အောက်တိုဘာ ၁၅၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၅) ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar” ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး “Our Ambassador, Our Voice ငါတို့ သံအမတ် ငါတို့အသံ” ဟု ဆိုကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ပြည်သူလူအသံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးဖြစ်ကြောင်း ကြွေးကြော်ထောက်ခံခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံတကာအစိုးရ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း လူထုအသံကို အလေးထားပေးကြဖို့လည်း ရွာပေါင်းစုံသပိတ်ကော်မတီက လေးလေးနက်နက် တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

















































