စက်တင်ဘာ-၂၁၊၂၀၂၆။သတိုး/People’s Spring
ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်ညက တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းမကြီး နန္ဒဝန်ဈေးရှေ့မှာ ဈေးရောင်းပြီးတွန်းလှည်းနဲ့ပြန်လာတဲ့ သားအမိ ၂ဦးကို ကား ၁စီးကဝင်တိုက်ခဲ့တာကြောင့် သမီးဖြစ်သူက အခင်းနေရာမှာတင် သေဆုံးခဲ့တာပါ။
သေဆုံးသူက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကအသိပေးထားပါတယ်။

Public Service Announcement
ဒီဖြစ်စဉ်မှာ ယာဉ်တိုက်မှုကျူးလွန်တဲ့ကားက ထွက်ပြေးသွားတာကြောင့် တောင်ဥက္ကလာပမြို့မရဲစခန်းမှာ အမှူဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်မှာလည်း အမှတ်(၃)လမ်းဆုံ အနီးမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို အုတ်သယ်တဲ့ကားက ဝင်တိုက်ပြီးနေရာမှာတင်ပွဲချင်းပြီး သေဆုဲးခဲ့ပါတယ်။
“အုတ်ကားက လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို မီးပွိုင့်အနီးမှာ ဝင်တိုက်ပြီးတော့ မီးပွိုင့်နားက စီစီတီဗီတိုင်ကိုတိုက်တယ်။ ဝင်တိုက်တဲ့အမျိုးသမီးက ကားအောက်ထဲပါသွားပြီးတော့ နေရာမှာတင် DB(Dead Body) ဖြစ်သွားတယ်” လို့ ပုလဲအရန်မီးသတ်ကအသိပေးထားပါတယ်။



















































