Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း၊မင်းတုန်းမြို့နယ် ငကုန်းရွာဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီးစစ်တပ်စခန်းငယ်တခုကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြို့မစျေးမှာ တော်လှန်ပြ​ည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၃) နံနက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ စီရင်ချက်ကို စင်ကာပူနိုင်ငံက လေးစားအသိအမှတ်ပြုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်မြို့တော် ပြင်ဦးလွင်ကမြေတွေကို ပုံစံမျိုးစုံနဲ့ သိမ်းယူ​ပြီး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ နာမည်ကျော်ဒီဇင်ဘာခြံကို ဖိအား​ပေးကာ ဝယ်လိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုအ​ပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်ကြောင်း ဖော်ပြတဲ့ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တွေမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့စီစဉ်နေတဲ့ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အစည်းအဝေးကို ပြည်သူတစ်ရပ်လုံးအနေနဲ့ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့ အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) - AFCCက ဒီကနေ့ (နိုဝင်ဘာ ၁၈ ရက်)မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ နိုဝင်ဘာ ၁၈ရက်နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်သံတွေထွက်ပေါ်လာပြီး စစ်တပ်ကလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

အောက်တိုဘာ နောက်ပိုင်း တင်သွင်းလာတဲ့ အိုဗာတင်း ထုတ်ကုန်တွေအတွက် ကုမ္ပဏီမှာ တာဝန် မရှိ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ တနေရာမှာ မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်းအပါအဝင် စစ်တပ်ထုတ်ကုန်တွေကိုအားမပေးဖို့တိုက်တွန်းတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာဖက်ခြမ်း ရှမ်းပြည်နယ်ကိုဖြတ်ပြီး စီးဆင်းလာတဲ့ မယ်ဆိုင်မြစ်ရေမှာ ဓာတု အဆိပ်အတောက်တွေ ရောနှောပါလာခြင်းက နယ်စပ်တစ်ဖက်ခြမ်းက ထိုင်းပြည်သူတွေရဲ့ ဘဝနဲ့အသက်မွေးမှုတွေကိုပါထိခိုက်စေတယ်လို့ ထိုင်း PBS သတင်းဌာနကဖော်ပြပါတယ်။

Facebook