Connect with us

Hi, what are you looking for?

သတင်း

ICJ ကို ကြိုဆိုကြောင်းနဲ့ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး ၊ ရိုဟင်ဂျာအရေး ရန်ကုန် နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာဆန္ဒထုတ်​ဖော်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုအ​ပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်ကြောင်း ဖော်ပြတဲ့ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တွေမှာ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုအ​ပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်ကြောင်း ဖော်ပြတဲ့ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တွေမှာ ပြုလုပ်ခဲ့ပါတယ်။

မနက်ဖြန် (နိုဝင်ဘာလ ၁၉ရက်နေ့) မှာရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ICJရုံး က အမိန့်ချမှတ်မယ့် အကြိုအနေနဲ့ အခုလို ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တာလို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်က အသိပေးပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ “Welcome ICJ…! End The Myanmar Junta Era…! We Stand With The Rohingya…!” စတဲ့ စာသားတွေ ဖော်ပြပြီး ရိုဟင်ဂျာတွေဘက်က ရပ်တည်ကြောင်းနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ လိုအပ်မှုကို ပြသခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ လှုပ်ရှားမှုကို ဆူးလေမဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်နဲ့ ရွှေတိဂုံဘုရားရင်ပြင်တော် ပထမကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင်စတဲ့ ရန်ကုန်မြို့အထင်ကရနေရာအချို့မှာ ရန်ကုန်လူထုသပိတ်မှ တာဝန်ယူဆောင်ရွက်ခဲ့သလို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့နဲ့ Tha Phae Gate တို့မှာတော့ Burmese Exile Movement BEM အဖွဲ့နဲ့အတူ ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ Y4B တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ကြောင်း အသိပေးပါတယ်။

“ရိုဟင်ဂျာလူမျိုးစုရဲ့ တရားမျှတမှုရရှိရေးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်နဲ့ ခွဲခြားလို့မရတဲ့ အရေးကိစ္စတစ်ခုဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရမှာဖြစ်သလို သူတို့ရဲ့ လူမျိုးရေးအမှတ်သညာနဲ့ တန်းတူအခွင့်အရေးတွေကိုလည်း အသိအမှတ်ပြုအာမခံပေးရမှာ ဖြစ်ပါတယ်။ ဒါ

ကြောင့် ကျွန်တော်တို့ဟာ ရိုဟင်ဂျာလူမျိုးစုနဲ့အတူ တရားမျှတမှုဘက်က အခိုင်အမာရပ်တည်ပြီး ဖိနှိပ်ခံပြညသူအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စုရဲ့ အာဏာရှင်စနစ်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ဆက်လက်အသံထုတ်သွားမှာ ဖြစ်ပါတယ်။” လို့ ရန်ကုန်လူထုသပိတ်က ဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေရဲ့ကြေကွဲဖွယ်ဆုံးရှုံးနစ်နာမှုတွေကို ပျက်ရယ်ပြုခဲ့ကြတဲ့ အချိန် တခု ရှိခဲ့ကြောင်း ၊ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာတော့ အဲဒီလို ပျက်ရယ်ပြုသူတွေဟာ သူတို့ရဲ့ လုပ်ရပ်မှားကြောင်း ရိုဟင်ဂျာတွေအပေါ်ဝန်ချတောင်းပန်မှုလုပ်ကြသူတောင်ရှိလာတယ်လို့ BEM ရဲ့ ပြောကြားချက်ကို ဖော်ပြပါတယ်။

“ဒါ့ကြောင့် အခုအချိန်မှာတော့ ရိုဟင်ဂျာတွေကို ထောက်ခံရင်း စစ်အုပ်စုကိုဖြုတ်ချဖို့အတွက် ရည်ရွယ်တဲ့ We stand with the Rohingya ဆိုတဲ့ ကမ်ပိန်းကိုကျနော်တို့ စဉ်းစားပြီးအကောင်အထည်ဖေါ်ခဲ့တာပါ “လို့ BEMအဖွဲ့က ပြောကြားကြောင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ