Connect with us

Hi, what are you looking for?

သတင်း

အ​မေရိကန်ထိပ်တန်းသံတမန် နဲ့ NUG ​ခေါင်း​ဆောင်များ​ဆွေး​နွေး

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

ဒဲရက်ရှိုလက်
ဒဲရက်ရှိုလက်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒါရက်ခ် ရှိုလက် နဲ့ USAIDရဲ့ စီမံခန့်ခွဲမှု အရာရှိ မိုက်ကယ် ရှစ်ဖာတို့ဟာ ဧပြီ ၁၁ ရက်နေ့က ယာယီ သမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အပါအဝင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

ဒူဝါလရှီးလ
ဒူဝါလရှီးလ

ဒါ့အပြင် သန်းနဲ့ချီ များပြားတဲ့ အကူအညီ လိုအပ်နေသူတွေအတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့တာ၊ ဒေသခံ အုပ်ချုပ်ရေး စွမ်းရည် မြှင့်တင်နိုင်ဖို့အတွက် အရေးပါဆုံး အခြေခံ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးတာတွေ အပါအဝင် ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေအတွက် အမေရိကန်က အကူအညီ ပေးခဲ့တာတွေကိုလည်း အလေးထား ပြောကြားခဲ့ပါတယ်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်က NUGဟာ မြန်မာနိုင်ငံမှာ ကွဲပြားတဲ့ တိုင်းရင်းသားတွေနဲ့ ကိုးကွယ်ယုံကြည်မှု အစုအဖွဲ့တွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေ အပါအဝင် ဒီမိုကရေစီ လိုလားတဲ့ အသိုက်အဝန်း အားလုံးနဲ့ လက်တွဲ လုပ်ဆောင်နေတဲ့အပေါ်မှာလည်း ချီးကျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်တပ်က အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို အမြန်ဆုံး ရပ်တန့်အောင်ဖိအားပေးနိုင်ရေး၊ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေလွတ်မြောက်ရေးနဲ့ ဆက်စပ် အဖွဲ့အစည်း အားလုံးကြား တွေ့ဆုံ ဆွေးနွေးပြီး မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးအတွက် လက်ရှိ ပဋိပက္ခတွေ အဆုံးသတ်ဖို့၊ ဒီမိုကရေစီ လမ်းကြောင်းဆီ ဦးတည်ဖို့ အရေးတကြီး လိုအပ်နေတာကို အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ NUG ခေါင်းဆောင်တွေကြား ထပ်လောင်း အတည်ပြု ဆွေးနွေးခဲ့ကြပါတယ်။

ဒဲရက်ရှိုလက်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်တဲ့ ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီလတုန်းကလည်း ​ဒေါ်ဇင်မာ​အောင်နဲ့ လူချင်း​တွေဆုံပြီး​ဆွေး​နွေးခဲ့ပါ​သေးတယ်။

ဒါအပြင်မတ်လ ၂၉ ရက်​​​နေ့ကလည်း အမေရိကန်ထိပ်တန်းသံတမန်ရှိုလက် နဲ့ K3C (KIO/KIA ၊KNU/KNLA ၊ KNPP/KA ၊CNF/CNA) ခေါင်းဆောင်​တွေ တွေ့ဆုံ​ဆွေး​နွေးခဲ့ပါတယ်။ တွေ့ဆုံစဥ် မြန်မာပြည်သူ​တွေ လိုအပ်နေတဲ့ အထောက်အပံ့​တွေနဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်

ဒေါ်ဇင်မာ​အောင်
ဒေါ်ဇင်မာ​အောင်

ရရှိသေချာစေဖို့ တိုးချဲ့ကူညီနိုင်​ရေး နိုင်ငံတကာအသိုင်းအဝိုင်း ဆောင်ရွက်ရမယ့်ခြေလှမ်း​တွေကို ဆွေးနွေးခဲ့တယ်လို့ ရှိုလက်က သူရဲ့ X (တွစ်တာ)မှာ​ရေးသားခဲ့ပါတယ်။ K3Cရဲ့ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အံ့မခန်းကြိုးပမ်းနေမှုအပေါ် ​ဆွေး​နွေးခဲ့တယ်လို့လည်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတက အမေရိကန်ပြည်ထောင်စု၏ ၂၀၂၄ ခုနှစ် အစိုးရအသုံးစရိတ်မှာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း သတ်မှတ်လျာထားသည့် ဥပဒေကို မတ်လအတွင်းလက်မှတ်ရေးထိုးအတည်ပြုထားပါတယ်။

(ဒဲရက်ရှိုလက်၊ ဒူဝါလရှီးလ နဲ့ ​ဒေါ်ဇင်မာ​အောင်)

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။