သတင်း ဖယ်ခုံမြို့နယ်တွင်စစ်တပ်ကနင်းမိုင်းများထောင်ထား၍ဒေသခံပြည်သူများနေရပ်မပြန်သေးရန်KNDFအသိပေး ယခုနှစ် မတ်လ ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွင် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေသည်ဟုသိရသည်။ LuduNwayOoဇူလိုင် 10, 2023
သတင်း ရေဦးနယ်၊ ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းမှတိုက်ခိုက် ယနေ့( ဇူလိုင်လ ၁၀ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်က တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ ၂စီးသည် ရေဦးနယ်အနောက်ခြမ်း ရေမျက်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoဇူလိုင် 10, 2023
သတင်း ကရင်နဲ့မွန် ပြည်နယ်က ရဲစခန်းအချိုနဲ့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရ ရဲစခန်း နေရာတွေကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ပြီး ဓာတ်အားခွဲရုံကိုတော့ မိုင်းခွဲ ခဲ့တာလို့ အထူးစစ်ဆင်ရေးအဖွဲ့ က ဆိုထားပါတယ်။ LuduNwayOoဇူလိုင် 10, 2023
သတင်း မင်းကင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပိက္ခယားရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။ ထို့အပြင် စစ်အုပ်စုက ပိက္ခယားရွာရှိ ပြည်သူများ၏ နေအိမ်အားလုံးနီးပါးကို ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများ ခိုးယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoဇူလိုင် 10, 2023
သတင်း အမြန်လမ်းအပါအဝင်အဝေးပြေးလမ်းများတွင်စစ်ကောင်စီကပြည်သူကို လူသားတံတိုင်းလုပ်ပြီး အကာအကွယ်ယူမည်ကိုပါးပါးနပ်နပ်ရှောင်ရှားရန်အမှတ်(၂)စစ်ဒေသခွဲသတိပေး အဆိုပါ လမ်းပိုင်းများ၊ အထူးသဖြင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းတွင်စစ်ကောင်စီတပ်ကားများသည် ပြည်သူများ၏ အိမ်စီးကားများ၊ ခရီးသည်တင်ကားများကို အကာအကွယ်ယူကာ သွားလာနေသည်ကို တွေ့ရသည်ဟု ရဲဘော်တင်ဦးကပြောသည်။ LuduNwayOoဇူလိုင် 10, 2023
သတင်း ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ်အထိနာပြီး တပ်ပြန်ဆုတ်သွား ဇူလိုင်လဆန်းမှ ယနေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများပြားခဲ့ပြီး ချင်းပူးပေါင်းတပ်မှ မစိုးရိမ်ရသည့် ဒဏ်ရာရသူ ၆ဦးရှိသည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 9, 2023
သတင်း မြဝတီမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်မှ ၂ဦးသေဟု ကော်ဘရာ အသိပေး မြ၀တီမြို့အနီးတွင် ဇူလိုင် ၅ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများရှိခဲ့ပြီး ဒဏ်ရာရသူများထဲတွင်လည်း အရာရှိများပါဝင်ခဲ့သည်။ LuduNwayOoဇူလိုင် 9, 2023
သတင်း ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုရွာကိုစစ်ကောင်စီတပ် ကတိုက်လေယာဥ်ဖြင့်ဗုံးကျဲ စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံး ၈ လုံးထက်မနည်း ကျဲချမှုအတွင်း ထိခိုက်မှုမရှိခဲ့ဟု ဖားဆောင်း PDF တာဝန်ရှိသူက အသိပေးသည်။ LuduNwayOoဇူလိုင် 9, 2023
သတင်း မတ္တရာနယ်အရှေ့ပိုင်းတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွား ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များက အနီးဆုံးနေရာအထိ ထပ်မံချဥ်းကပ်ပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့သည်ကို မျက်မြင် အတည်ပြုနိုင်ခဲ့သည်ဟု မတ္တရာပကဖအဖွဲ့ စစ်ရေးတာဝန်ခံကပြောသည်။ LuduNwayOoဇူလိုင် 9, 2023
သတင်း ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲစစ်သား ၁၀ဦးခန့်သေ၊ သေနတ် ၄ လက်နှင့်ကျည်ဆံများချင်းပူးပေါင်းတပ်သိမ်းဆည်းရမိ စစ်ကောင်စီတပ်နှင့်ချင်းကာကွယ်ရေးတပ်ဖွဲ့များကြားဇူလိုင် ၈ ရက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှစ်ကြိမ်ပေးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များကပြောသည်။ LuduNwayOoဇူလိုင် 9, 2023