Connect with us

Hi, what are you looking for?

သတင်း

ဘိန်းဘုရင်ခွန်ဆာရဲ့ ညာလက်ရုံးအဖြစ်သတ်မှတ်ခံရသူလွတ်ငြိမ်းနဲ့လွတ်လာ

တော်ဝင်မိသားစုရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရဘိန်းဘုရင်ခွန်ဆာရဲ့ ညာလက်ရုံးအဖြစ်သတ်မှတ်ခံရသူအခုအခါမှာ အသက် ၈၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မူးယစ်ရာဇာတစ်ဦးကို ထိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က လောတဆန်လီ ကိုတွေ့ရပုံ (ဓာတ်ပုံ - AFP)

သြဂုတ် -၁၇ ၊၂၀၂၆

တော်ဝင်မိသားစုရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရဘိန်းဘုရင်ခွန်ဆာရဲ့ ညာလက်ရုံးအဖြစ်သတ်မှတ်ခံရသူအခုအခါမှာ အသက် ၈၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မူးယစ်ရာဇာတစ်ဦးကို ထိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

လောတဆန်လီဟာထိုင်းဘုရင့် မိဖုရားခေါင်ကြီး မွေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေ စာရင်းထဲမှာ ပါဝင်လာခဲ့ကြောင်း ထိုင်းအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၈၆ နှစ် ရှိပြီဖြစ်တဲ့လောတဟာဘန်ကောက်မြို့ရဲ့ မြောက်ဖက် ၆ မိုင်ကျော်အကွာ၊ နွန်သာဘူရီမှာရှိတဲ့ဘန်ကွမ် ဗဟိုအကျဉ်းထောင်ကြီးထဲမှာ အကျဉ်းချခံထားခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

အကျဉ်းထောင်ကဩဂုတ် ၁၄ ရက်နေ့တုန်းကဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာတင်ပြီးလောတ ပြန်လွတ်တဲ့ အကြောင်းကို အတည်ပြုခဲ့ပါတယ်။

ဘုရင့်မိဖုရားရဲ့အသက် ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်း ချမ်းသာခွင့် ရသူတွေကို ပြန်လွှတ်ပေးတဲ့ အခမ်းအနားကို နွန်သာဘူရီ ပြည်နယ် ရှေ့နေချုပ် အက်ချာရာ ဆရီချမ်က ကြီးမှူးပေးခဲ့ကြောင်း အကျဉ်းထောင်က ထုတ်ပြန်ပါတယ်။

ကွန်မြူနစ်ဆန့်ကျင်ရေးလက်နက်ကိုင်ပြောက်ကျားတစ်ဦး ဖြစ်ခဲ့ဖူးသူ လောတဟာ ၂၀၁၆ အောက်တိုဘာလတုန်းက အဖမ်းခံခဲ့ရပြီး မူးယစ်မှောင်ခိုမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေအတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

မူလကသေဒဏ် ချခံရပေမယ့်နောက်ပိုင်းမှာ ထောင်ဒဏ်တစ်သက်အဖြစ် ပြစ်ဒဏ်ကို ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းကထိုင်းရဲတပ်ဖွဲ့ဟာ သူပိုင်ဆိုင်တဲ့ မက်သမ်ဖက်တမင်း မူးယစ်ဆေး ၂၀ ကီလိုဂရမ်နဲ့ စစ်သုံးလက်နက်တွေ၊ ထိုင်းဘတ်ငွေ ၁ ဘီလီယံကျော်ရှိတဲ့ ဓနဥစ္စာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

သူဟာ ကွယ်လွန်သူ ဘိန်းဘုရင် ခွန်ဆာရဲ့ ညာလက်ရုံးလို့ သတ်မှတ် ခံခဲ့ရပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုစျေးကွက်မှာ ထင်ရှားတဲ့ ဒုစရိုက် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

တစ်ဖက်မှာတော့သူ့ကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ ဦးဆောင်ဦးရွက် နေရာက ပါဝင်ခဲ့သူ ရဲအရာရှိဟောင်း ရီဝတ် ကလင်ကီဆွန်က လောတဟာ လွတ်ငြိမ်းချမ်းသာခွင့် သတ်မှတ်စာရင်းတွေမှာ ခြောက် ကြိမ်တိုင် ပါဝင်ခွင့် ရခဲ့ပြီး ပြစ်ဒဏ်တွေကို ဆက်တိုက် လျှော့ချခွင့် ရလာခဲ့သလို ဩဂုတ် ၁၆ ရက်မှာ အလုံးစုံ လွတ်မြောက်တဲ့ထိ ခံစားခွင့် ရခဲ့တာကို မေးခွန်းထုတ်ခဲ့ပါတယ်။

သူအပါအဝင်လောတကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိတွေဟာ အခုအခါမှာ လက်စားချေ တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် ဖြစ်လာမှာကို စိုးရိမ်ရကြောင်းလည်း ရီဝတ်က ဖွင့်ဟခဲ့ပါတယ်။

လောတဟာဇနီးနဲ့ သားဖြစ်သူ အပါအဝင် ဆွေမျိုးသားချင်း တချို့နဲ့အတူ အဖမ်းခံခဲ့ရတာပါ။

သူ့ဇနီးဟာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပြီး မူးယစ်ဆေး ရောင်းချမှုတွေမှာ အကူအညီ ပေးခဲ့ကြောင်း စွပ်စွဲချက်တွေကို ငြင်းခဲ့တဲ့ သားဖြစ်သူကတော့ သေဒဏ် စီရင်ချက် ချမှတ်ခံခဲ့ရပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

Trending

Facebook