စက်တင်ဘာ ၂၂၊၂၀၂၆။ သုည/People’s Spring
UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်(P4P Ranking)ကို ဒီကနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ရာ ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ၅ ဆင့် ခုန်တက်ပြီးUFC ရဲ့ကမ္ဘာကျော်ဖိုက်တာတွေနဲ့အတူ ထိပ်ဆုံးနံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။
ဗန်ဟာ အသက် ၂၅ နှစ်မပြည့်ခင် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ကစားခဲ့ပြီး နှစ်ကြိမ်စလုံး အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီးနောက် အမေရိကန်ဖိုက်တာ ဂျွန်ဂျုံးစ် အောင်မြင်မှု (၃ ကြိမ်) ရဲ့နောက်အဆင့် ၂ နေရာမှာ ရှိနေပါတယ်။
ပန်တိုဂျာနဲ့ မကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန် ပြိုင်ဘက်တွေအပေါ် ထိရောက်တဲ့ လက်သီးထိုးချက်ပေါင်း ၁၄၁၁ ကြိမ်နဲ့ ဘရန်ဒန်မိုရေနို ၁၃၇၅ ကြိမ်ကို ကျော်ဖြတ်ပြီး UFC ဖလိုင်းဝိတ်တန်းမှာထိချက်အများဆုံးကစားသမားဖြစ်လာပါတယ်။

Public Service Announcement
ဒါ့အပြင် ဗန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပန်တိုဂျာကို အနိုင်ယူခဲ့တဲ့အတွက် UFC မှာ ၈ ပွဲဆက် အနိုင်ရပြီး ဖလိုင်းဝိတ်တန်းရဲ့ အချိန်အကြာဆုံး နိုင်ပွဲရရှိမှုမှာလည်း အဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။ ပထမနေရာမှာတော့ ဖလိုင်းဝိတ်တန်းရဲ့ အမေရိကန်ဖိုက်တာ ဂျွန်ဆင်က ၁၃ ပွဲဆက် နိုင်ပွဲဆက်ကာ ဦးဆောင်နေပါတယ်။
UFC မှာ ချန်ပီယံခါးပတ်ရပထမဆုံးအာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။
အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။



















































