Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့လှုပ်ရှားမှု ဖားကန့်မှာ ပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ တနေရာမှာ မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်းအပါအဝင် စစ်တပ်ထုတ်ကုန်တွေကိုအားမပေးဖို့တိုက်တွန်းတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်း

နိုဝင်ဘာ-၁၈၊၂၀၂၆။‌ ရောင်နီ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ တနေရာမှာ မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်းအပါအဝင် စစ်တပ်ထုတ်ကုန်တွေကိုအားမပေးဖို့တိုက်တွန်းတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာပါဝင်သူတွေက “ငါတို့ငွေ ငါတို့‌ရွေးချယ်မှု ငါတို့အနာဂတ်” “သင့်ငွေ သွေးမစွန်းစေနဲ့” ဘန်နာတွေကိုကိုင်ဆောင်ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် စစ်အာဏာရှင်စနစ်ကိုဆန့်‌ကျင်ကြောင်း ကြွေးကြော် ဆန္ဒထုတ်‌ ဖော်ခဲ့ကြပါတယ်။

ဒီကနေ့ (နိုဝင်ဘာ ၁၈) နံနက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်‌ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက်လည်း ကြွေးကြော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ