Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ရသစာတမ်းငယ်

ကက်စပီယံ (၁) ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က “အဖေများနေ့” တဲ့။...

ရသစာတမ်းငယ်

လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်

ရသစာတမ်းငယ်

အရေးပေါ် ကိစ္စတခုနဲ့ တနေကုန် ခရီးသွားရတယ်။ အမြန်ပြင်ဆင်ရတော့ အချိတ်အဆက်တွေက သိပ်မမိ။ ရန်သူ့နေရာနဲ့ ကွင်းရမယ့်ရွာမှာ ကိုယ်တွေရောက်ခါနီးလေး လေယာဉ်နဲ့ပစ်နေလို့ ပြန်ထပ်ပြီးအဝေးနေ ဝိုက်ပြီး ပြန်ကွင်းရတော့ အချိန်တွေက တော်တော်နှောင်းရော။ မစီးတာကြာတဲ့ ကတ္တရာလမ်းမကြီးပေါ် ခပ်ကြာကြာလေးစီးရချိန်မှာ ဗိုက်ပူက အပေါ်ကတဝဲဝဲနဲ့။ ဒီလိုနဲ့ မြို့နယ်သုံးလေးခုလောက် ဖြတ်လိုက်...

ရသစာတမ်းငယ်

အညာရဲ့ ကောင်းကင်ဟာ တရားလွန် ပြာလဲ့လွန်းနေသည်။ ထိုအပြာရောင်သည် ကလေးငယ်များအတွက် ကစားကွင်း မဟုတ်တော့ဘဲ၊ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် "အပြာရောင်သုသာန်" တခု ဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီ။ တိမ်တိုက်ဖြူဖြူလေးများကတော့ ဘာမှမသိသလို ဟိုတစ ဒီတစ လွင့်မျောနေဆဲ။

ရသစာတမ်းငယ်

ပုခက်ပေါ်ကခုန်ဆင်းတော့ ကြောက်လန့်တကြား ထခုန်ရတဲ့ကိစ္စက မြွေတကောင်ရဲ့အားယူနေတဲ့ပုံကိုမြင်ယောင်မိတဲ့ အခိုက်အတန့်။ သစ်ခက်နွယ်နွယ်တွေယှက်နေတဲ့ မြေကြီးက အစာဝနေတဲ့မြွေလို ငြိမ်သက် ကမ္ဘာဟာဒီရက်ပိုင်း အရှိန်ပြင်းပြင်းနဲ့လည်နေပုံရတယ် ငါတို့ခေါင်းတွေမူးမူးနေတာပဲ။

ရသစာတမ်းငယ်

တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင် ရှိတဲ့...

ရသစာတမ်းငယ်

ကျမတို့ စီးနင်းလိုက်ပါလာတဲ့ လှေကလေးအောက်က ရေပြင်ဟာ အပြာရောင်တောက်ပလို့ နေတယ်။ ရေအရိပ်က ကောင်းကင်အရိပ်နဲ့ တသားတည်း တူညီနေတာကို ငေးကြည့်ရင်း၊ ဒါဟာ ကမ္ဘာမြေမှာ အကြည်လင်ဆုံးသော အချိန်ကာလတခု ရှိနေပြီဆိုတဲ့ သင်္ကေတပဲလို့ ကျမ မှတ်ယူလိုက်တယ်။ ဒီလို ပြီးပြည့်စုံတဲ့ အပြာရောင်နယ်ပယ်ထဲမှာ ကျမဟာ နောက်ဖြစ်လာမယ့်...

ရသစာတမ်းငယ်

ဒဏ္ဍာရီတွေအကြောင်းပြောရတာ သိပ်‌ကြိုက်ခဲ့တယ်။ အခုများတော့လဲ အိပ်ယာ၀င်ပုံပြင်တွေတောင် နားမထောင်ဖြစ်တော့ဘူး။ ပိုပြီးယိုယွင်းလာတဲ့စိတ်၊ ပြီးတော့ ကျ​နော့် ကမ္ဘာကြီး။ ကျ​နော်လဲ ထိုနည်းတူစွာ ယိုယွင်းလာခဲ့ပါတယ်။

ရသစာတမ်းငယ်

■ ဂနိုက် လက်ထဲကိုင်ထားမိတဲ့ တရုတ်လုပ်ဖုန်း စခရင်ရဲ့ အပေါ်ညာဘက်ထောင့်က မှိန်ပျပြီး ကြက်ခြေခတ်ပြထားတဲ့ ဖုန်းလိုင်းပြတိုင်ကလေးတွေကို အကြောင်းမဲ့ ထိုင်ရေနေမိတယ်။ နားဆီမှာ တပ်ထားတဲ့ ခပ်ပေါပေါနားကြပ်စပီကာကနေ ကိုနေဝင်းရဲ့”နောက်ဆုံးအိပ်မက်”သီချင်းက တိုးရှရှ နားအတွင်းဆီတိုးဝင်နေတာကို ခံစားရတယ်။ ဒီနေ့က တနေကုန်နီးပါး မိုးအုံ့လိုက် ပြိုက်ကနဲရွာချလိုက်နဲ့ အလင်းရောင်သေချာမရရှာတော့ ဆိုလာတွေကလဲ...

ရသစာတမ်းငယ်

အဖေ့ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း စိတ်ထဲကနေ အကြိမ်ကြိမ် နှုတ်ဆက်နေမိတယ်။ ပြီးတော့ စိတ်ထဲကနေပဲ နားလည်ပေးပါလို့လည်း ပြောနေမိတာပေါ့။ အဖေဟာ မျက်နှာကျက်ကိုပဲ စူးစိုက်ကြည့်နေတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ အမြဲစိုစွတ်နေတယ်။ ဒါဟာ သူ လေဖြတ်ပြီးနောက်ပိုင်း သူ့ပုံမှန် နေ့စဥ်ပါပဲ။ အမြဲတမ်း အိပ်ယာပေါ်ပက်လက် မျက်နှာကျက်ကလွဲလို့...

Trending

Facebook