Connect with us

Hi, what are you looking for?

ဆောင်းပါး

ကက်စတီလို လွတ်မြောက်မှု၊မြေရှားသတ္တုနှင့် မင်းအောင်လှိုင်၏ တရားဝင်ရေး ကြိုးပမ်းမှု

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်
လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့ အရှေ့တောင်အာရှရေးရာ မူဝါဒလေ့လာသုံးသပ်သူနဲ့ စာရေးဆရာ ဂျိမ်းစ် အိတ်ချ် ရွှေ (James H. Shwe) က Asia Times မှာအောက်ပါအတိုင်း သုံးသပ်ရေးသားထားပါတယ်။

မြေရှား | Rare Earth Watch

မဲခေါင် ရေးသားသည်။

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်
လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့ အရှေ့တောင်အာရှရေးရာ မူဝါဒလေ့လာသုံးသပ်သူနဲ့ စာရေးဆရာ ဂျိမ်းစ် အိတ်ချ် ရွှေ (James H. Shwe) က Asia Times မှာအောက်ပါအတိုင်း သုံးသပ်ရေးသားထားပါတယ်။

၂၀၂၆ ခုနှစ်၊စက်တင်ဘာ၁၈ရက်မှာမြန်မာနိုင်ငံအတွင်း ထိန်းသိမ်းခံထားရတဲ့
အမေရိကန်နိုင်ငံသားတဦးကိုပြန်လည်လွတ်မြောက်လာအောင် ကူညီနိုင်ခဲ့တာဟာ သံတမန်ရေးအရ အောင်မြင်မှု တစ်ရပ်လို့ ဆိုနိုင်ပါတယ်။ သို့သော် ဝါရှင်တန်အနေနဲ့ မိမိနိုင်ငံသားကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒီအောင်မြင်မှုကိုအကြောင်းပြကာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တွေအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ အမှားတစ်ရပ် ဖြစ်သွားပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရေတပ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များအသင်း (AMCHAM) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ အဒမ် ကက်စတီလိုဟာ စစ်အုပ်စုရဲ့ ထိန်းသိမ်းမှုကို သုံးလနီးပါး ခံခဲ့ရပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။

သူ့မိသားစုကို ကူညီပေးနေတဲ့ Global Reach အဖွဲ့အစည်းကတော့ဒီလွတ်မြောက်မှုဟာ ထရမ့်အစိုးရအဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်လာတာလို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ မင်း‌အောင်လှိုင်ရဲ့စစ်အုပ်စုက ဒီလို လွှတ်ပေးမှုကို နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတတစ်ရပ်အဖြစ် ပုံဖော်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဒီလုပ်ရပ်ဟာ သံတမန်ရေးရာချစ်ကြည်ရင်းနှီးမှုကို ဖော်ပြတာထက် နိုင်ငံရေးတရားဝင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ လှည့်ကွက်တစ်ရပ်သာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ကက်စတီလို လွတ်မြောက်မှုနဲ့ ပတ်သက်တဲ့ သတင်းအစီရင်ခံစာတွေမှာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့ပေးဖို့ ဒါမှမဟုတ် သတ္တုတွင်းဆိုင်ရာ သဘောတူညီချက်တွေ ပြုလုပ်ဖို့ ကတိကဝတ်ပေးခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးတွေတော့ မတွေ့ရပါဘူး။

စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ဘန်ကောက်ကနေ နေပြည်တော်ကို ရောက်ရှိလာပြီး နောက်တစ်နေ့မှာ အမေရိကန်လေတပ် လေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားတဲ့မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေးတဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီးလည်း လျှို့ဝှက်သဘောတူညီချက်တစ်စုံတစ်ရာရှိခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ အဓိက စိုးရိမ်ရမယ့်အချက်က အမေရိကန်နဲ့ စစ်ခေါင်းဆောင်မင်းအာင်လှိုင်ကြား လျှို့ဝှက်သဘောတူညီချက် ရှိ၊ မရှိ ဆိုတာထက် သံတမန်ရေးရာ အောင်မြင်မှုတစ်ခုတည်းကို အကြောင်းပြပြီး စစ်‌အုပ်စုက သူတို့နဲ့ မထိုက်တန်တဲ့ နိုင်ငံရေးတရားဝင်မှုကို ရယူဖို့ ကြိုးပမ်းလာမလား ဆိုတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အကြောင်းပြချက်မခိုင်လုံဘဲ လပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ ထင်ရှားတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးခဲ့တာတစ်ခုတည်းနဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးတရားဝင်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

ဝါရှင်တန်ဘက်က မြန်မာ့အရေးကို သုံးသပ်ထားတဲ့ အချက်တွေကလည်း ဒီအခြေအနေကို ထောက်ပြနေပါတယ်။စက်တင်ဘာ ၁၅ လွှတ်တော်ကို ပေးပို့ခဲ့ပြီး နောက်တစ်နေ့မှာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကလည်း ထောက်ပြနေပါတယ်။

ဒီထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှု ကွန်ရက်ရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ပြန်လည် ရပ်တည်လာနေပြီဆိုတာကို ကမ္ဘာ့အဆင့်မှာ မီးမောင်းထိုးပြလိုက်တာဖြစ်ပြီးစစ်အုပ်စုရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပျက်ကွက်မှုကိုလည်းအထင်အရှား သက်
သေပြလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်အဲဒီဆုံးဖြတ်ချက်မှာအမေရိကန်ရဲ့ အကူအညီတွေဟာ အမေရိကန် အမျိုးသားအကျိုးစီးပွား အတွက် ဆက်လက်အရေးကြီးနေဆဲဖြစ်ကြောင်း ဖော်ပြထားပေမယ့် ဘယ်အဖွဲ့အစည်းကို အကူအညီ ပေးမယ်ဆိုတာကို တိတိကျကျ သတ်မှတ်ထားခြင်း မရှိပါဘူး။

ဥပဒေအရသဘာဝဘေးအန္တရာယ်ကူညီရေး၊ အစားအသောက်၊ ဆေးဝါးနဲ့ ဒုက္ခသည်ကူညီရေးတွေ ကလည်း ခြွင်းချက်အဖြစ် ရှိပြီးသား ဖြစ်ပါတယ်။ အဲဒီသုံးသပ်ချက်ထဲမှာ ဘယ်နေရာမှာမှမြန်မာစစ်အာဏာရှင်ကိုအပြစ်ကင်းစင်တဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။

ကက်စတီလိုဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိAMCHAM ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေစဉ် အသင်းနာမည်ကို အသုံးပြုပြီး အမေရိကန်-ဗမာ စီးပွားရေးဖိုရမ်ကို စည်းရုံးရေးအဖွဲ့တစ်ခုအဖြစ် ထူထောင်ခဲ့တယ်လို့ AMCHAM ကတိုင်ကြားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာလည်း သူဟာ ဝါရှင်တန်အခြေစိုက် Mercury LLC ပြည်သူ့ဆက်ဆံရေးကုမ္ပဏီနဲ့ အမေရိကန်ဒေါ်လာ သုံးသိန်းတန် စာချုပ်ချုပ်ဆိုပြီး တွေ့ဆုံပွဲတွေနဲ့ အခမ်းအနားတွေ စီစဉ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

AMCHAM ရဲ့ တိုင်ကြားချက်အရ ကက်စတီလိုဟာ အသင်းနာမည်ကို အသုံးပြုပြီး ရန်ပုံငွေတွေကို တရားမဝင် ကောက်ခံခဲ့သလို အဲဒီငွေတွေကိုအသင်းရဲ့ဘဏ်အကောင့်ထဲ ထည့်
သွင်းခဲ့ခြင်း မရှိဘူးလို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် ကက်စတီလိုကတော့ အဲဒီစွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

ကက်စတီလိုက BBC ကို ပြောကြားရာမှာ သူနဲ့ သူ့ကုမ္ပဏီဟာ မြန်မာစစ်အစိုးရကိုယ်စား ဘယ်လို စည်းရုံးဆော်ဩမှုမျိုးမှ မလုပ်ခဲ့သလို၊ သူတို့ရဲ့ ဆက်စပ်ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးဖို့ အမေရိကန်တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာလည်း မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူ လွတ်မြောက်လာခဲ့ပေမယ့် သူလွတ်မြောက်မှုက ဒီအငြင်းပွားမှုကို အဆုံးသတ်ပေးနိုင်တာမျိုး မဟုတ်သလိုအမှုနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့အဖြေလည်းမပေးနိုင်သေးပါဘူး။

Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ ကက်စတီလိုဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ရဲ့ အကြံပေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာသဘောတူညီချက်တစ်ရပ်ရရှိရေး၊ သတ္တုတွင်းထွက်တွေကို အိန္ဒိယကနေတစ်ဆင့် တင်ပို့နိုင်ရေးအတွက် အမေရိကန်က ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာဗန့်စ်ကိုယ်တိုင်မပါဝင်ခဲ့သလို ဆွေးနွေးမှုတွေဟာမူဝါဒချမှတ်တဲ့အဆင့် မဟုတ်ဘဲ အကြိုညှိနှိုင်းမှုသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကက်စတီလို လွတ်မြောက်လာတာကို ကြိုဆိုရပေမယ့် သူတင်ပြခဲ့တဲ့ မြန်မာ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်တွေကိုတော့ သေချာစွာ စိစစ်ဖို့ လိုအပ်တယ်လို့ ဆောင်းပါးကသုံးသပ်ထားပါတယ်။

အဓိကပြဿနာကတော့ အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒါမှမဟုတ် သတ္တုတွင်းဆိုင်ရာ သဘောတူညီချက်တွေ လုပ်သင့်၊ မလုပ်သင့် ဆိုတာထက်၊ သယံဇာတဆိုင်ရာ သဘောတူညီချက်တစ်ခုတည်းကြောင့်လက်ရှိလက်နက်ကိုင်ပဋိပက္ခကိုမဖြေရှင်းနိုင်ဘဲ စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရား
ဝင် အုပ်ချုပ်ရေးသူ အဖြစ် အသိအမှတ်ပြလိုက်သလို ဖြစ်သွားနိုင်တာပဲ ဖြစ်ပါတယ်။

ဒေသအလိုက် သဘောတူညီချက်တစ်ခုဟာ အကြမ်းဖက်မှုတွေကို အမှန်တကယ် လျှော့ချပေးနိုင်ပြီးဒေသခံပြည်သူတွေရဲ့ဆန္ဒနဲ့ ရွေးချယ်ပိုင်ခွင့်ကို လေးစားထားမယ်ဆိုရင် အဲဒီဒေသအတွက် အကျိုးရှိနိုင်ပါတယ်။ ကချင်နဲ့ အခြားတိုင်းရင်းသားပြည်သူတွေမှာလည်း သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။

ဒါပေမယ့် ဒေသတစ်ခုအတွက် ရရှိလာတဲ့ သဘောတူညီချက်ကို တစ်နိုင်ငံလုံးရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြဿနာကို ဖြေရှင်းပြီးပြီလို့ မယူဆသင့်ပါဘူး။ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဒါမှမဟုတ် နိုင်ငံခြားအစိုးရတစ်ရပ်က မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်နဲ့ သယံဇာတကိစ္စတွေကို ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

Stimson Center သုတေသနအဖွဲ့ရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက သတ္တုတွင်းတွေဟာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ ထိန်းချုပ်အောက်မှာ ရှိတာကို တွေ့ရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြေရှားသတ္တုတွင်း အများစုကိုသိမ်းပိုက်ခဲ့ပြီး၊တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်း
ချုပ်နယ်မြေတွေမှာလည်း သတ္တုတွင်းအသစ်တွေ ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ထွက်တဲ့ မြေရှားသတ္တုအများစုဟာ ဒီနေ့အထိ တရုတ်နိုင်ငံကို ကုန်းလမ်းကတစ်ဆင့် တင်ပို့နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် နေပြည်တော်မှာ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးလိုက်ရုံနဲ့ ၎င်းတို့ ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ သတ္တုတွင်းတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်သလို ဒေသခံပြည်သူတွေရဲ့ သဘောတူညီချက်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ သတ္တုပြုပြင်ထုတ်လုပ်နိုင်တဲ့ အခြေခံ အဆောက်အအုံတွေကိုလည်း ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ တရုတ်ရဲ့ မြေရှားသတ္တုဈေးကွက် စိုးမိုးမှုကို လျှော့ချချင်တဲ့ အမေရိကန်ရဲ့ ရည်ရွယ်ချက်ကလည်း စစ်အုပ်စုနဲ့ သဘောတူညီချက် ရယူလိုက်ရုံနဲ့ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူးလို့ ဆောင်းပါးက သုံးသပ်ထားပါတယ်။

အဓိက စမ်းသပ်ရမယ့်အချက်က နေပြည်တော်က ဝန်ကြီးရုံးခန်းတွေဆီ ဝင်ထွက်နိုင်ခြင်း မဟုတ်ဘဲ လက်တွေ့အလုပ်လုပ်နိုင်တဲ့ သတ္တုထောက်ပံ့ရေး လမ်းကြောင်းတစ်ခု ရှိ၊ မရှိဆိုတာပဲ ဖြစ်ပါတယ်။ နေပြည်တော်က မထိန်းချုပ်နိုင်တဲ့ သယံဇာတတွေနဲ့ နယ်မြေတွေကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုချက်တွေဟာ လက်တွေ့မကျဘူးဆိုတာကို ကက်စတီလိုရဲ့ ဖြစ်စဉ်က ပြသနေပါတယ်။

စစ်ကောင်စီကတော့ ဝါရှင်တန်နဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ လိုလားနေတာ ထင်ရှားပါတယ်။၂၀၂၅ ခုနှစ် ဇူလိုင်လမှာ DCI Group စည်းရုံးရေးကုမ္ပဏီနဲ့ မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့ဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်တိုးတက်လာစေဖို့ တစ်နှစ် အမေရိကန်ဒေါ်လာ သုံးသန်းတန် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ဒါပေမယ့်အဲဒီစာချုပ်ဟာ အခကြေးငွေပေးပြီးစည်းရုံးရေးဆောင်ရွက်ဖို့သဘောတူညီချက်တစ်ခုသာ ဖြစ်ပြီး ကက်စတီလို ဖမ်းဆီးခံရတာ၊ လွတ်မြောက်လာတာနဲ့ ဆက်စပ်တယ်ဆိုတဲ့ အထောက်အထားတော့ မရှိပါဘူး။

မြန်မာ့ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ကက်စတီလို လွတ်မြောက်လာတာကို ကြိုဆိုသင့်ပေမယ့်အဲဒီဖြစ်စဉ်ကိုတော်လှန်ရေးရဲ့ အောင်ပွဲတစ်ခုလို့ မယူဆသင့်ပါဘူး။ တစ်ဖက်မှာလည်း လွတ်မြောက်လာတဲ့ စည်းကမ်းချက်အသေးစိတ်ကို မသိရသေးတဲ့အတွက် ဝါရှင်တန်က မြန်မာဒီမိုကရေစီအင်အားစုတွေကို သစ္စာဖောက်လိုက်ပြီလို့ အလျင်စလို ကောက်ချက်ချဖို့လည်း မသင့်ပါဘူး။

အဖြေမရသေးတဲ့ မေးခွန်းတွေ အများကြီး ရှိနေပါသေးတယ်။ ဒီသဘောတူညီချက်က ကက်စတီလို ထွက်ခွာနိုင်ရေးအတွက်ပဲလား၊ တခြားကတိကဝတ်တွေ ရှိသေးလား၊ ဒီဆက်သွယ်ရေးလမ်းကြောင်း ကနေ အခြားဖမ်းဆီးခံထားရသူတွေကိုပါလွှတ်ပေးနိုင်မလား၊ လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုရောက်ရှိလာအောင် လုပ်ဆောင်နိုင်မလားဆိုတာတွေက ဆက်လက်စောင့်ကြည့်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အပြန်အလှန်လိုက်လျောမှုတွေက ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိရေးကို အတားအဆီး မဖြစ်သင့်ပါဘူး။

ပိုအရေးကြီးတာက ဖက်ဒရယ်ဒီမိုကရေစီ အစားထိုးစနစ်ကို လက်တွေ့ကျပြီး ယုံကြည်လက်ခံနိုင်အောင်တည်ဆောက်ဖို့ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုတွေနဲ့ တိုင်းရင်းသားအာဏာပိုင် တွေဟာ သယံဇာတစီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသခံပြည်သူတွေရဲ့ သဘောတူညီချက် စတဲ့ကိစ္စတွေမှာ ပိုမိုညှိနှိုင်းပူးပေါင်းဖို့ လိုပါတယ်။ ဒီလိုလုပ်ရာမှာလည်း ဗဟိုအဖွဲ့အစည်းတစ်ခုတည်းက အားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ မယူဆဘဲတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားရပါမယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့လက်တွေ့မကျတဲ့ သတ္တုတွင်းအဆိုပြုချက်ကို အလားတူ လက်တွေ့မကျတဲ့ အစားထိုးအဆိုပြုချက်နဲ့ မတုံ့ပြန်သင့်ပါဘူး။ဘယ်သူက ဘာကို၊ ဘယ်အာဏာအောက်မှာ၊ ဘယ်လို အကာအကွယ်တွေနဲ့ လုပ်ဆောင်ပေးနိုင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်မှသာ ယုံကြည်မှု ရရှိမှာ ဖြစ်ပါတယ်။ ယုံကြည်စိတ်ချရတယ်ဆိုတာ အခွင့်အလမ်းတွေကိုပဲ ပြောတာမဟုတ်ဘဲ ရှိနေတဲ့ အားနည်းချက်တွေကိုပါ လက်ခံဖော်ပြနိုင်တာကို ဆိုလိုပါတယ်။

ဝါရှင်တန်အနေနဲ့ စစ်အုပ်စုနဲ့ လုံးဝအဆက်အသွယ်မလုပ်တဲ့ လမ်းကြောင်း နဲ့ စစ်အုပ်စုကို အပြည့်အဝ အသိအမှတ်ပြုတဲ့ လမ်းကြောင်းဆိုတဲ့ အစွန်းနှစ်ဖက်ထဲက တစ်ခုကိုပဲ ရွေးချယ်စရာ မလိုပါဘူး။ မိမိနိုင်ငံသားတွေအတွက် ညှိနှိုင်းဆောင်ရွက်နိုင်သလို နိုင်ငံရေးအရ လိုက်လျောပေးမယ့် ကိစ္စတွေကိုတော့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးမှုနဲ့ အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေး လုပ်ငန်း
စဉ်တွေ တကယ်ဖြစ်ပေါ်လာခြင်းအပေါ် မူတည်ပြီး သတ်မှတ်နိုင်ပါတယ်။ ပေးအပ်မယ့် အခွင့်အရေးတိုင်းမှာဘာကတိကဝတ်ရှိတယ်၊ ဘယ်လိုစောင့်ကြည့်မယ်၊မလိုက်နာရင် ဘာလုပ်မယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရပါမယ်။

ဝါရှင်တန်အနေဖြင့်လည်းမိမိနိုင်ငံသားများ လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် စကားပြောနိုင် သော်လည်း၎င်းတို့ကို နိုင်ငံရေးအရအသိအမှတ်ပြုခြင်းသို့မဟုတ် သယံဇာတ သဘောတူညီချက်များ ပြုလုပ်ခြင်းတို့ကို လုံးဝ မလုပ်ဆောင်သင့်ပေ။သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုများသည် စစ်အာဏာ
ပိုင်များ၏ပြုပြင်ပြောင်းလဲလိုစိတ်သို့မဟုတ်နိုင်ငံရေးတရားဝင်မှုရှိကြောင်း သက်သေပြနိုင်သည့် အရာများ မဟုတ်ပါ။ပြည်သူ့ဆန္ဒမပါဘဲ အာဏာသိမ်းယူထားသည့် အဖွဲ့အစည်းတစ်ရပ်အား တရားဝင်မှုရရှိစေမည့် မည်သည့် သဘောတူညီချက်မျိုးကိုမဆို ရှောင်ရှားရမည်ဖြစ်ပြီး၊ မြန်မာ့သယံဇာတတွေနဲ့ နိုင်ငံရဲ့အနာဂတ်ကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ခွဲထွက်ပြီး ဆုံးဖြတ်ခွင့် မရှိဘူးလို့ Asia Times က ထောက်ပြထားပါတယ်။

ကိုးကား – Asia Times

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။