သတင်း ကွတ်ခိုင်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် တစ်ဦးအပါအဝင် သုံးဦးသေဆုံး၊ ၁၃ဦး ဒဏ်ရာရဟု TNLAထုတ်ပြန် နိုဝင်ဘာ ၁၇ရက်ည ၁၁နာရီ ၄၇မိနစ်တွင် စစ်ကောင်စီက ကွတ်ခိုင်မြို့ ရပ်ကွက် (၄)ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 18, 2024
သတင်း မြို့ခံများအိပ်ချိန် ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲ၊ လသားအရွယ်ကလေးအပါအဝင် သုံးဦးသေဆုံး ည ၁၁ နာရီ ၄၇ မိနစ်အချိန်တွင်ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်ကြား၊တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်များပေါ်သို့ စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းဟု မြို့ခံတစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 18, 2024
သတင်း ကျောက်ဖြူမြို့တွင် တိုက်ပွဲဖြစ်တော့မည်လား တရုတ်စီမံကိန်များရှိရာကျောက်ဖြူမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) စစ်ရေးအခြေအနေ စတင်တင်းမာနေပြီး KBZ အပါအဝင် ပုဂ္ဂလိကဘဏ်များအားလုံး ပိတ်သွားပြီဟု မြို့ခံအချို့ကပြောသည်။ LuduNwayOoနိုဝင်ဘာ 18, 2024
သတင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲပြင်းထန်နေ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူခဲ့ရပြီး နှစ်ဖက်ထိခိုက်မှုအချို့ရှိကာ မြေပြင်အချက်အလက်ကိုမူ လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း ကျွန်းလှမြို့နယ်တွင် နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်များ ပျက်စီး နိုဝင်ဘာ ၈ ရက်ကလည်း ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ဦးအား သတ်ဖြတ်ကာ သုံးဦးအား ဖမ်းဆီးသွားသည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း ကရင်နီပြည်သို့ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေဟု KNDF ဒုစစ်ဦးစီးချုပ်ပြော ကရင်နီပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ်မာဝီက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး ၅ဦး ဒဏ်ရာရ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍လည်း နောင်ချိုမြို့နယ်တွင် အရပ်သား ထိခိုက်မှုရှိခဲ့သည်ဟု TNLAက အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း ပုလဲမြို့သိမ်းတိုက်ပွဲ လေကြောင်းပစ်ကူနှင့် စစ်ကူပေးမှုများ ဖြတ်တောက်ရန်ခက်ခဲ၍ ပြန်ဆုတ်ခဲ့ရခြင်းဟု BNRA အသိပေး စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း မင်းတပ်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ပစ်ကူပေးတိုက်နေ ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ LuduNwayOoနိုဝင်ဘာ 17, 2024
သတင်း ခင်ဦးမြို့တွင် ဆိုင်ကယ်နှစ်ယောက်စီးလာသော လူငယ်နှစ်ဦးအား စစ်တပ်ကပစ်ခတ်ရာ တစ်ဦးသေ၊ တစ်ဦးလွတ်မြောက် သေဆုံးသူ၏ရုပ်အလောင်းအား နောက်တရက်နံနက်တွင် လူမှုကူညီရေးအသင်းကားဖြင့် သွားရောက်ယူပြီး သင်္ဂြိုလ်ခဲ့ရကြောင်း ခင်ဦးမြို့ခံအချို့က ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2024