Connect with us

Hi, what are you looking for?

သတင်း

မြန်မာတွေပါတဲ့ငါးဖမ်းလှေထိုင်းကမ်းလွန်မှာနစ်မြုပ်၊ ၃ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေ

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Chonburi Pr

စက်တင်ဘာ -၂၂၊၂၀၂၆

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

S. Kanchanawari 888 ငါးဖမ်းလှေဟာ စက်တင်ဘာ ၂၁ ရက်ည ဒေသစံတော်ချိန် ၁၀း၀၀ နာရီခန့်က ချွန်ဘူရီ ပြည်နယ်တောင်ဖက် ကမ်းလွန်၊ ဆာမဲဆန်ကျွန်းနားက ဆာမဲဆန် ရေနက်တူးမြောင်းလို့ ခေါ်ဝေါ်တဲ့ ရေလမ်းကြောင်းမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရေပြင်ဟာ နက်ရှိုင်းပြီး ခန့်မှန်းရခက်တဲ့ ပင်လယ် ရေစီးကြောင်းတွေ တည်ရှိတဲ့ နေရာအဖြစ် လူသိများပါတယ်။

Public Service Announcement

Public Service Announcement

စုစုပေါင်း ရေယာဉ်ဝန်ထမ်း ၂၂ ဦး လိုက်ပါသွားတဲ့ ရေယာဉ်ဟာ ပင်လယ်ပြင်မှာ လေပြင်းတွေ တိုက်ခတ်ပြီး လှိုင်းတွေထန်နေတဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ရပြီး နစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။

သင်္ဘောပေါ်မှာ ထိုင်း ၂ ဦးနဲ့ မြန်မာ ၂၀ ဦး လိုက်ပါသွားခဲ့ကြောင်း၊ ၁၅ ဦးကို အနီးတဝိုက်မှာ ရှိနေတဲ့ တခြား ငါးဖမ်းလှေတွေက ကယ်တင်နိုင်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူတွေထဲမှာ ငါးဖမ်းလှေရဲ့ ရေယာဉ်မှူးလည်း ပါဝင်ခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ထားသူ ၁၅ ဦးကိုတော့ ချွန်ဘူရီရှိတဲ့ ဆတ်တာဟစ်ပ် ခရိုင်က ချောင်ဆမဲဆန် ဆိပ်ကမ်းဆီ ပြန်လည် ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။

ထိုင်းရေတပ်ဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့အတွက် Tor 112 ကင်းလှည့်ရေယာဉ်၊ ရေငုပ်သင်္ဘော ရှာဖွေ ထောက်လှမ်းရေး ရဟတ်ယာဉ် တစ်စီးနဲ့ ရေတပ် ရေငုပ်သမားတွေကို အခင်းဖြစ်ရာ ရေယာဉ်ဆီ စေလွှတ်ထားပါတယ်။

ငါးဖမ်းလှေ နစ်မြုပ်မှုနဲ့ ပတ်သက်လို့ ရေကြောင်း ကူးသန်းသွားလာရေးဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Facebook