိုင်းအတွင်း မင်းဘူး-ငဖဲလမ်းပိုင်းမှ စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်သည့်စစ်ဆင်ရေးများတွင် သူပါဝင်ခဲ့သည်။ စစ်တပ်အပြည့်အဝထိန်းချုပ်ထားသည့် ငဖဲမြို့ထဲအထိ ဝင်လာပြီး ဒေသခံတော်လှန် လူထုကိုစိတ်ဓာတ်တက်ကြွစေခဲ့သည်။

ဆလိုင်းရိုးချင်းနှင့် CDF အရှို၏ တော်လှန်ရေးခရီးသည် ကြမ်းတမ်းသလောက် စိတ်ပိုင်းရော ရောရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ခဲ့ကြသည်။

ဒီလိုနှင့်တိုက်ပွဲအလီလီနွှဲရင်းပင်နွေဦးတော်လှန်ရေးသည် ၅နှစ်ကျော်ကာလသို့ရောက်လာသည်။ဆလိုင်းရိုးချင်းသည်လည်း CDF အရှိုနှင့်အတူ တော်လှန်ရေးခရီးဆက်နေခဲ့သည်။သို့သော်ဆလိုင်းရိုးချင်းသည်သူယုံကြည်သောတော်လှန်ရေးနှင့်သူမျှော်လင့်သောနိုင်ငံ၊ သူချစ်သော ရဲဘော်များကို စွန့်ခွာချိန်ရုတ်တရက်ရောက်လာခဲ့လေသည်။

ဆလိုင်းရိုးချင်းနှင့်အတူ CDF အရှိုတပ်ဖွဲ့ဝင်ခြောက်ဦးသည် ဩဂုတ်လ၁၄ရက်နေ့က ငဖဲမြို့နယ်အတွင်း ရိက္ခာသွားသယ်ကြစဉ် စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တပ်ဖွဲ့ဝင်တွေပေါ်အမြဲတစေ ဦးဆောင်နိုင်စွမ်းရှိခဲ့သောဆလိုင်းရိုးချင်းသည် ရုတ်တရက် ခြုံခိုတိုက်ခိုက်ခံရသည့်ဒီတိုက်ပွဲတွင်လည်း ‌ရှေ့ဆုံးမှပင် တိုက်ပွဲဝင်ခဲ့သည်။ သူနှင့်အတူ CDF Asho တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။ ဆလိုင်းရိုးချင်းတစ်ယောက် တော်လှန်ရေးလမ်းခုလတ်တနေရာတွင် နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်သည်။

တွေ့၊ကြုံ၊ဆုံ၊ကွဲလောကဓမ္မတာကို ဆလိုင်းရိုးချင်းနှင့်CDFအရှိုကပြသည်။ဆလိုင်းရိုးချင်းသည် တော်လှန်ရေးတာဝန်များကို အသက်နှင့် ခန္ဒာ စွန့်၍တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းစွာအနားယူနိုင်ပြီဟု CDF အရှိုက ဝမ်းနည်း ကြောင်းအမိန့်စာထုတ်ပြန်သည်။

တော်လှန်ရေးတာဝန်တွေ ကျေပွန်စွာပြီးဆုံးသွားပြီဖြစ်လို့ “သင်သွားလိုရာ သွားနိုင်ပြီ”ဟု CDF အရှိုအမိန့်စာမှာဖော်ပြထားပြီး”တပ်ဦးချုပ်ဆလိုင်းရိုးချင်းကောင်းရာသုဂတိလားပါစေ”ဟုဆုတောင်းထားသည်။

တိတ်တဆိတ် လင်းလက်နေသော ကြယ်တစ်စင်း ရခိုင်ရိုးမဝန်းကျင်တစ်နေရာတွင်ကြွေလွင့်သွားခဲ့​ပြီဖြစ်သည်။မကျဆုံးမီလအနည်းငယ်တွင် လူထုတော်လှန်ရေးနှင့်ပတ်သက်သော သူ့အမြင်ကို ဆလိုင်းရိုးချင်းကရခိုင်ရိုးမအခြေတစ်နေရာကနေ လေသံခပ်အေးအေးဖြင့် ဖွင့်ဟခဲ့ဖူးသည်။

” ကျတော်တို့က ငြီးတွားနေဖို့အချိန်မရှိဘူး။ လူထုက်ိုဗဟိုပြုရမယ်။လူထုအတွက်တော်လှန်ရေးကို အားလုံးပေါင်းပြီး ဟန်ချက်ညီညီ အရှိန်မြှင့်စေချင်ပြီ” ။

(ဓါတ်ပုံ- CDF အရှို ၊ဆလိုင်းရှိုချင်းFB)

ဆက်စပ်သတင်းများ

Facebook