Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

တနေ့က မြို့ကလေး၏​ ဘူတာရုံနား ရောက်ဖြစ်ခဲ့သည်။ ဘူတာရုံကလေးသည် လူသူမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ ဘူတာဝန်းကျင် မြက်ပင်ရိုင်းတွေ ထူထပ်စွာ ပေါက်ရောက်နေသည်။ ဘူတာနှင့် မလှမ်းမကမ်းမှာတော့ တစ်ထပ်တဲအိုကြီးတစ်လုံးက ယိုင်နဲ့နဲ့တည်ရှိနေသည်။ ထိုတဲအိုကြီးကိုကြည့်ရင်း ကျနော် ဆွေးဆွေးလျလျဖြစ်ခဲ့ရပါသည်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

ရသစာတမ်းငယ်

ဒီနေရာဟာ တိဗက်ကုန်းပြင်မြင့်ရဲ့ အမြင့်ပေ မီတာ ၅,၀၀၀ ကျော်မှာ ရှိတယ်။ လေက ပါးပါးလေး တိုက်နေတယ်။ အဝေးမှာ ယက် (Yak) တွေ ကျက်စားနေကြတယ်။ ရေခဲတောင်အောက်ခြေက ရေစီးကြောင်းလေးတစ်ခုကတော့ တိတ်တိတ်လေး စီးနေတယ်။ သူ့နာမည် ယန်ဇီ မဟုတ်သေးဘူး။နောင်တစ်ချိန်မှာ အာရှရဲ့ အရှည်ဆုံးမြစ်ကြီးတစ်စင်း...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

ကျမတို့ စီးနင်းလိုက်ပါလာတဲ့ လှေကလေးအောက်က ရေပြင်ဟာ အပြာရောင်တောက်ပလို့ နေတယ်။ ရေအရိပ်က ကောင်းကင်အရိပ်နဲ့ တသားတည်း တူညီနေတာကို ငေးကြည့်ရင်း၊ ဒါဟာ ကမ္ဘာမြေမှာ အကြည်လင်ဆုံးသော အချိန်ကာလတခု ရှိနေပြီဆိုတဲ့ သင်္ကေတပဲလို့ ကျမ မှတ်ယူလိုက်တယ်။ ဒီလို ပြီးပြည့်စုံတဲ့ အပြာရောင်နယ်ပယ်ထဲမှာ ကျမဟာ နောက်ဖြစ်လာမယ့်...

ရသစာတမ်းငယ်

ဒဏ္ဍာရီတွေအကြောင်းပြောရတာ သိပ်‌ကြိုက်ခဲ့တယ်။ အခုများတော့လဲ အိပ်ယာ၀င်ပုံပြင်တွေတောင် နားမထောင်ဖြစ်တော့ဘူး။ ပိုပြီးယိုယွင်းလာတဲ့စိတ်၊ ပြီးတော့ ကျ​နော့် ကမ္ဘာကြီး။ ကျ​နော်လဲ ထိုနည်းတူစွာ ယိုယွင်းလာခဲ့ပါတယ်။

ရသစာတမ်းငယ်

■ ဂနိုက် လက်ထဲကိုင်ထားမိတဲ့ တရုတ်လုပ်ဖုန်း စခရင်ရဲ့ အပေါ်ညာဘက်ထောင့်က မှိန်ပျပြီး ကြက်ခြေခတ်ပြထားတဲ့ ဖုန်းလိုင်းပြတိုင်ကလေးတွေကို အကြောင်းမဲ့ ထိုင်ရေနေမိတယ်။ နားဆီမှာ တပ်ထားတဲ့ ခပ်ပေါပေါနားကြပ်စပီကာကနေ ကိုနေဝင်းရဲ့”နောက်ဆုံးအိပ်မက်”သီချင်းက တိုးရှရှ နားအတွင်းဆီတိုးဝင်နေတာကို ခံစားရတယ်။ ဒီနေ့က တနေကုန်နီးပါး မိုးအုံ့လိုက် ပြိုက်ကနဲရွာချလိုက်နဲ့ အလင်းရောင်သေချာမရရှာတော့ ဆိုလာတွေကလဲ...

ရသစာတမ်းငယ်

အဖေ့ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း စိတ်ထဲကနေ အကြိမ်ကြိမ် နှုတ်ဆက်နေမိတယ်။ ပြီးတော့ စိတ်ထဲကနေပဲ နားလည်ပေးပါလို့လည်း ပြောနေမိတာပေါ့။ အဖေဟာ မျက်နှာကျက်ကိုပဲ စူးစိုက်ကြည့်နေတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ အမြဲစိုစွတ်နေတယ်။ ဒါဟာ သူ လေဖြတ်ပြီးနောက်ပိုင်း သူ့ပုံမှန် နေ့စဥ်ပါပဲ။ အမြဲတမ်း အိပ်ယာပေါ်ပက်လက် မျက်နှာကျက်ကလွဲလို့...

ရသစာတမ်းငယ်

မုန့်တွေ လက်ဆောင်ပစ္စည်းတွေ အစုံအလင်နဲ့ပါပဲ။ ကျ​နော်ဟာ အမေ့ပစ္စည်းတွေ မျက်လုံးတချက် ဝေ့အကြည့်နဲ့တင် တခါတည်း အကြည့်လွှဲပစ်ပြီး လုပ်စရာ ရှိတာ လုပ်နေခဲ့ပါတယ်။ ဆွေမျိုးသားချင်းတွေ ကလေးတွေ မုန့်တွေ ဝေမျှရင်း အမေ့မျက်ဝန်းထဲမှာ ဝမ်းနည်းရိပ်သမ်းနေတာ ကျ​နော် ခံစားမိလိုက်ပါတယ်။

ရသစာတမ်းငယ်

ဆောင်းသွေးရင့် လူတယောက် ကျနော့်ဆီ မက်ဆေ့ပို့ခဲ့ဖူးတယ်။ သစ်လုံးခုံတခုတွင် ထိုင်ရင်း ထွက်ခါနီး ကားတစီးကို လက်ပြမိပါသည်။ ဝင်လာသော ဆိုင်ကယ် အပြာရောင်အား လိုက်ကြည့်ရင်း ရေခဲ့မုန့်ပါလာကြောင်းသိလိုက်၏။ ကလေးများ၏ ဆူညံသံကို ကြားမိပါသည်။ ကျွဲကောသီးသေးသေးလေးတပင်ရဲ့အောက်တွင် ရခိုင်မုန့်တီအိုးက မီးဖိုပေါ်၌ ဆူပွက်နေပါသည်။ ဆစ်ကနယ်နှင့် ဖေ့ဘွတ်မက်ဆင်ဂျာမှ ရောက်လာသော...

ရသစာတမ်းငယ်

သားကြီးရေ . . . . ကိုယ်မင်းကို သိပ်သတိရတာပဲ။ ဒီနေ့ည မိုးတွေသိပ်ရွာတာပဲကွာ။ ကိုယ်နားကြပ်လေးတပ်ရင်း see you again ကိုနားထောင်နေမိတယ်။ ကိုယ်ကြေကွဲမိပေါ့။ ဘာကြောင့်မှန်းမသိဘဲ။

ရသစာတမ်းငယ်

လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်။

Facebook