Hi, what are you looking for?
ဂျပန်နိုင်ငံကမြို့ငယ်လေးတစ်မြို့ရဲ့မြစ်ကမ်းလေးတနေရာမှာ အမျိုးသမီးငယ်လေးတစ်ယောက် ထီးမိုးထားတဲ့ တွန်းလှည်းကလေးကို ဆွဲလာတယ်။ သူ့လက်ထဲမှာလည်း ဟွန်းသေးသေးလေးတစ်ခုပါတယ်။ သူက ဟွန်းလေးကို လက်က ကိုင်ပြီး "ကြောင်ကလေးတွေ ငှားပေးပါတယ်"လို့ အော်လာတယ်။ ဟုတ်ပါရဲ့။ သူဆွဲလာတဲ့ တွန်းလှည်းကလေးပေါ်မှာ ရောင်စုံကြောင်ကလေးတွေဟာ ခြင်းကလေးတွေထဲမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေကြတာပါလား။
သူ့နာမည်က ရှင်းအီရန်းပါ။ သူက ဥပဒေစာမေးပွဲအောင်မြင်ထားပေမဲ့ သူ့ရဲ့ဖခင်ဟာ အကျင့်ပျက်ခြစားခဲ့တယ်လို့ စွပ်စွဲခံရပြီး သေဆုံးသွားခဲ့တဲ့ အစိုးရရှေ့နေဖြစ်တာကြောင့် ဘယ်ဥပဒေလုပ်ငန်းစုတွေကမှ သူ့ကို အလုပ်မခန့်ခဲ့ပါဘူး။ နောက်တော့ ရှင်းအီရန်းဟာ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုရအောင်ဖွင့်ပြီး ဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ဖို့ ကြိုးစားပါတော့တယ်။
မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။
၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် ဟီရိုရှီးမားမြို့မှာ ဂျန်တို့ မိသားစုနေထိုင်ပါတယ်။ ဂျန်မှာ ဖေဖေနဲ့ မေမေရယ်၊ စစ်ထဲဝင်သွားတဲ့အကိုရယ်၊ အစ်မတစ်ယောက်နဲ့ ရှင်းဂျီဆိုတဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ဂျန်မေမေက ကိုယ်ဝန်လည်းလွယ်ထားရတာပါ။ ရှင်းဂျီကတော့ ညီလေးတစ်ယောက်လိုချင်တာတဲ့။
၁၉၇၀ ပြည့်လွန်နှစ်များမှာ စကော့တလန်သား ဆရာဝန်လေး နီကိုလပ်စ်ဟာ သူ့ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝကနေ ရုန်းထွက်ဖို့ ယူဂန်ဒါနိုင်ငံကို ပရဟိတဆရာဝန်အဖြစ် ထွက်လာခဲ့ပါတယ်။ သူရောက်ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကြီး အီဒီအာမင် က အာဏာသိမ်းလိုက်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒီကာလ ဆီတင်ကားကြီးတွေတွေ့တဲ့အခါ ဝမ်းသာအားရ ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အရင်ကာလကတော့ အမှုမဲ့အမှတ်မဲ့ပေမဲ့ ခုလို အာဏာသိမ်းကာလမှာတော့ စက်သုံးဆီကို မကြာခဏ ခက်ခက်ခဲခဲ ဝယ်နေရတော့ ဆီတင်ကားကြီးတွေမြင်တိုင်း ဆီရှိနေပါသေးလားဆိုတဲ့ ခံစားမှု ရရှိစေလို့ပါ။ အခုတော့စစ်ပွဲရဲ့ အငွေ့အသက်တွေကြားမှာ စက်သုံးဆီဟာလည်း မီးခိုးငွေ့တွေလိုပဲ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေပါပြီ။