Connect with us

Hi, what are you looking for?

သတင်း

SCEF ဦးဆောင်တဲ့ တော်လှန်ရေးတိုက်ပွဲကို ပံ့ပိုးကူညီကြဖို့၊ အတူလက်တွဲဆောင်ရွက်ဖို့ ထောင်တွင်းမှ တော်လှန်ရေးရဲဘော်တွေကစာ​ရေးသားတိုက်တွန်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

(အကျဥ်း​ထောင်တစ်ခုအတွင်းမှာ​တော်လှန်​ရေးရဲ​ဘော်​တွေ​ပေးပို့တဲ့စာ ။ ဓါတ်ပုံ- ပေးပို့)

စက်တင်ဘာ-၂၁၊၂၀၂၆။ထားမြတ်/People’s Spring

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

လုံခြုံရေးအခြေအနေအရ လတ်တလော အကျဉ်းထောင်ရဲ့ အမည်ကို ဖော်ပြနိုင်ခြင်းမရှိသေပေမဲ့ မြန်မာနိုင်ငံထဲက​ထောင်တစ်ခုအတွင်းအကျဥ်းကျ​နေဆဲ့ တော်လှန်ရေးရဲဘော်တွေက SCEFနဲ့ပတ်သက်တဲ့သဘောထားတွေ၊ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို တိုက်တွန်းတာတွေ စတဲ့အချက် ၆ ချက်ပါရှိတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် SCEF သည် အကောင်းဆုံးအဖြေဖြစ်တယ်လို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီအရေးတို့အတွက် ခေတ်အဆက်ဆက် တော်လှန် တိုက်ပွဲဝင်ခဲ့ခြင်းအပေါ် ထောက်ခံ ဂုဏ်ပြု ဖော်ပြခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဖြစ်တဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံလျက် မိမိတို့ရဲ့ မူဝါဒများကို SCEFနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုတယ်လို့လည်း အကြံပြုထားပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရရာလက်နက်စွဲကိုင်တော်လှန်နေကြတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ (Local PDF) အနေဖြင့် မြန်မာပြည်သူလူထုတရပ်လုံးရဲ့ အန္တိမ ရည်မှန်းချက် ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် SCEFနဲ့ အတူလက်တွဲဆောင်ရွက်စေလိုတယ်လို့ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူလူထုအပေါ် မူတည်ကြောင်း အလေးအနက် ယုံကြည်တယ်လို့ ဖော်ပြပြီး ပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသကဲ့သို့ လက်ရှိဖြစ်ပေါ်လျက်ရှိသော တော်လှန်ရေးအခင်းအကျင်းသစ်အရ ပန်းတိုင်သို့ ပိုမိုနီးကပ်လာနေပြီဖြစ်လို့ SCEF ဦးဆောင်သော တော်လှန်ရေးတိုက်ပွဲကို ဆက်လက်အားပေးပံ့ပိုးကူညီကြဖို့ အလေးအနက်တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေတွေမှာ ဒီမိုကရေစီယဉ်ကျေးမှု ခိုင်မာအားကောင်းစေဖို့အတွက် အရပ်ဘက်လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အလေးထားစေလိုကြောင်းလည်း အကြံပြုထားပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ ခံစစ်ရေသောက်မြစ်ဖြစ်တဲ့ အဓမ္မစစ်မှုထမ်းခေါ်ဆောင်နေခြင်းတွေအပေါ် ထိရောက်တဲ့ကာကွယ်မှုဆိုင်ရာမူဝါဒများ ချမှတ်အကောင်အထည်ဖော်ပေးနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းတွေကို အလေးအနက် တိုက်တွန်းကြောင်းလည်း​ဖော်ပြထား ပါတယ်။

အထက်ပါစာကို ​အကျဥ်း​ထောင်တစ်ခုအတွင်းမှတော်လှန်​ရေးရဲ​ဘော်များက ​ရေးသား​ပေးပို့တာဖြစ်ပြီး အချိန်ကာလတစ်ခု​ရောက်တဲ့အခါတွင်မှ ယခု​သ​ဘောထားကြေညာချက်အ​ပေါ် တာဝန်ယူ​ကြောင်းအသိ​ပေးမယ်လို့လည်း ​ရေးသားထားပါတယ် ။လူထု​နွေဦးအ​နေနဲ့ ​အကျဥ်း​ထောင်အမည်ကိုသိ​သလို၊စာကို လက်ခံရရှိထား​ပေမယ့်နိုင်ငံ​ရေးအကျဥ်းသား​တွေရဲ့ လုံခြုံ​ရေး​ကြောင့်အမည်​ဖော်ပြခြင်းမပြုပါ။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တိုနဲ့ အခုနှစ် မတ်လမှာ ကနဦး ဖွဲစည်းထားတာပါ။ SCEF စုဖွဲမှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲစည်းသွားမယ်လို့ အသိပေးထားသလို အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိမှာစစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲဝင်အသစ်များအဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာ ကိုယ်စားပြုသူတွေ ပါဝင်ရေးညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။

SCEFဟာစစ်ရေး၊နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ပြီးစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။