Connect with us

Hi, what are you looking for?

သတင်း

BGF တပ်က အခြေခံစစ်ပညာသင်တန်းဖွင့်လှစ်

အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို မနေ့ (ဖေဖော်ဝါရီ ၂၅) က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်သွားပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားတပ်မတော်ဖေ့ဘွတ်ခ်

နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို မနေ့ (ဖေဖော်ဝါရီ ၂၅) က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်သွားပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖြန့်လုပ်ငန်တွေ အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေကြောင့် တိုက်ဖျက်ဖို့ ဖိအားပေးမှုတွေနဲ့ ကြုံနေရတဲ့ BGF ဟာ တဖက်မှာလည်း အခြေခံစစ်သင်တန်းဖွင့်ပွဲ ပြုလုပ်တာပါ။

စစ်သင်တန်းကို နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ကစီစဉ်တာဖြစ်ပြီးသင်တန်းကာလ ၃ လကြာမြင့်မယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ဖွင့်လှစ်တဲ့ အမှတ်(၁၅) စစ်အခြေခံပညာသင်တန်းမှာ သင်တန်းသား လူငယ် အမျိုးသား ၊အမျိုးသမီး ၃၀၀ ဝန်းကျင်ခန့်ရှိမယ်လို့ BGF သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“(သင်တန်းသားတွေတော့) ကြည့်ရတာတော့ များတယ်၊ ပုံမှန်ဆို ၃ လ သင်တန်းပေါ့၊ အမြန်နည်းနဲ့ဆို ၁ လပေါ့” လို့ BGF သတင်းရင်းမြစ်ကပြောပါတယ်။

စစ်သင်တန်းတက်ရောက်တဲ့ လူငယ်လူရွယ်သင်တန်းသားတွေမှာ ကရင် ပြည်နယ်အတွင်းကျေးရွာတွေက လူငယ်တွေအပြင် ရွှေကုက္ကိုလ်မြို့အခြေစိုက် လုပ်ငန်းတွေမှာ လုံခြုံရေး ယူတဲ့ အလုပ်သမားတွေလည်း ပါဝင်တယ်လို့ BGF သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရသိရပါတယ်။

ကရင့်နယ်ခြားစောင့်တပ်(BGF ) ရဲ့ ခေါင်းဆောင် ဗိုလ်မှုးကြီး စောချစ်သူအပါအဝင် ခေါင်းဆောင်ပိုင်းအချို့ဟာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု သံသယနဲ့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအထူးဌာန ကဖမ်းဝရမ်းထုတ်ဖို့ အသံထုတ်ခဲ့တာရှိပါတယ်။

ဗိုလ်မှုးကြီးစောချစ်သူကတော့ ကျားဖြန့် လုပ်ငန်းတွေ နဲ့ ပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ အတိအလင်းငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်ဖြစ်တဲ့ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင်ကိုးကန့် ဝေမိသားစုဝင်သုံးဦးကို ကျားဖြန့်အမှုနဲ့တရုတ်တရားရုံးကဒီနေ့ (အောက်တိုဘာလ ၁၃ ရက်)မှာ သေဒဏ်ချလိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။