Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆော့လော်မြို့နယ်ရှိ BGF တပ်စခန်း နှင့် ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း KIA က ပြီးခဲ့သည့် နှစ်ပိုင်းကတည်း က အသိပေး​ကြေညာထားသည်။

(KIA တပ်ဖွဲ့ဝင်များနှင့် ​ဆော့​လော်မြို့ ၊​ဆော့​လော်မြို့ အနီးဝန်းကျင်မြို့နယ်များကို Google Earth တွင်​တွေ့ရမှူ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်များနှင့် ​ဆော့​လော်မြို့ ၊​ဆော့​လော်မြို့ အနီးဝန်းကျင်မြို့နယ်များကို Google Earth တွင်​တွေ့ရမှူ။ဓါတ်ပုံ-CJ)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဆော့လောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ( ၁၀၀၁ ) ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဧပြီ ၁၂ ) တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယမန်နေ့ကလည်း ပြည်သူ့စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ​ပြောသည်။

ဆော့လော်မြို့သွားလမ်း မျှော်ဇန်ကူး နယ်ခြားစောင့်တပ် (၁၀၀၁) တပ်စိပ် စခန်းအား ဧပြီ ၁၂ရက် နေ့လည် ၁၂နာရီတွင် KIA တပ်ရင်း (၄၆) တပ်ဖွဲ့မှ သိမ်းပိုက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်းများရရှိခဲ့ပြီး နှင့် ဧပြီ ၁၁ ရက်နေ့ကလည်း ချီဖွေမှ ဆော့လော်မြို့သွားလမ်းပေါ်ရှိ မျှော်ဂျောင် ပန်ဝါ ပြည်သူ့စစ်စခန်းအား KIA တပ်မဟာ(၇)က သိမ်းပိုက်ခဲ့ရာ လူနှင့် လက်နက်များ ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

(KIA တပ်ဖွဲ့ဝင်များနှင့် ​ဆော့​လော်မြို့ ၊​ဆော့​လော်မြို့ အနီးဝန်းကျင်မြို့နယ်များကို Google Earth တွင်​တွေ့ရမှူ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်များနှင့် ​ဆော့​လော်မြို့ ၊​ဆော့​လော်မြို့ အနီးဝန်းကျင်မြို့နယ်များကို Google Earth တွင်​တွေ့ရမှူ။ဓါတ်ပုံ-CJ)

“အရင်က NDA(K) အတူတူပဲ။ ၂၀၀၉ မှာ အသက် ၅၀ အောက် ကို BGF ဖွဲ့လိုက်ပြီး ၂၀၁၂ မှာ အဲဒီ ဒေသကို KIA ဝင်လာတော့ အသက် ၅၀ အထက်တွေကို ပြည်သူ့စစ် ပြန်ဖွဲ့ခဲ့တာ။ ယနေ့အထိ စကစနဲ့ ပေါင်းနေတဲ့ ၂ဖွဲ့ပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်နှင့် BGF တပ်များ၏ နောက်ခံ အခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ဦးစခုန်တိန့်ယိမ်း ဦးဆောင်သည့် NDA-K (ကချင်ဒီမိုကရေစီသစ်တပ်မတော်)တပ်သည် ၁၉၉၃ တွင် စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးယူပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၂ခုနှစ် ၊ ဧပြီလတွင် နယ်ခြားစောင့်တပ် (၁၀၀၂) တပ်ရင်းဌာနချုပ် လုတ်ပီကို KIAက ဝင်သိမ်းပြီး ပန်ဝါ၊ ချီဖွေ၊ ဆော့လော် ဒေသသို့ KIA ဝင်ရောက်တပ်စွဲခဲံ့ခြင်းဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်များနှင့် ​ဆော့​လော်မြို့ ၊​ဆော့​လော်မြို့ အနီးဝန်းကျင်မြို့နယ်များကို Google Earth တွင်​တွေ့ရမှူ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်များနှင့် ​ဆော့​လော်မြို့ ၊​ဆော့​လော်မြို့ အနီးဝန်းကျင်မြို့နယ်များကို Google Earth တွင်​တွေ့ရမှူ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း KIA က ပြီးခဲ့သည့် နှစ်ပိုင်းကတည်း က အသိပေး​ကြေညာထားသည်။

“၂၀၁၁ ကတည်းက မိခင်တပ် KIA ဆီ လာပေါင်းဖို့ ပေါ်လစီ ဖွင့်ပေးတာ အားလုံးမလာလို့ အခုထိ ပစ်မှတ်ဖြစ်နေဆဲပေါ့” ဟုလည်း စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအပေါ် ထားရှိသည့် သဘောထား အားပြောပြသည်။

KIA အနေဖြင့် ဝိုင်းမော်မြိုနယ်အတွင်းရှိ ဦးရွှေမင်း ၏ ပြည်သူ့စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မခဲ့ပြီး မတ်လ ၇ရက် စစ်ဆင်ရေးတွင် ဦးရွှေမင်းကိုပါ သုတ်သင်ရှင်းလင်းခဲ့သည်။ ကချင်နယ်ခြားစောင့်တပ်စခန်းသိမ်းပိုက်မှု ဖြစ်စဉ်မှာ ယခု စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို KIAက မေလ ၁၈ရက်တွင် တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့(မေလ ၂၀ရက်)နံ နက်အချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၂ခုထက်မနည်း ရရှိထားသည်။

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

​ခလရ ၃၂၁ အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းများအား KIAက ​မေ ၁၈ နံနက် စတင်ထိုးစစ်ဆင်ခြင်းဖ့စ်​ကြောင်း အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပေးသည်။

သတင်း

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။