Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်ရေဘေးလာကြည့်တဲ့ရွာ ညဘက် ရုတ်တရက်ရေကြီး၊ လူ ၁ဦးသေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

(စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဩဂုတ် ၉ရက်မှာ ဟင်္သာတမြို့နယ် လဟာပကျေးရွာက ရေဘေးလာရောက်ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဩဂုတ်-၁၈၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လေးမျက်နှာမြို့နယ်မှာ တာကြိုးလို့ ရေသေးသင့်ပြည်သူတွေလာရောက်တိမ်းရှောင်နေတဲ့ လဟာပရွာကို ဒီနေ့ မနက်ပိုင်းကစပြီး ရေဝင်ရောက်လာတာကနေ ညပိုင်းမှာ အခြေအနေပိုဆိုးလာတာလို့ မြို့ခံတွေက ပြောပါတယ်။

” ရေက ကြည့်နေရင်း တက်လာတာကနေ အချိန်မီမရှောင်နိုင်ကြတော့ အနေအထားဖြစ်သွားတာ။ တစ်ယောက်ကတော့ ရေနစ်ပြီး သေဆုံးတယ်။ အလောင်းရတယ်။ ပိတ်မိသွားတာ ၁၅၀လောက်ရှိတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကိုအရေးပေါ် အကူအညီတောင်းထားရတယ်”လို့ ဟင်္သာတမြို့နယ်၊ တလုထ္ထော်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လဟာပရွာနဲ့ တလုထ္ထော်ကျေးရွာဟာ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေ လာရောက်တိမ်းရှောင်နေတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ လဟာပကျေးရွာကို ပြီးခဲ့တဲ့ဩဂုတ် ၉ရက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်ခဲ့ပြီး ရေဘေးသင့်ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာပြီး လေးမျက်နှာမြို့နယ်မှာ တာကျိုးစဉ်ကထက် ရေပိုများနေသလို လဟာပရွာအပါအဝင် ဟင်္သာတ၊ရေကြည်၊ငါးသိုင်းချင်း၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။

မင်းအောင်လှိုင်ရဲ့ခရီးစဉ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ကားလမ်းတွေကိုပိတ်ဆို့ခဲ့တာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေလှူတဲ့ထမင်းထုတ်တွေ သိုးပြီး ပျက်စီးခဲ့ပါသေးတယ်။

လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်ဟာ ဟင်္သာတခရိုင်မှာ ပါဝင်ပါတယ်။ လဟာပရွာကို လေးမျက်နှာမြို့နယ်ဘက်ကရေတွေ ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်းမှာ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ မိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ ဩဂုတ် ၁၃ရက်ကစပြီး ရေပြန်တက်လာတာပါ။

မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရပါတယ်။ တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။တာကျိုး‌ပေါက်ကို Sheet Pile ရိုက်ပြီး ကာရံတဲ့ လုပ်ငန်းလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ကလည်း ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပါတယ်။

မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာကနေလည်း မြစ်ရေကျော်နေလို့ အတွင်းပိုင်းကနေ သဲအိတ်တွေကာနေရပါတယ်။ မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၇၆၅)ပေရှိ တာခြေထောက်မြေထိန်းကွန်ကရစ်နံရံ ကြံ့ခိုင်ရေးကိုလုပ်ဆောင်နေရတယ်လို့ ဌာနဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ဇလွန်မြို့၊ ညောင်ပင်သာရွာက ရေကာတာကိုလည်း သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။

ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းက မြစ်ကမ်း‌ ဘေးမြို့နယ်တွေမှာလည်း ပုံမှန်ထက်မြင့်တက်နေတဲ့အတွက် ဧရာဝတီတိုင်းမှာ မြစ်ရေထပ်မံမြင့်တက်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

Trending

Facebook