Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးလုပ်နေ

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ် ရှိ သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ် ရှိ သင်္ချိုင်းအား စစ်ကောင်စီဝင်များ သန့်ရှင်းရေးပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၆ရက်)နံနက်ပိုင်းကစ၍ ထီးလင်းမြို့၏ မြို့မစျေးနှင့် မြို့နယ်လျှပ်စစ်ရုံးဝင်း၏အနောက်ဖက်၊ ကွက်သစ်(ခ)စည်ပင် သာယာရပ်ကွက်ရှိ သင်္ချိုင်းကို စစ်ကောင်စီအဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်နေခြင်းဟု ဆိုသည်။

ထီးလင်းမြို့ခံများမှာ မြို့မှစွန့်ခွာသွားကြပြီဖြစ်၍ လက်ရှိ မြို့ပေါ်၌ စစ်ကောင်စီအဖွဲ့ဝင်အချို့သာ ကျန်ရှိနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀၀ ခန့်နှင့် ၎င်းတို့မိသားစုဝင်များထည့်သွင်းပါက စုစုပေါင်း ၆၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ အသိပေးထားသည်။

“ဒီသင်္ချိုင်းက စခ ရော၊ ရခ ရော၊ ပျူရော သဂြိုလ်ကျတာ။ ထီးလင်းမြို့တစ်မြို့လုံးမှာ ဒီသင်္ချိုင်းတစ်ခုပဲရှိတာပါ။မြို့သူ၊မြို့သားအများစုက မြို့ကစွန့်ခွာသွားပြီလေ။ သန့်ရှင်းရေးလုပ်မယ့်သူမရှိတော့ စခ ၊ရခ၊ ပခတွေ ကိုယ်တိုင်လုပ်နေကြရတာ”ဟု ထီးလင်းမြို့နယ်နေသူ တစ်ဦးက ပြောသည်။

ယခင်က မြို့သင်္ချိုင်းအား ရပ်ကွက်အလိုက်၊ တစ်လတစ်ကြိမ် သန့်ရှင်းရေးပြုလုပ်ရလေ့ရှိရာ ယခုအခါ မြို့ခံများ မရှိတော့၍ စစ်ကောင်စီအဖွဲ့ဝင်များကိုယ်တိုင် ပြုလုပ်ခြင်း ဖြစ်သည်။

ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားပြီး အလင်းဝင်ရန် သတိပေးစာထုတ်ပြန်ထားပြီးဖြစ်သည်။

“ပိတ်ဆို့ထားတယ်။ရိက္ခာဖြတ်ထားတော့ပေါ့။စစ်ရေးကတော့မြို့ထဲက စခစစ်ကြောင်းတွေက နယ်ကျေးရွာတွေဖက် မထွက်ရဲတော့ဘူး။ထွက် ရင်လည်း မြို့နဲ့အနီးဆုံးရွာတွေကိုသာ ထွက်ပါတယ်။အထက်က ဖိအားကြောင့်စစ်ကြောင်းအထွက်ပြရတဲ့သဘောသာသာပါပဲ”ဟု ထီးလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ် ကိုမင်းဒဿ က ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ထီးလင်းမြို့စွန် နေရာများတွင် စစ်ကောင်စီတပ်က မိုင်းများထောင်ပြီး ဘန်ကာနှင့် ကတုတ်ကျင်းများ ပြန်လည်ပြင်ဆင်ထားကာ လေကြောင်းမှ စားနပ်ရိက္ခာနှင့် ခဲယမ်းများ အားဖြည့်ထားကြောင်း သိရသည်။

၂၀၂၃မတ်လကုန်အထိ ထီးလင်းမြို့ရှိလူဦးရေ စာရင်းသည် ၅၁,၆၅၃ ဦးရှိပြီး မြို့ပေါ်တွင် နေထိုင်သူ ၄,၈၃၃ဦးရှိကြောင်း စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်း၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။