Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခလရ(၁၄၂)မှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ထွက်ပြေးသူများနှင့်အတူ သယ်ယူခွင့်ပြုရေး စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ပယ်ချခဲ့

အဆိုပါတပ်ရင်းအတွင်းမှ ရွှေချောင်းအချို့လည်းရရှိခဲ့ကြောင်း ကနဦးသတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲစုံစမ်းမှုအရ အဆိုပါရွှေချောင်းများမှာအတုဖြစ်ကြောင်းသိရသည်။

(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)

ဇော်ရမ်း/People’s Spring

လွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)အား KIA က မသိမ်းပိုက်မီ ယင်းတပ်ရင်းထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား နယ်စပ်ဖြတ်ကျော်၍ သယ်ဆောင်ခွင့်ပြုရန် စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ကပယ်ချခဲ့ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။

လွယ်ဂျယ် မြို့တွင် ​နေုက်ဆုံးကျန်​သော အမှတ် ၁၄၂ ​ခြေလျင်တပ်ရင်း( ခလရ-၁၄၂) တွင် စု​ပေါင်းခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီလ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က အဆိုပါတပ်ရင်းအား ကျည်မ​ဖောက်ရဘဲ သိမ်းယူလိုက်နိုင်ခဲ့ပြီး တပ်ရင်းအတွင်းမှ လက်နက်ခဲယမ်းများအပြင်ကျပ်သိန်းပေါင်း ငါးသောင်းကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်၏ ခလရ (၁၄၂)မှ KIA သိမ်းဆည်းရရှိခဲ့​​သော ​ကျပ်သိန်း ၄၃၀၀၀ ​ကျော်ကို ​သယ်ယူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-CJ)

“ငွေတွေပါသယ်ခွင့်ပြုဖို့ နေပြည်တော်အဆင့်ကနေ တရုတ်ကောင်စစ်ဝန်ကို ‌လှမ်းတောင်းဆိုခဲ့တယ်။ တရုတ်က ပယ်ချပစ်ခဲ့လို့ အရှက်ရစရာဖြစ်ခဲ့တယ်” ဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတပ်ရင်းအတွင်းမှ ရွှေချောင်းအချို့လည်းရရှိခဲ့ကြောင်း ကနဦးသတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲစုံစမ်းမှုအရ အဆိုပါရွှေချောင်းများမှာအတုဖြစ်ကြောင်းသိရသည်။

” ရွှေချောင်းတွေက အမှုတစ်ခုနဲ့ပတ်သက်ပြီးသိမ်းထားတဲ့ အတုတွေပါ။ ငွေတွေကတော့ အကုန် သိန်းငါးသောင်းကျော်။ ကုန်သွယ်ရေးကနေရတဲ့ အခွန်ငွေတွေပါ” ဟု ဗန်းမော်ခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။ လွယ်ဂျယ်မြို့သည် ဗန်းမော်ခရိုင်အတွင်းပါဝင်သည်။

ခလရ(၁၄၂)တပ်ရင်းမှ သိမ်းပိုက်ရရှိခဲ့သည့် ကျပ်သိန်းပေါင်း ငါးသောင်းကျော် (၅,၃၅၈,၂၀၀,၀၀၀) အား KIA တပ်မဟာ(၃) တပ်မဟာမှူးက အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်း ပေးအပ်ပြီးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးထားသည်။

KIAသည် လွယ်ဂျယ်မြို့ကို မတ်လကုန်ပိုင်းက စတင်ဝိုင်းရံပိတ်ဆိုကာ ဧပြီလဆန်းတွင် မြို့တွင်း ဝင်ရောက်နေရာယူပြီး မြို့၌ ‌နောက်ဆုံးကျန်ရှိနေသည့် ခလရ(၁၄၂) အတွင်း ခိုလှုံနေသည့် စစ်ကောင်စီအရာရှိများနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် ဧပြီ ၈ရက်ညပိုင်း၌ တရုတ်ဘက်သို့ ထွက်ပြေးသွားပြီးနောက် အဆိုပါ တပ်ရင်းကိုအပြီးသတ် သိမ်းပိုက်ခဲ့ကာ လွယ်ဂျယ်​ဒေသတွင် စစ်​ကောင်စီကင်းစင်သွားခြင်းဖြစ်သည်။

နယ်စပ်ကိုဖြတ်ကျော်ထွက်ပြေးသွားသူစုစုပေါင်း ၆၀ ကျော်ရှိပြီး အားလုံးကို မူဆယ်နယ်စပ်ဂိတ်မှာတစ်ဆင့် ဧပြီလ ၁၀ ရက်တွင် တရုတ်ရဲတပ်ဖွဲ့က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။