Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ရသစာတမ်းငယ်

ကက်စပီယံ (၁) ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က “အဖေများနေ့” တဲ့။...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ရသစာတမ်းငယ်

မြရဲလွင် (ဝေးလွင့်ငှက်) သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်… အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။ အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့...

ရသစာတမ်းငယ်

▪︎ဘဘဝ တလရမိတ်ဆွေ တယောက် သတင်းပါးတယ်။ ကိုဘိုရေ “လူတွေ ၅ ယောက်ကျ ၊ ၈ ယောက် ဆေးရုံမှာ ၊ ဖြတ်တောက်ရမှာ ၂ ယောက် … Safety SOP မလိုက်နာလို့ Spark ထွက်ပြီး ထကွဲတာ …”...

ရသစာတမ်းငယ်

ဆောလျန် ဇာတိမြို့ ဗုံးကြဲခံနေရတဲ့ အချိန်တုန်းက အဲဒီမိန်းမက အိပ်ပျော်နေခဲ့တာ။ အိပ်ပျော်နေတယ်ဆိုပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်တော့ ဘယ်ဟုတ်လိမ့်မလဲ။ အိမ်ကနေ အသက်လု ထွက်ပြေးရပြီးကတည်းက နောက်က ကပ်ပါလာတဲ့ ဆင်တူယိုးမှား ခြောက်အိပ်မက်တွေထဲမှာ တဝဲလည်လည် နစ်မြုပ်ရင်း အိပ်တဝက် နိုးတဝက် ဖြစ်ရလေ့ရှိတဲ့ ညများစွာထဲက တညပဲကိုး။ ဇာတိမြို့...

ရသစာတမ်းငယ်

■ ဂနိုက် အချစ် မင်းကိုလွမ်းရတဲ့ညတွေလွန်ပါစေက,စမယ်။ ချုံတွေပိန်းပေါင်းထပ်နေတဲ့ ကူညီပါရစေဆိုင်းဘုတ်ကိုတွေ့တော့ ပျစ်ကနဲမြည်အောင် တံတွေးထွေးခဲ့သေးတယ်။ ချောင်းကမ်းပါးကိုအဆင်း တရွတ်တိုက်နှ စ်ပတ်လိမ့်သွားတော့ ဂျွန်းစလင်းလို့ ငါတို့နောက်ပြီးခေါ်တယ်။ ငါတို့ကလဲငါတို့ပါပဲ ဗုံးသံတွေ ဝုန်းဆန်နေတာတောင် ရေကူးကမပြတ် လစ္စဘွန်းမြို့ပျက်တော့ ပါရီက ကချေသည်တွေလို။ မုန့်အီးဒ်နေ့က ဖာပွန်မှာစမိုင်သောက်တော့ မဆီမဆိုင် ယွန်းစလင်းချောင်းနံဘေးက...

ရသစာတမ်းငယ်

မောင်မူ ၁။ သိတယ်၊ မင်းကို စတွေ့တွေ့ချင်း၊ အဲဒီ တဒင်္ဂခဏမှာပဲ ငါ သိတယ်။ ငါနဲ့မင်းအကြား ဆက်သွယ်ပြောဆိုစရာ ဘာသာဗေဒ မလို။ စကားသံတွေကို တုန်ခါသယ်ပို့ပေးမယ့် ကြားခံလေထုမလို။ ပါးစပ်တွေရဲ့ကိုယ်စား စကားပြောမယ့် လက်ဟန်ခြေဟန်တွေ မလို။ အကြည့်တချက်မှာတင် မင်းကို ငါ ဖောက်ထွင်းမြင်ပြီး...

ရသစာတမ်းငယ်

■ လွန်းညီ (၁) အနမ်းဟာ နှစ် နှစ်ဆယ့်တသန်းရှိခဲ့ပြီလို့ သိပ္ပံ ပညာရှင်တွေ ဖော်ထုတ်ကြသတဲ့။ မောင်တို့ အနမ်းဟာ ဘယ်လောက်ကြာခဲ့ပြီလဲ မမနီ။ အခုတော့ လေးကျော့ပြန် အာဏာသိမ်းအပြီး ‌ခြောက်နှစ်ထဲရောက်ခဲ့ပါပြီ။ မောင့်ကို နမ်းမိတာ ရက်ပေါင်းတရာ့ငါးဆယ်သာသာပါ။ စပါးပင်တွေက ရေအသောက်ဆုံးသီးနှံဆိုရင် မေတ္တာတွေကို ငတ်မွတ်နေသူ...

ရသစာတမ်းငယ်

အချိန်တွေ အပိုင်းအဖြတ်နဲ့ ဖြတ်ကျော်နေရင်း တယောက်ယောက်ကို စောင့်စားရတဲ့ ချိုမြိန်မှုဟာ နှလုံးသားကို ငြိမ်းအေးစေတယ်။ ပီတိဖြစ်စေတယ်။ မျက်စပစ်ပြီး လူတယောက်ကို ဘဝထဲ ခေါ်လာခဲ့ကြတာတော့ မဟုတ်ခဲ့ပါဘူး။ ကဗျာတွေရေးရင်း အမှန်တရားဆီ သွားနေရင်း နှလုံးသားရဲ့ ရင်ခုန်မှုကို လိုက်လျောခဲ့လိုက်ပါတယ်။

ရသစာတမ်းငယ်

“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။

Trending

Facebook