Hi, what are you looking for?
●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...
ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။
အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...
လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။
ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။...
"ဟေ့ ကျွတ်စ် ကျွတ်စ် ညီလေး ပြောင်းဖူးပြုတ်၊မြေပဲပြုတ် ယူဦးမလား'' "ဟေ့လူ ဘယ်မှလဲမစားဘူး ကျွတ်စ် ကျွတ်စ်လဲ ခေါ်စရာ စောက်ကြောင်းမရှိဘူး စောက်ရေးမပါတာ'' ကျနော်ရပ်နေတဲ့ရှေ့ကိုရောက်လာတဲ့ ဆိုင်ကယ်မှာစျေးခုံတွဲထားတဲ့ အော်လံနဲ့ဘဲတဗွေကိုဘုတောတောပစ်လိုက်တယ် ။ဘယ်စောက်ရူးကစလိုက်သလဲတော့မသိဘူး စားသုံးသူကို ကျွတ်စ် ကျွတ်စ် ခေါ်ရမယ်လို့ ။