Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ် စည်ဆွဲရွာအနီးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ မြေပြင်မှလည်း စစ်ကြောင်းထိိုးနေ

မကွေးတိုင်း၊ စလင်းမြို့နယ် စည်ဆွဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိိုးနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ် စည်ဆွဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိိုးနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၆ရက်) နံနက် ၉ နာရီခန့်တွင် စလင်းမြို့နယ်၏ အရှေ့ဘက်ခြမ်းရှိ စည်ဆွဲကျေးရွာဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

“ဖုန်းလိုင်းတွေဖြတ်ထားတယ်။သတင်းက အသေးစိတ်မသိရသေးဘူး”ဟု စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်ကားလေးစီးဖြင့် မကျီးစင်ကျေးရွာဘုန်းကြီးကျောင်းဝင်း၌ တပ်စွဲရောက်ရှိနေခြင်းဟု Salin Supporting Teamက အသိပေးသည်။

အနီးဝန်းကျင်ရွာများဖြစ်သည့် စည်ဆွဲ၊ ကံဆွယ်၊ထူးကြီး၊ စမ်းကလေး၊သန်းကုန်း၊ကိုးလံနှင့် ဇီးဖြူပင်ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ကြိုတင်ရှောင်တိမ်ကြရန်လည်း သတိပေးထားသည်။

စစ်ကောင်စီ၏ လေကြောင်း ၊ မြေပြင်ထိုးစစ်နှင့် ပတ်သက်၍ တိုက်ပွဲဖြစ်ပွားမှု ရှိ၊မရှိ စလင်းမြို့နယ် ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တာဝန်ရှိသူ ကိုအောင်ဆန်းထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

စလင်းမြို့နယ်တွင်းသို့ စစ်ကောင်စီသည် အင်အား ၂၀၀ကျော်အသုံးပြု၍ စစ်ရေးအရ အရေးပါသည့် ဆင်ဖြူကျွန်းမြို့ နှင့် တညောင်မြို့ ကားလမ်းဘေးရှိ ကျေးရွာများကို ဇန်နဝါရီတတိယပတ်ကစ၍ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၉ ရက်က စလင်းမြို့နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ အိမ်ခြေ ၁၀၀ကျော်အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြောင်းခင်း တောင်ရွာနှင့် မြောက်ရွာရှိ နေအိမ်များ(စိစစ်ဆဲ)ကို ဖေဖော်ဝါရီ ၁၇ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ -၂၅၃၊၂၅၄ နှင့် ၂၅၅)တပ်ရင်းတို့ အခြေစိုက်ထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများရှိသည့် ပွင့်ဖြူ ၊ စေတုတ္တရာမြို့နယ်၊ ဆိပ်ဖြူမြို့နယ်တို့နှင့်လည်း နယ်မြေထိစပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။